Channel Myanmar

Alex Lawther

Departure (2015) 6.7
Departure (2015) Departure (2015) =============ဒီဇာတ်လမ်းမှာ ဆယ်ကျော်သက်ကောင်လေး Elliotနဲ့ သူ့အမေ Beatriceတို့ ပြင်သစ်က သူ့မိဘတွေလာနေကျ အပန်းဖြေအိမ်ကို ရောက်လာခဲ့တယ်။ Beatriceက အိမ်ကို ရောင်းဖို့စီစဥ်နေပြီး Elliotကလည်း သူ့အမေကို ပရိဘောဂ တွေ ကူရှင်းပေးတယ်။အဲဒီအချိန်မှာပဲ အနီးနားရွာက ပဟေဠိဆန်တဲ့ ကောင်လေး Clément ရောက်လာပြီး Elliot နဲ့ သူငယ်ချင်းဖြစ်ရာက Elliot တို့မိသားစုကြား ပြဿနာတွေပိုရှုပ်ထွေးလာတော့ တာပါပဲ။ဒီဇာတ်လမ်းမှာ The End of the F***ing World က မင်းသား Alex Lawtherက Elliot အဖြစ်ပါဝင်ပြီး ဒီကားထဲမှာတော့ သူ့ရဲ့ sexuality ကို ​သဘောပေါက်ခါစ လိင်တူစိတ်ဝင်စားသူတစ်ဦး​ဇာတ် ရုပ်နေရာက သရုပ်ဆောင်ထားပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(2.13 GB) / (665 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 49Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......Thwal Htoo Zin Encoder..........SWM
movie

Departure (2015)

2015
The Velveteen Rabbit (2023) 6.7
The Velveteen Rabbit (2023) The Velveteen Rabbit (2023) ====================== IMDb Rating - 6.7/10Margery Williams ရဲ့ the Velveteen Rabbit စာအုပ်ကို မှီငြိမ်း ရိုက်ကူးထားတဲ့ ခရစ်စမတ် ဇာတ်လမ်းလှလှလေးတစ်ပုဒ်ဖြစ်ပြီး Toy Story တို့ Enchanted တို့လို vibe မျိုး ပေးမဲ့ ဇာတ်ကွက်မျိုး ဖြစ်ပါတယ်။တစ်ခါသော ခရစ်စမတ်မှာ ဝီလီယံလေးဟာ သူချစ်တဲ့ သူငယ်ချင်း တွေရှိရာ အရပ်ဒေသကနေ အဝေးတစ်နေရာကို ပြောင်းရွှေ့လာခဲ့ရ ပါတယ်။ နေရာသစ်မှာ သူငယ်ချင်းမရဘဲ အဖော်မဲ့နေတဲ့ ဝီလီယံတစ် ယောက် ခရစ်စမတ်မှာ သူ့အတွက် အဖော်မွန်ကောင်း ဖြစ်လာမဲ့ ယုန် ရုပ်လေး တစ်ရုပ်ကို လက်ဆောင်ရလိုက်ပါတယ်။ဒီလိုနဲ့ ယုန်လေးဟာ သူ့ရဲ့ ကစားဖော်၊ စကားပြောဖော်၊ အိပ်ယာဝင် ချိန်ရဲ့ သူငယ်ချင်းအဖော်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အချိန်တွေ ကြာလေ ဒီယုန်ရုပ်လေးနဲ့ ဝီလီယံဟာ ခွဲခွါမရ တစ်သားတည်းဖြစ်လာ ကြတယ်။ စွန့်စားခန်းထွက်ဖော်တွေ ဖြစ်လာကြပါတော့တယ်။ ကလေး တစ်ဦးရဲ့ အထီးကျန်မှုနဲ့ သူချစ်တဲ့ ယုန်ရုပ်လေးတစ်ရုပ်ရဲ့ ...
movie

The Velveteen Rabbit (2023)

