Channel Myanmar

Aleksey Chumakov

The Nutcracker and The Magic Flute(2022) 6.0
The Nutcracker and The Magic Flute(2022) The Nutcracker and The Magic Flute(2022)***************************************မကြာသေးခင်ကမှထွက်ရှိလာတဲ့ ကာတွန်းဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ။ခရစ္စမတ်အကြိုညလေးမှာ မာရီတို့အိမ်ကိုသတင်းဆိုးတစ်ခုရောက်လာပါတယ်။မာရီတို့အဖေသေသွားတဲ့အခါ မစ္စတာရက်တာဆိုတဲ့သူဆီမှာ ဒေါ်လာတစ်သိန်းအကြွေးတင်နေခဲ့ပြီး အကြွေးမဆပ်နိုင်ရင် မစ္စတာရက်တာက မာရီကို သူ့ဇနီးလုပ်ပေးရမယ်လို့ပြောလာပါတယ်။မစ္စတာရက်တာဟာ မာရီကို သူနဲ့လက်ထပ်ဖို့စဥ်းစားစေချင်တဲ့အတွက် နော့ခရက်ကာဆိုတဲ့ အရုပ်လေးတစ်ရုပ်ကိုလည်း လက်ဆောင်ပေးခဲ့ပါတယ်။မာရီဟာ သတင်းကြားပြီးတော့ စိတ်ပျက်ဝမ်နည်းပြီး အပူအပင်ကင်းခဲ့တဲ့ကလေးဘဝကိုပြန်တမ်းတရင်း သီချင်းလေးတစ်ပုဒ်ညီးဆိုခဲ့ပါတယ်။ဖြစ်ချင်တော့ သီချင်းဆိုပြီးတာနဲ့ မှော်ပညာတစ်ခုအသက်ဝင်လာပြီး မာရီက အရမ်းသေးငယ်သွားပြီးတော့ သူ့ရဲ့အရုပ်လေးတွေနဲ့ နော့ခရက်ကာက အသက်ဝင်လာခဲ့ပါတယ်။မာရီရဲ့နဂိုအခြေအနေကို ပြန်ရောက်အောင်ကြိုးစားရင်းနဲ့ နော့ခရက်ကာဟာ မင်းသားဂျော့ချ်ဖြစ်နေခဲ့ပြီးမာရီလိုပဲကျိန်စာကြောင့် အရုပ်အဖြစ်ပြောင်းသွားမှန်းသိရတဲ့အခါမှာတော့......မာရီ၊ မင်းသားဂျော့ချ်နဲ့ မာရီရဲ့အရုပ်လေးတွေက ကျိန်စာပြယ်အောင်ဘယ်လိုကြိုးစားကြမလဲဆိုတာကို comedy, romance ဆန်ဆန်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။  File Size :(1.6GB) and (697MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:30:00 Genre : Animation, Family, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by  Yee Wai Encoded by ...
movie

The Nutcracker and The Magic Flute(2022)

My Sweet Monster (2022)
My Sweet Monster (2022) My Sweet Monster (2022)ကနဦးပြောချင်တာကတော့ ဒီကားရဲ့ အင်တာနေရှင်နယ် ဒံပေါက် ရိတ်တင်ကို မယုံပါနဲ့။ အတည်ပါ လူ၈၀လောက်ပဲပေးထားတာပါ။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီဒံပေါက်ရိတ်တင်ကြည့်ပြီး တော်တော်ဆိုးမယ် ထင်ခဲ့ပေမဲ့ မဟုတ်ပါဘူး။ ခရမ်းချဉ်သီးရိတ်တင်လည်း မထွက်သေးပါဘူး။ အသေးစားဆိုက်ကလေးတွေကတော့ ၅ မှာ ၅ပေးထားတာတွေ ၇၃ပေးထားတာတွေရှိပါတယ်။ ဆိုလိုတာက အတည်မဂျင်းပါဘူး။ ပေါ့ပေါ့ကားကား ကာတွန်းကားအနေနဲ့ ကြည့်ကောင်းသလို ရယ်ရတာလေးတွေလည်းပါပါတယ်။ ဇာတ်အိမ်လေးလည်း နည်းနည်းဆန်းပါတယ်။ ပေါ့ပေါ့ပါးပါးကြည့်ရင် စိတ်ပျော်စေမယ့် ချစ်ဖို့ကောင်းတဲ့ ကာတွန်းကားပါပဲ။ သီချင်းလေးလည်း ငါးခါလောက်ဆိုကြပြီး နားဝင်လွယ်တဲ့ ချိုချိုအေးအေးလေးတွေဆိုတော့ ဟိုတုန်းက ဒစ္စနေး ကာတွန်းကားတွေရဲ့ အရသာပိုပေါ်ပါတယ်။ Honestlyပြောရရင် စိတ်ပြေလက်ပျောက်ကြည့်ချင်ရင် ကြည့်ကောင်းတဲ့ကားလေးပါပဲ။ ငယ်ငယ်က ကာတွန်းကားတွေကို ပေါင်းထားတဲ့ အရသာမျိုးလည်းရတယ်။ဇာတ်လမ်းကတော့ စက်ရုပ်တွေထွင်တတ်တဲ့ အင်ဂျင်နီယာဘုရင်ကြီးတစ်ပါးရှိတယ်။ သူ့သမီးလေးကို သူကအရမ်းချစ်တော့ အရမ်းချုပ်ချယ်တယ်။ အချစ်ဝတ္တုတောင် ပေးမဖတ်တဲ့အထိပဲ။ ဒီလိုနဲ့ သူ့သမီးလေးကို ဖူးဖူးမှုတ်ထားတဲ့ ဘုရင်ကြီးဟာ ပြည်သူတွေအတွက် သူ့သမီးလေးကို လူယုတ်မာတစ်ကောင်နဲ့ လက်ထပ်ပေးဖို့ ဖြစ်လာခဲ့တယ်။ အဲဒီမှာ မင်းသမီးလေးက ထွက်ပြေးတာပေါ့။ ဒီလိုနဲ့ မွန်းစတားကောင်လေးရှိတဲ့တောအုပ်ထဲရောက်သွားတယ်။ ယုန်ရယ် မွန်းစတားရယ် မင်းသမီးလေးရယ် ခင်သွားကြတယ်။ ဘုရင်ကြီးဆီက စက်ရုပ်တွေကို လူယုတ်မာကလွှတ်ပြီး မင်းသမီးလေးကိုပြန်ခေါ်ဖို့လုပ်တာပေါ့။ နောက်ပိုင်းကတော့ ကြည့်သာကြည့်ကြည့်တော့၊။ဇာတ်ကြောင်းက ...
movie

My Sweet Monster (2022)

2021