Channel Myanmar

Alex Donnolo

The River Murders (2011) 5.2
The River Murders (2011)  လူရယ်လို့ ဖြစ်လာရင် အချစ်နဲ့ မကင်းနိုင်ကြပါဘူး။တစ်ချို့တွေက ဘယ်လိုပဲ ကြိုးစား ကြိုးစား ဂေါ်မစွံတဲ့လူတွေရှိသလို တချို့တွေကျပြန်တော့လည်း တော်ကီတစ်ပေါက်လျှမ်းလျှမ်းတောက် ကောင်မလေးတွေ ကြွေဆင်းရလောက်အောင်အပြောကောင်းကောင်းနဲ့ ရည်းစားမှိုလိုပေါက်အောင်ထားနိုင်တဲ့သူတွေလည်း ရှိပါတယ်။ဒီဇာတ်ကားလေးမှာဆိုရင် ရည်းစား အယောက်ရေ တစ်ရာရောက်လုနီးပါးထိ မြာပွေခဲ့တဲ့ ရဲစုံထောက် ဂျက်ဗာဒွန်ကိုတွေ့ရမှာပါ။ သူတကယ်ချစ်မိသွားခဲ့တဲ့ကောင်မလေးကိုလက်ထပ်ထားပြီး ၈နှစ်အကြာ သူတို့မြို့မှာ မုဒိန်းကျင့်လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသူ အမျိုးသမီးကဂျက်နဲ့ ယခင်က ဇာတ်လမ်းရှိခဲ့ဖူးသူ တစ်ယောက်ဖြစ်ပြီးအသတ်ခံလိုက်ရဲတဲ့ နေရာကလည်း သူတို့ နောက်ဆုံးချိန်းတွေ့ခဲ့ဖူးတဲ့ နေရာမှာပါ။ ကံဆိုးချင်တော့ မိခင်ဖြစ်သူ အသတ်ခံရပြီးဆက်တိုက်ဆိုသလို အခြား အမျိုးသမီးတစ်ဦးလည်း ထပ်မံမုဒိန်းကျင့် အသတ်ခံရပြန်ပါတယ်။တရားခံက ဂျက်နဲ့ ဘယ်လိုဆက်စပ်မှု ရှိနေလို့ ဂျက်နဲ့ ဇာတ်လမ်းရှိခဲ့ဖူးသူ မှန်သမျှကို မုဒိန်းကျင့် လူသတ်မှုတွေ ကျူးလွန်နေတာလဲ။ဂျက်ဗာဒွန် ကရော တရားခံကို ဖော်ထုတ်နိုင်ပါ့မလား။ File size…1.51GB / 780MB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 32m Genre ...
movie

The River Murders (2011)

At Middleton (2013) 6.5
At Middleton (2013) လူငယ်တို့ရဲ့ချစ်ခြင်းမဟုတ်တဲ့ အိမ်ထောင်ရှိလူကြီးနှစ်ယောက်ရဲ့တနေ့တာကာလအတွင်းကြုံတွေ့ခဲ့ရတဲ့ အချစ်တွေကို ရိုက်ပြထားတဲ့အချစ်ဟာသဇာတ်မြူးကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။Conjuring Universe မှာ Lorraine Warren အဖြစ်သရုပ်ဆောင်ခဲ့တဲ့မင်းသမီး Vera Farmiga နဲ့ မင်းသားကြီး Andy Garcia တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အီဒစ် မာတင် (Vera Farmiga) ဟာကလေးအသုံးအဆောင်ပရိဘောဂတွေရောင်းတဲ့အမျိုးသမီးတယောက်ဖြစ်ပြီးသူ့ရဲ့သမီး အော်ဒရေ မာတင် ကောလိပ်တက်ဖို့အတွက် မစ်ဒဲတန်ကောလိပ်ကိုသူ့သမီးနဲ့အတူ လာရောက်လေ့လာသူပါ။ဂျော့ ဟာ့မန်း (Andy Garcia) ကတော့ နှလုံးခွဲစိတ်ပါရဂူတယောက်ဖြစ်ပြီးမစ်ဒဲတန်မှာ ကောလိပ်တက်ဖို့စိတ်မပါတဲ့ သူ့သားဖြစ်သူ ကွန်ရတ် ဟာ့မန်းနဲ့အတူကျောင်းကိုလာလေ့လာသူပါ။ဒီလိုနဲ့ သူတို့နှစ်ဖွဲ့လုံး မစ်ဒဲတန်ကောလိပ်လေ့လာရေးခရီးစဉ်မှာဆုံမိကြပြီးခေါင်းမာတတ်တဲ့မိဘတွေရဲ့သဘာဝအရ သူတို့သားသမီးတွေကိုအရှက်ခွဲမိသလိုဖြစ်သွားခဲ့ပါတယ်။ဒါကြောင့် အီဒစ်နဲ့ ဂျော့တို့ နှစ်ယောက်သား အဖွဲ့ထဲကနေလစ်ထွက်လာခဲ့ပြီးဘာကိုမှတာဝန်ယူစရာမလိုတဲ့ လူငယ်တွေအဖြစ်ကျောင်းဝန်းထဲမှာ လျောက်သွားကြပြီး ပေါက်ကရတွေလုပ်ကြရင်းနေ့တဝက်ထဲမှာတင် ချစ်မိသွားကြပုံကိုရယ်ရယ်မောမောနဲ့ ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…  2.5 GB /  780 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 42m Genre ...
movie