2023
Earwig (2021) 5.5
Earwig (2021)  2021 မှာထွက်ရှိထားတဲ့ ပြင်သစ်အမျိုးသမီးဒါရိုက်တာ Lucile Hadzihalilovic ရဲ့ပထမဦးဆုံးသော အင်္ဂလိပ်စကားပြောရုပ်ရှင်ဖြစ်ပြီး စားရေးဆရာ Brian Catling ရဲ့ဝတ္ထုကို မှီငြမ်းရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဥ်း1950 ဝန်းကျင် ဥရောပအငွေ့အသက်တွေနဲ့ ရိုက်ကူးထားတဲ့ ဒီကားရဲ့ဇာတ်ဆောင်ဖြစ်သူအဲလ်ဘတ်ဆဲလင့်ခ်က မီရာလို့ခေါ်တဲ့ ဆယ်နှစ်အရွယ်ကလေးမလေးကို ပြုစုစောင့်ရှောင့်ရသူပါ။ဒီမီရာလို့ခေါ်တဲ့ကလေးမလေးကို အဲလ်ဘတ်အဓိကလုပ်ပေးရတဲ့တာဝန်က ကလေးမရဲ့ရေခဲနဲ့လုပ်ထားတဲ့အံကပ်ကို ထိန်းသိမ်းလဲလှယ်ပေးရတာပါပဲ။တစ်နေ့မှာတော့ အမြဲတမ်းဖုန်းပဲဆက်တတ်တဲ့ အလုပ်ရှင်ဟာ မီရာကိုသူတို့ဆီခေါ်လာဖို့ အဲလ်ဘတ်ကိုပြင်ဆင်ခိုင်းတဲ့အခါ...တစ်ကားလုံးမှာ Dialogue နည်းနည်းသာပါပြီး mystery ဆန်ဆန် melodrama ဆန်ဆန်ရိုက်ကူးထားတဲ့ ဒီ Earwig ဆိုတဲ့ရုပ်ရှင်ဟာ fantasy/horror genre အမျိုးအစားပါ။ဝတ္ထုထဲမှာပဲသေချာပါပြီး ရုပ်ရှင်မှာမပါတဲ့ trivia တစ်ခုကတော့ ရုပ်ရှင်နာမည် Earwig ကအကြားအာရုံအင်မတန်ကောင်းတဲ့ အဲလ်ဘတ်ရဲ့ nickname ဆိုတာပါပဲ.....  File size…1.19GB / 476MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 54m Genre ….. Drama , Fantasy , Horror Subtitle….Myanmar ...
movie

Earwig (2021)

The Lost Patient (a.k.a) Le Patient (2022) 5.6
The Lost Patient (a.k.a) Le Patient (2022) The Lost Patient (a.k.a) Le Patient (2022)(1080p ရပါပြီ)ပြင်သစ်နိုင်ငံရဲ့ မြို့ငယ်လေးတစ်မြို့မှာ မိသားစုတစ်စုလုံးအသတ်ခံလိုက်ရပြီး သေခါနီးဆဲဆဲ ဖြစ်နေတဲ့ ယောကျာ်းလေးတစ်ယောက်ကိုတော့ ဆေးရုံတင်ပေးလိုက်နိုင်ခဲ့ပါတယ်။အချိန်မီဆေးရုံရောက်လာလို့ လူနာက အသက်ရှင်ပေမယ့် ကိုမာ (coma) ဝင်ပြီး (၃)နှစ်လောက်မေ့သွားပြန်ပါတယ်။ ပြန်သတိရလာတော့လည်း အိမ်မှာ ဖြစ်ခဲ့တာတွေကို သေချာမမှတ်မိတော့ဘဲ အတိတ်မေ့နေပါတယ်။မိသားစုတစ်ခုလုံး အသတ်ခံရတဲ့အမှုမှာ အမှုမှန် ပေါ်ပေါက်ဖို့ သူသည်သာ မျှော်လင့်ချက်ဖြစ်နေတဲ့အတွက် စိတ်ပညာရှင်ဒေါက်တာအန်နာက သူ့အတိတ်ဖြစ်ရပ်ကို ကူညီဖော်ထုတ်ပေးပါတော့တယ်။စတင်မေးမြန်းရာမှာပဲ တစ်မိသားစုလုံးအသတ်ခံရပေမယ့် သူ့အစ်မလော်ရာ ပျောက်နေတာကို သတိထားမိသွားပါတယ်။လူသတ်သမားအစစ်ကိုရော မိနိုင်ပါ့မလား? ပျောက်နေတဲ့ လော်ရာ ကပဲ မိသားစုတစ်ခုလုံးကို သတ်ဖြတ်သွားတာဖြစ်နေမလား? သူ့အတိတ်ကရော သူထင်သလို ဖြစ်ပါ့မလား? ဆိုတာ ကို ဇာတ်လမ်းလေးကြည့်ရင်း စိတ်ပညာမေးခွန်းတွေ၊ ကုသနည်းတွေနဲ့ ကြိုးစားပြီး အဖြေရှာကြတာပေ့ါဗျာ။Psycho၊ Shutter Island တို့လို ဂန္ဓဝင် စိတ္တဇဇာတ်လမ်းတွေနဲ့ မယှဉ်သာနိုင်ပေ မယ့် သူအတိုင်းအတာနဲ့သူ သည်းထိတ်ရင်ဖိုခံစားချက်တွေ ...
movie

