Channel Myanmar

Alessandra Mastronardi

Lost in Florence (2017) 5.1
Lost in Florence (2017) Lost in Florence (2017) =================လူတိုင်းလိုလိုရဲ့ဘဝမှာ ကိုယ်ဖြစ်ချင်၊ လုပ်ချင်တဲ့အရာနဲ့ အများပတ်ဝန်းကျင်က လက်ခံထားကြတဲ့ ဖြစ်သင့်လုပ်သင့်တယ်ဆိုတဲ့အရာကြားမှာ ဘာရွေးချယ်ရမှန်း မသိဘဲ လမ်းပျောက်တွေဝေနေတာမျိုးရှိဖူးကြမှာပါ။ ဒီကားထဲက အဓိကဇာတ် ဆောင်ဖြစ်သူ အဲရစ်ခ်ဆိုတဲ့ အမေရိကန်သားလေးဟာလည်း ဒီလိုမျိုးပဲဖြစ်နေ တာကိုတွေ့ရမှာပါ။ဇာတ်လမ်းအစမှာဆိုရင် သူနဲ့နှစ်လကြာရှည်တွဲလာခဲ့တဲ့ ကောင်မလေးဖြစ်သူ ကော် လင်းတို့ဟာ အဲရစ်ခ်ရဲ့ဝမ်းကွဲရှိတဲ့ အီတလီနိုင်ငံရဲ့ ဖလောရန့်စ်မြို့ကို အလည်လာခဲ့ ကြပါတယ်။ အဲဒီမှာ အဲရစ်ခ်တစ်ယောက် ကော်လင်းကိုရိုဆန်ဆန်လေး လက်ထပ်ခွင့် တောင်းခဲ့ပေမယ့်လို့ ကော်လင်းက အဲရစ်ခ်ဟာ ဖြစ်သင့်တဲ့ ဥပဒေကျောင်းကိုတက်ဖို့ မလုပ်ဘဲ၊ မဖြစ်သင့် မဖြစ်လာနိုင်တဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးကစားတဲ့ အိပ်မက် နောက်ကိုပဲလိုက်နေတာကြောင့်အနာဂတ်အလားအလာမရှိဘူးဆိုပြီးလမ်းခွဲလိုက် ပါတယ်။ အဲဒီနောက်မှာတော့ အဲရစ်ခ်ဟာ အသည်းကွဲသမားလေးဖြစ်နေပြီးတော့ အမေရိကန်မှာရှိတဲ့သူ့အိမ်ကိုပြန်မသွားသေးဘဲ ဖလောရန့်စ်က သူ့ဝမ်းကွဲအိမ်မှာပဲ သောင်တင်နေပါတော့တယ်။ အဲဒီလိုနေရင်းနဲ့ သိပ်မကြာခင်မှာပဲ ဖလောရန့်စ်ရဲ့ရိုးရာ ကစားနည်းတစ်ခုဖြစ်တဲ့ ကာချီယိုစတိုရီကိုဆိုတဲ့ ဘောလုံးကစားနည်းတစ်ခုကို ဆော့ ကစားဖြစ်သွားပြီး အဲရစ်ခ်တစ်ယောက်သဘောကျသွားမိပါတယ်။ဒါပေမယ့်လည်း ဒီကစားနည်းဟာ ခက်ခဲကြမ်းတမ်းလှသလို အီတလီလူမျိုးတွေမှပဲ ဆော့ခွင့်ရတယ်ဆိုတဲ့အားကစားနည်းတစ်ခုဖြစ်နေတော့ အဲရစ်ခ်တစ်ယောက်ဇွဲမ လျှော့ဘဲဆက်ဆော့ကစားနိုင်ပါ့မလား၊ ဒါမှမဟုတ် ဒီလိုမျိုးသူဖြစ်ချင်၊ လုပ်ချင်တဲ့ ဟာတွေထက် ဖြစ်သင့်ဖြစ်ထိုက်တယ်ဆိုတဲ့ ဥပဒေကျောင်းကိုပဲဆက်တက်သွားမလား။ သူ့ကောင်မလေးကြောင့်ရလာတဲ့ အသည်းကွဲဒဏ်ရာတွေကိုရော ဘယ်လိုကုစားမလဲ၊ ကိုယ့်မွေးရပ်မြေမဟုတ်တဲ့ အီတလီမှာရော ဘယ်လိုတွေရှေ့ဆက်သွားမလဲဆိုတာ ကိုတော့ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie

Lost in Florence (2017)