At Middleton (2013)

Bad Samaritan (2018) 6.3
Bad Samaritan (2018) သဲထိတ်ရင်ဖို ဇာတ်လမ်းတွေကို ကြည့်ရှုချင်ကြသူတွေအတွက် ၂၀၁၈ ထွက် Bad Samaritan ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်..ဒရက်ခ် နဲ့ ရှောန် လို့ခေါ်တဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ်…သူတို့နှစ်ယောက်ကအရမ်းခင်ကြပြီး ပိုက်ဆံမချမ်းသာတဲ့မိသားစုတွေကနေလာကြတဲ့ ဆိုးသွမ်းတဲ့ လူငယ်လေးနှစ်ယောက်…သူတို့ကစားသောက်ဆိုင်တစ်ခုမှာ ကားပါကင်ထိုးပေးတဲ့အလုပ်ကို လုပ်ကြတယ်…အမှန်တကယ်တော့ သူတို့ကားပါကင်ထိုးတယ်ဆိုပေမယ့် ဒါကဟန်ပြအလုပ်သက်သက်တစ်ခု..သူတို့တကယ်က ဘာလုပ်လဲဆိုတော့ သူတို့အလုပ်လုပ်တဲ့ဆိုင်ကိုလာတဲ့ စားသုံးသူတွေက ကားပါကင်ထိုးဖို့ သော့တွဲပေးလိုက်ပြီဆိုရင်..အဲ့ဒီကားပိုင်ရှင်အိမ်က သိပ်မဝေးဘူးဆိုရင် ကားပါကင်မထိုးတော့ဘဲနဲ့ ကားပိုင်ရှင်အိမ်အထိ မောင်းသွားပြီး အဲ့ဒီအိမ်ကို သော့တွဲမှာပါတဲ့ အိမ်သော့တွေနဲ့ ဖောက်ထွင်းခိုးယူတော့တာပါပဲ…ကံဆိုးတာလား ကံကောင်းတာလားမသိတဲ့တစ်ရက်မှာတော့ရှောန် က ထူးဆန်းတဲ့လူတစ်ယောက်ရဲ့အိမ်ကို ဖောက်မိတယ်…အဲ့ဒီလူရဲ့အိမ်မှာ ရှိတဲ့ပစ္စည်းတွေက ဘာတွေလဲ..အဲ့ဒီလူအိမ််မှာ ဘာတွေတွေ့လဲ…ဘာတွေတွေ့ပြီး ဘာတွေဆက်ဖြစ်ကြမလဲ..ပရိတ်သတ်ကြီးပဲ ကိုယ်တိုင်ကြည့်ရှုတော်မူကြပါထိတ်လန့်တုန်လှုပ်စရာသဲထိတ်ရင်ဖိုကားကြိုက်တဲ့လူတွေအတွက်တော့ သဘောကျနှစ်ခြိုက်မှာပါ…သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ကောင်းမှုက ပရိတ်သတ်ကိုစိတ်ကျေနပ်မှုပေးမယ့်အပြင်.. rating တွေအနေနဲ့က IMDb – 6.3/10…Rotten Tomatoes- 51% ..Facebook – 4/5…Google Users – 81%(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ)File Size ...
movie

Bad Samaritan (2018)

2018