Channel Myanmar

Àlex Brendemühl

Staring at Strangers (2022)
Staring at Strangers (2022)  Staring at strangers ဆိုတဲ့အတိုင်း ဒီဇာတ်လမ်းမှာ ဇာတ်ကောင် Carpenter Damián ကအဝတ်ဗီရိုထဲမှာ ပုန်းနေပြီး အပြင်ကမိသားစုတစ်စုမသိအောင် နေနေရတဲ့သူတစ်ယောက်ပါ။သူ့သူဌေးဆီက အလုပ်ဖြုတ်ခံရပြီး ဗီရိုတစ်ခုထဲ ဝင်ပုန်းနေရာက အဲဒီဗီရိုကို အလုပ်သမားတွေ လူရှိနေမှန်းမသိဘဲ ဗီရိုဝယ်သူဆီ သယ်သွားခဲ့ကြတယ်။မိသားစုမရှိ သူငယ်ချင်းလည်းမရှိတဲ့ Carpenter တစ်ယောက် အပြင်လောကကြီးကို အဆက်အသွယ်ဖြတ်ပြီး ဗီရိုထဲမှာပဲ သူ့ရဲ့ကမ္ဘာငယ်တစ်ခုအဖြစ် ထွက်ပေါက်ရှာနေထိုင်ရင်းက ​အိမ်ပိုင်ရှင်ဇနီးသည် Lucia နဲ့ ဘယ်လိုတွေ ခံစားချက်ပေါ်ပေါက်လာမလဲ၊ လူမမိအောင် အမြဲတမ်းပုန်းနေနိုင်ပါ့မလားဆိုတာကို စိတ်လှုပ်ရှားစွာစောင့်ကြည့်ရမဲ့ psychology thriller ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ File size…(1.2 GB)/(632 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thwal Htoo Zin 
movie

Staring at Strangers (2022)

Creatura (2023) 6.8
Creatura (2023) Creatura (2023)~ IMDb - 6.8/10, Rotten Tomatoes - 93% ~"Creatura" ဆိုတဲ့ စကားလုံးက အင်္ဂလိပ်ဝေါဟာရ "Creature" သတ္တဝါ နဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ ဒီစပိန်ဇာတ်ကား "Creatura" မှာတော့ ကလေးမငယ်လေးတစ်ယောက်ကို ရည်ညွှန်းထားပါတယ်။ ဒီဇာတ်ကားမှာ စပိန်နိုင်ငံက ရုပ်ရှင်သရုပ်ဆောင်ဆုပေါင်း ၈ ဆုရထားတဲ့ မင်းသမီးလည်းဖြစ် ဒါရိုက်တာရော ပရိုဂျူဆာပါဖြစ်တဲ့ Elena Martin ကိုယ်တိုင်ပဲ ဒါရိုက်တာအပြင် ဇာတ်ဆောင်မင်းသမီးအဖြစ်ပါဝင်ထားပါတယ်။ ဒါ့အပြင် ဒီ Creatura ဆိုတဲ့ ဇာတ်ကားအတွက် သီးခြားဆု ၂ ဆုအပြင် ဆန်ကာတင်စာရင်း ၂၇ ခုအထိ ပါအောင် စွမ်းဆောင်ထားနိုင်တာပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~မီလာဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ ငယ်စဉ်အရွယ်ကလေးဘဝထဲက ကိုယ့်ကိုယ်ကိုယ်သတိမထားမိဘဲနဲ့ လိင်စိတ်ကြွနေတဲ့ကလေးမလေးတစ်ယောက်ပါ။ ဒါ့အပြင် သူ့မှာ "Hyper Active" ဆိုတဲ့ ဂဏာမငြိမ်တဲ့ရောဂါတစ်ခုလည်းရှိပါသေးတယ်။ ...
movie

Creatura (2023)

2023
Twin Murders: The Silence of the White City (2019) 5.5
Twin Murders: The Silence of the White City (2019)  ဇာတ်လမ်းအကျဉ်းကတော့ အလ်ဗာ မြို့မှာ ဆက်တိုက်ဆိုသလိုလူသေအလောင်းတွေတွေ့ရှိလာရတယ်။ရဲဖက်ဆိုင်ရာ စစ်ဆေးမှုတွေကအရ ဒီကွင်းဆက်လူသတ်မှုက လွန်ခဲ့တဲ့ ၂၀ ကအတိုင်းတစ်ပုံစံတည်းဖြစ်နေပါတယ်။လွန်ခဲ့တဲ့နှစ် ၂၀ ကလူသတ်သမားကိုထောင်ချထားတယ်တဲ့အတွက်ကျူးလွန်သူတရားခံဟာ ပထမလူသတ်သမားနဲ့ ဆက်စပ်မှုရှိလိမ့်မယ်လို့ထင်ကြပါတယ်။ အဲ့ဒါကြောင့် ရဲတပ်ဖွဲ့ဟာ စုံထောက်ဟူနိုင်းကိုပြန်ခေါပြီးလက်ရှိဖြစ်နေတဲ့အမှုကိုအဆုံးသတ်ဖို့ဆောင်ရွက်ပါတော့တယ်။ ကွင်းဆက်လူသတ်သမားရဲ့ စေ့စပ်သေချာမှုတွေကြောင့်သဲလွန်စ တစ်ခုတစ်လေတောင်မရကြပါဘူး။ နောက်တော့ ဟူနိုင်းဟာ ပထမလူသတ်သမား တာဆီယို နဲ့သဘောတူညီချက်ရအောင်ယူပြီး လိုက်လံစုံစမ်းတဲ့အခါမှာတော့.....  File size…1.57GB / 754MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Twin Murders: The Silence of the White City (2019)