2017
The Unbearable Weight of Massive Talent (2022) 7.4
The Unbearable Weight of Massive Talent (2022) အရင်တုန်းက ရွှေထီးဆောင်းခဲ့တဲ့ ဂန္ဓဝင်မင်းသားကြီး ပြန်လာပါပြီ။ အကြွေးတွေထူပြီး တွေ့သမျှ ပေါကားပါမကျန် အကုန်ရိုက်နေရတဲ့ မင်းသားကြီးနီကိုလက် ကေ့ဂျ် တစ်ယောက် ရုပ်ရှင်ပိတ်ကားပေါ်ကို ပြန်တက်လာတာပါပဲ။ rating တွေလည်းကောင်း၊ ဝေဖန်ရေးဆရာတွေလည်းအကြိုက်တွေ့သလို ပရိသတ်တွေလည်းအကြိုက်တွေ့နေကြပါတယ်။ ဘယ်ဇာတ်ကောင်အဖြစ် သရုပ်ဆောင်လဲဆိုတော့ နီကိုလက်ကေ့ဂျ် အဖြစ်ပဲ သရုပ်ဆောင်တာပါပဲ။ ဒီရုပ်ရှင်ထဲမှာလည်း အကြွေးတွေထူပြီး ဇာတ်ကားရိုက်ရဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရတဲ့သူ၊ မိန်းမနဲ့ကွာရှင်းထားပြီး ကလေးနဲ့ အဆင်မပြေတဲ့သူ အဖြစ်ပဲ သရုပ်ဆောင်ထားပါတယ်။ တစ်နေ့မှာတော့ သူဌေးတစ်ယောက်က မွေးနေ့ပါတီပွဲကို တက်ရောက်ပေးရုံနဲ့ ဒေါ်လာ ၁ သန်းပေးမယ်ဆိုပြီး ကမ်းလှမ်းလာခဲ့ပါတယ်။ ရွေးစရာမရှိတော့တဲ့ နစ်ခ် ကေ့ဂျ် တစ်ယောက် ဟာဗီဆိုတဲ့ သူဌေး (ပေဒရို ပက်စ်ကယ်) ဆီကို သွားရင်းနဲ့ မထင်မှတ်ထားဘဲ စီအိုင်အေ နဲ့ လူဆိုးဂိုဏ်း အရှုပ်တော်ပုံတွေကြားထဲမှာ ညပ်ပြီး စွန့်စားခန်းတွေ ဖွင့်လာရတဲ့အခါ.... File size…(3 Gb)/(1.5 GB)/(900 ...
movie

The Unbearable Weight of Massive Talent (2022)

4K HEVC Web-DL
To Rome with Love (2012) 6.3
To Rome with Love (2012) [Unicode]To Rome With Love (2012)Directed By Woody Allenဒီရုပ်ရှင်ဟာ သိပ်အောင်မြင်ခဲ့တဲ့ ရုပ်ရှင်တော့ မဟုတ်ပါဘူး။ လှပတဲ့ ဖန်တီးမှုအများစုရဲ့ဖြစ်တတ်တဲ့ မအောင်မြင်ရခြင်းအကြောင်းရင်းကတော့ ဖန်တီးသူဟာ ပရိတ်သတ်ဘက်ကို ငဲ့မကြည့်လို့ပါပဲ။ ပဲ့ကိုင်ရှင် ဝူဒီအယ်လန်က သူရုပ်ရှင်ဟာ ငွေကြေးအရ လူအများစုနှစ်ခြိုက်မှုအရ အနုတ်ပြနေခဲ့ရင် အနုပညာအစစ်တစ်ခု သူလုပ်လိုက်တာပဲလို့ ပြောဖူးပါတယ်။ ဘယ်သူကြိုက်ကြိုက်မကြိုက်ကြိုက် ဇာတ်အိမ်အက်ကြောင်းထပ်ထပ်မထပ်ထပ် သူ့ရုပ်ရှင်ကားတွေမှာ အနုပညာပီသမှုတော့ကိန်းအောင်းနေတယ်။ ဒါက ဝူဒီအယ်လန်ပါပဲ။To Rome with Loveဟာ ဝူဒီရဲ့ ရောမက ဗိသုကာတွေကို ချစ်စိတ်ကဖြစ်လာတယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ သူချစ်တာက ကိုလိုင်ဆီယံလို အပြိုအပျက်တွေကိုတော့မဟုတ်ဘူး။လှပနေဆဲအဆောက်အဦးတွေကိုပေါ့။ ဒီလိုပြောလိုက်လို့ ဒီကားကို သိပ်ခမ်းနားမယ်ထင်ရင်လည်းမှားမယ်။ ဒီရုပ်ရှင်ဟာ တစ်လောကလုံးကို သရော်ထားတဲ့သရော်ရုပ်ရှင်ပါပဲ။ ‌ဘယ်လောက်ထိသရော်သလဲဆို စစ္စတင်းဘုရားကျောင်းကမျက်နှာကျက်မှာ မိုက်ကယ်အိန်ဂျလိုဆွဲထားတဲ့ပန်းချီတွေကို ငြမ်းစင်ပေါ် ပက်လက်အိပ်ပြီးတစ်နေကုန်ဆွဲတယ်လို့လူတစ်ယောက်ကပြောတော့ မိန်းမတစ်ယောက်က သူဆိုလုပ်နိုင်မှာမဟုတ်ဘူး ပြောတယ်။ ဒီမှာ ပခြုပ်သည်မက ကျွန်မတော့ တစ်နေကုန်ပက်လက်အလုပ်လုပ်နိင်တယ်ဆိုပြီး ထပြောတဲ့ အခန်းတောင်ပါပါတယ်။ သောက်တလွဲမီဒီယာတွေ ကဗျာဆရာတိုင်းရဲ့ ...
movie

To Rome with Love (2012)