Channel Myanmar

Aleksandra Cross

A Maple Valley Christmas (2022) 6.3
A Maple Valley Christmas (2022)  IMDb 6.3/10ခရစ္စမတ်လည်း နီးပြီဆိုတော့ အိမ်တွင်းအောင်းပြီးကြည့်ပြီးခရစ္စမတ်ကားကောင်းလေးတစ်ကားကို Channel Myanmar ကဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ။ဇာတ်လမ်းအကျဥ်းကတော့ Maple Valley လယ်တောရဲ့ သမီးကြီး ဖြစ်တဲ့အန်ရီကာ နဲ့ မြေကွက်လေလံဝယ်ဖို့လာတဲ့ သူဌေးသားလေး အေရွန်တို့ရဲ့အချစ်ဇာတ်လမ်းလေးပါပဲ ။မိသားစုသမိုင်းကြောင်းကြောင့် မြေကွက်ကို မဖြစ်မနေလိုချင်နေတဲ့ အန်ရီကာနဲ့ ခေါင်းမာတဲ့အဖေကို ပိုင်ဆိုင်ထားရတဲ့ အေရွန်တို့ ဘယ်လိုတွေ ညှိယူပြီးဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ခရစ္စမတ်နောက်ခံနဲ့ ကြည့်ရှုရမှာပါ ။ဒီဇာတ်လမ်းမှာတော့ ညီအစ်မအချင်းချင်း သားအဖအချင်းချင်း အလုပ်အတူတူတွဲလုပ်တဲ့အခါ ဖြစ်တတ်တဲ့ ကတောက်ကဆလေးတွေနဲ့ အဲဒီကတောက်ကဆတွေကိုဘယ်လိုညှိယူရင်း ရှေ့ဆက်သွားကြမလဲဆိုတာကိုလည်း ထည့်သွင်းထားပါသေးတယ် ။ခရစ္စမတ်မှာ အရသာရှိတာတွေစားရင်း မိသားစုနဲ့အတူ ချစ်သူနဲ့အတူ ကြည့်သင့်တဲ့ကားကောင်းလေးတစ်ကား ဖြစ်ကြောင်း ညွှန်းလိုက်ပါရစေ ။  File size…1.75GB/ 769MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 25m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

A Maple Valley Christmas (2022)

Christmas at the Chalet (2023) 6.5
Christmas at the Chalet (2023)   ခရစ္စမတ်ရဲ့ အငွေ့အသက်အပြည့်ခံစားရမယ့် မိသားစုကားကောင်းလေးတစ်ခုပါ။Lex Rileyက ကွာရှင်းထားတာ မကြာသေးတဲ့ အရွယ်ရောက်နေတဲ့ သားတစ်ယောက်ရှိတဲ့ အမေတစ်ယောက်ပါ။ သားဖြစ်သူကတော့ Influencerတစ်ယောက်ဖြစ်ပြီး သူ့အမေကို ချက်နည်းပြုတ်နည်းတွေ အွန်လိုင်းပေါ်မှာ ဝေမျှဖို့အတွက် အမြဲ အားပေးနေခဲ့ပါတယ်။ခရစ္စမတ်မှာ သားဖြစ်သူက သူ့အဖေနဲ့အတူ Aspen မှာသွားပြီး အချိန်ကုန်မှာမို့လို့ သူပါ လိုက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူတည်းရမဲ့ အပန်းဖြေအိမ်လေးမှာ ဟိုတယ်bookingက အမှားဖြစ်ပြီး အခန်းမရတော့ပါဘူး။ ဒါနဲ့ ဟိုတယ် ပိုင်ရှင်ဖြစ်တဲ့ Ericကလည်း အကူဝန်ထမ်းအသစ်လိုနေတာနဲ့ အလုပ်နဲ့ အခန်း လဲလှယ်ပြီး သဘောတူညီမှုတစ်ခုလုပ်ခဲ့ပါတယ်။ သဘောထားကောင်းဖော်ရွေတတ်တဲ့ Ericနဲ့ ခင်မင်သွားပြီး Ericက Lexကို နှင်းလျှောစီးသင်ပေးရင်း ပိုပြီး ရင်းနှီးခဲ့ကြပါတော့တယ်။ ၂၀ကျော် ၃၀ကျော်တွေရဲ့ အချစ်ဇာတ်လမ်းမဟုတ်ပေမဲ့ ၅၀ကျော် နှစ်ယောက်ရဲ့ ကြည်နူးစရာ အချစ်ဇာတ်လမ်းက ကြည့်ရှုသူတွေကိုလည်း ကြည်နူးစေပါလိမ့်မယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p ...
movie

Christmas at the Chalet (2023)