Channel Myanmar

Alex Klein

Pain Hustlers (2023) 6.5
Pain Hustlers (2023) Pain Hustlers (2023)"ဆရာဝန်ဆိုတာလည်း လူတိုင်းလိုပဲ လောဘကြီးပြီး တဏှာရူးတာပါပဲ" တဲ့။ ဒီသဘောတရားကိုလက်ကိုင်ထားပြီး မီလီယံဖြစ်သွားခဲ့တဲ့ ဆေးကုမ္ပဏီတွေအကြောင်း ပြသထားတာပါ။ ဆေးကုမ္ပဏီတွေရဲ့အမြတ်ဟာ ဆေးတွေရောင်းရရင် အရမ်းကိုကြီးပါတယ်၊ ဝန်ထမ်းတွေအတွက်ကော်မရှင်ကလည်း အရမ်းကိုများပါတယ်။ ဒီတော့ ဆရာဝန်တွေ သူတို့ဆေးတွေကို ညွှန်းပေးဖို့ စည်းရုံးရပါတယ်။ အပြိုင်တွေများလွန်းတဲ့အခါ ရိုးရိုးစည်းရုံးရမဲ့အစား မက်လုံးပေးတာတွေ လာဘ်ထိုးတာတွေ မြူဆွယ်တာတွေ ပါလာပါတော့တယ်။တကယ်တော့ ဆရာဝန်တွေကို ဆေးညွှန်းပေးဖို့ လာဘ်ထိုးခွင့်မရှိပါဘူး။ လာဘ်ထိုးရင် အရေးယူခံရပါတယ်။ ဒါဆို လာဘ်မထိုးဘဲ ဆေးဝါးမိတ်ဆက်ပွဲတွေမှာ ရှင်းလင်းပြောကြားပေးဖို့ ဖိတ်ပြီး ဉာဏ်ပူဇော်ခပေးလိုက်ရင်ရော။ ဒီလိုပွဲတွေကို ရိုးရိုးမလုပ်ဘဲ ကမ်းခြေတွေ ဟိုတယ်တွေမှာ အစားကောင်းအသောက်ကောင်းတွေ၊ ဆော် ဘဲ အလန်းလေးတွေနဲ့ လုပ်ပေးလိုက်ရင်တော့ လာဘ်ထိုးတာမဟုတ်တော့ဘူးပေါ့။ ဒီနည်းနဲ့ မီလီယံနာဖြစ်လာတဲ့ ဆေးကုမ္ပဏီတစ်ခုရဲ့လက်ချက်ကြောင့် သူတို့ထုတ်တဲ့ ဘိန်းပါတဲ့ဆေးတွေစွဲပြီး ဆေးလွန်ပြီး လူသေမှုတွေအထိ ဖြစ်လာတဲ့အကြောင်းကို ပြသထားတာပါ။ဒါဟာ အမေရိကန်ရဲ့ ဖြစ်ရပ်မှန် ဆေးဝါးလောက ...
movie

Pain Hustlers (2023)

2023
Pretty Problems (2022) 7.0
Pretty Problems (2022) Pretty Problems ( 2022 )ငွေမရှိတဲ့လူတွေကတော့ ငွေရှိလာရင် သူတို့ပြဿနာတွေ ပြေလည်သွားလိမ့်မယ် ထင်တတ်ကြတယ်။ တကယ်တမ်းကျ သုံးမကုန်အောင် ငွေပေါနေတဲ့လူတွေမှာလည်း ပြဿနာတွေက ရှိနေတုန်းပါပဲ။ ငွေဟာ ပြဿနာတွေကို ပြေလည်စေတဲ့ အရာတော့မဟုတ်ဘူးတဲ့။ ငွေဟာ ပြဿနာတွေကို အကျည်းတန်နှုန်းလျော့ပါးစေရုံပါပဲတဲ့။ဒီရုပ်ရှင်မှာ ငွေရှိရင်ပြဿနာတွေ ပြေလည်သွားပြီလို့ထင်နေတဲ့ လင်မယားနဲ့ ငွေနဲ့ သူတို့ ပြဿနာတွေရဲ့ အကျည်းတန်မှုကို ဖုံးထားတဲ့ လင်မယား အားလပ်ရက်တစ်ခုမှာ အတူဖြတ်သန်းကြရင်း ကြုံလာဆုံလာရတဲ့ အဖြစ်တွေကို ရိုက်ပြထားပါတယ်။ ဒုတိယဘုရားသခင်လို့ဆိုကြတဲ့အရာဟာ တကယ်တမ်း လူတွေအတွက် အပျော်တွေကို ယူဆောင်လာပေးနိုင်လားဆိုတဲ့အကြောင်းကို ဝိုင်တွေမြည်းရင်း ကျေးလက်ဘက်က ဇိမ်ခံအိမ်ကြီးမှာ အပန်းဖြေရင်း ပုံဖော်သွားတဲ့ ရုပ်ရှင်ကောင်းတစ်ကားပါပဲ။File Size__(2.1GB) / (1.1GB) Quality__WEB-DL_1080p, 720p IMDb Rating__7.0/10 Format__mp4 Duration__01:45:00 Type__Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by --- Encoded by Naing Aung Latt
movie

Pretty Problems (2022)