Stories Not to be Told (2023) 6.2
Stories Not to be Told (2023) Stories not to be told (2023)ကျွန်မတို့တွေဟာ ဘ၀ရဲ့တစ်ထောင့်တစ်ကွေ့မှာ မရည်ရွယ်ပေမယ့်လည်း အမှားသေးသေးကစလို့ ကြီးကြီးမားမားတွေထိ လုပ်မိတတ်ကြပါတယ်။ တစ်ခါတစ်လေမှာ ရှက်စရာကောင်းလွန်းလို့ ဘယ်သူ့ကိုမှလည်းမသိစေချင်၊ ကိုယ်တိုင်လည်းလုံး၀မေ့ပစ်ချင်ပေမယ့် ညအိပ်ခါနီးစိတ်ထဲပြန်ပြန်ပေါ်လာတတ်ပြီး စိတ်အနှောင့်အယှက်ပေးတတ်တဲ့ အဖြစ်အပျက်မျိုးတွေကို Stories not to be told လို့ခေါ်တဲ့ ဒီစပိန်ရုပ်ရှင်မှာ အသားပေးတင်ဆက်ထားပါတယ်။ဒီရုပ်ရှင်ထဲမှာ မတူညီတဲ့လူအမျိုးမျိုးရဲ့ မတူညီတဲ့ဇာတ်လမ်းငါးခုက လူတွေရဲ့ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ပုံကို သရော်ထားပြီး သူ့နေရာမှာကိုယ်သာဆိုရင်ရော ဆိုတဲ့ စာနာစိတ်ကိုပါဖြစ်စေအောင် ရိုက်ပြထားနိုင်တာမို့ တကယ်ကို ခံစားကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Jane ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Comedy Quality…. 1080p | 720p File size… 1.4GB | 694MB Format… mp4 Duration….1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Jane Encoder ..... Aaron
movie

Stories Not to be Told (2023)

2023
Transit(2018) 7.0
Transit(2018) Transit(2018)*************ငါတို့ဟာ တရွေ့ပြီးတရွေ့ ငါတို့ဟာ တငွေ့ငွေ့ ငါတို့ဟာ ဘယ်ရထားမှာလွဲခဲ့လဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက်ကြာခဲ့သလဲ ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။ ဆရာကြီးအောင်ချိမ့်ရဲ့ ကဗျာထဲကလိုပဲ။ ကိုယ့်ဘဝမှာ ကိုယ့်အနား တစ်သက်လုံးခေါ်မထားနိုင် တဲ့သူ(ဒါမှမဟုတ်) သူ့အနားမှာ ကိုယ့်ကို တစ်သက်လုံးလက်မတွဲနိုင်သူတွေကို ဘယ်လိုမျိုးအလွဲခံပြီး၊ဘယ်လောက်များဒုက္ခအရောက်ခံပြီး ချစ်ခဲ့ဖူးပါသလဲ။ တစ်ချိန်ချိန်မှာခွဲရမယ်မှန်းသိသိနဲ့ မျဉ်းပြိုင် နှစ်ကြောင်းလို မဆုံအောင်လုပ်မှာလား၊ ဆုံပြီးမှဝေးရတဲ့မျဉ်းဆုံလိုမျိုး ကြုံချင်သလား တစ်ခါတရံ ဝေခွဲမရဖြစ်ခဲ့ဖူးပါသလား။ဒီဂျာမန် အချစ်ကားလေးထဲမှာတော့ ဒီလိုမျိုး ခံစားချက်တွေရဲ့ လေးနက် ပြင်းထန်မှုကိုလှလှပပဖော်ကျူးထားပါတယ်။ ဇာတ်လမ်းကို ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမန်တွေပြင်သစ်ဝင်သိမ်းတဲ့နောက်ခံအခြေအနေကို ယနေ့ခေတ်ပုံစံနဲ့ ရိုက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဂျော့ဂ်ျဟာ တေလေတစ်ယောက်ဖြစ်ပြီး သူငယ်ချင်းတစ်ယောက်အကူ အညီ တောင်းတာကြောင့် ပြည်ပကိုထွက်ပြေးဖို့ကြိုးစားနေတဲ့ နာမည်ကြီးဂျာမန်စာရေးဆရာဝိုက်ဒယ်လ် ကို သူပုန်းတဲ့နေရာမှာသွားတွေ့ပြီး စာ(၂)စောင် သွားပေးပါတယ်။ဒါပေမယ့် ဝိုက်ဒယ်လ်သေနေသွားတဲ့အတွက် မာဆေးလ်မြို့အထိသွားပြီးဒီသတင်းကို သူ့မိတ်ဆွေတွေဆီပေးဖို့ဖြစ်လာပါတယ်။ မာဆေးလ်မြို့ကို အရောက်မှာသူဟာ မိန်းမတစ်ယောက်နဲ့ ကလေးငယ်လေးတစ်ယောက်ကို ချစ်မိသွား၊ သံယောဇဉ်တွယ်မိသွားပါတယ်။အဲဒီ အချစ်စိတ်၊ သံယောဇဉ်စိတ်တွေနဲ့ သူ့ရဲ့ အတ္တတစ်ကိုယ်ကောင်းဆန်မှုတို့ လွန်ဆွဲကြပါတော့တယ်။သူရဲ့အတ္တကပဲ အနိုင်ရမလား၊ အချစ်စိတ်ကပဲ ...
movie

Transit(2018)