Channel Myanmar

Alex Gonzaga

Love the Way U Lie (2020) 7.2
Love the Way U Lie (2020) လေးလပိုင်းလောက်ကရုံတင်ခဲ့တဲ့ ဖိလစ်ပိုင်ရုပ်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Netflix ကလည်းပြန်ဝယ်ပြီးပြသခဲ့တဲ့ရုပ်ရှင်ပါ Summary- ယော်ျားကို ဝမ်းမနည်းပဲရှေ့ဆက်စေချင်တဲ့ ဆာရာဆိုတဲ့ ဝိညာဥ်က သူ့ယော်ျားကိုဆက်သွယ်လို့ မရပါဘူး။ တစ်မြို့လုံးက ဆာရာ့အသံမကြားရဘူး။ ကွီရာပိုမှာ စတေစီဆိုတော့အကြားအမြင် ဆရာမတစ်ယောက်ရှိပါတယ်။ ဖြစ်ချင်တော့ စတေစီကပဲ ဆာရာ့အသံကိုကြားရပါတယ်။ ကြားရတာလည်း သူတို့နှစ်​ယောက်ကြားမှာ အကြောင်းအရာလေးတွေရှိလို့ပါ ယော်ျားကို တစ်ယောက်တည်းအထီးကျန်ကျန်မနေတော့ဘဲ ရှေ့ဆက်စေချင်တဲ့ ဆာရာ၊ နေသန်ကို အချစ်သစ်တွေ့စေချင်တဲ့ဆာရာ။ ဆာရာ့ယော်ျားနေသန်ကို ရှေ့ဆက်နိုင်ဖို့ကူညီရင်း စတေစီနဲ့နေသန်ကြားက အချစ်ဇာတ်လမ်းလေးကိုတွေ့ရမှာပါ ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကောင်းပါတယ် ဇာတ်အိမ်အပြောင်းအလဲတွေမရှိပါဘဲ ဒီအတိုင်းရုပ်ရှင်တစ်ကားကို စီးမျောပြီးကြည့်နေရင်း သဘောကျမိတဲ့ဇာတ်ကားတစ်ပါးပါ။ သူတို့တွေကြားက အချစ်ကအတော်soft ဖြစ်ပါတယ်။ ဖိလစ်ပိုင်က မနီလာမြို့ရဲ့ ကွီရာပိုတံထားနဲ့ အဆောက်အအုံတွေ၊ လှပတဲ့နေရာလေးတွေ ဒီရုပ်ရှင်မှာမြင်ရမှာပါ   File Size - 1gb Quality - web-rip 1080p Subtitle -  burmese Translator - DoDo Encoder - Thit San Khant
movie

Love the Way U Lie (2020)

2020