The Lost Patient (a.k.a) Le Patient (2022)

2022
The French Dispatch (2021)
The French Dispatch (2021) The French Dispatch (2021)ရုပ်ရှင်တစ်ပုဒ်ဟာ ပြဇာတ်တစ်ပုဒ်လို အိပ်ရာဝင်ပုံပြင်တစ်ပုဒ်လို စိတ်ကူးယဉ်ဆန်ပြီးလှပ​နေပြီဆိုရင် Director Wes Andersonရဲ့လက်ရာ​တွေနဲ့ မကင်းနိုင်ပါဘူး၊ သူ့ဇာတ်ကား​တွေရဲ့ narrativeပုံစံ ဇာတ်လမ်းတင်ဆက်ပုံနဲ့ Uniqueဖြစ်သလို Colorfulလည်းဖြစ်တဲ့ ရိုက်ကွင်းအပြင်အဆင်တွေ​ကြောင့် ရုပ်ရှင်နဲ့မတူဘဲ ပုံပြင်ကမ္ဘာထဲ လက်​တွေ့​ရောက်သွားသလို ခံစားချက်မျိုး၊ The Palais Garnier ပြဇာတ်ရုံမှာ ကိုယ်တိုင်ပြဇာတ်ကြည့်​နေရသလို ခံစားချက်မျိုး ရ​စေတာကို- The Grand Budapest Hotel (2014) နဲ့ - Moonrise Kingdom (2012)မှာ ခံစားခဲ့ရပြီးပါပြီ၊ဒီ ဇာတ်လမ်းကလည်း Wes Andersonရဲ့ ​နောက်ထပ် ရုပ်ရှင်မဟုတ်​သောရုပ်ရှင်၊ ပြဇာတ် မဟုတ်​​သော ပြဇာတ်လို့ ထပ်ရည်ညွှန်းရမယ်ထင်ပါတယ်ဒီဇာတ်လမ်းက​​တော့ Andersonရဲ့ ဝတ္ထုတို​တွေကို ချစ်မြတ်နိုးမှု၊ စာနယ်ဇင်း​လောကကို နှစ်ခြိုက်မှုအ​ပေါ် ရုပ်ရှင်ဇာတ်ကားအဖြစ် အသက်သွင်းလိုက်တဲ့ လက်ရာမွန်တစ်ခုပါပဲ၊ Cast​တွေကလည်း ​ပြေးကြည့်စရာမလို​​​​အောင်ကို ဒိတ်ဒိတ်ကြဲ​ဖြစ်တဲ့၊ သူ့လက်စွဲ​တွေ ဖြစ်တဲ့ - ...
movie

The French Dispatch (2021)

2021
The Last Duel (2021) 18+ Rated 7.7
The Last Duel (2021) 18+ Rated ဒါရိုက်တာ ရစ်ဒလေ စကော့ ရိုက်ကူးထားပြီး စာရေးဆရာ အဲရစ်ဂျက်ကာရဲ့ ၂၀၀၄ ခုနှစ်ထွက် novelThe Last Duel: A True Story of Trial by Combat in Medieval France(နောက်ဆုံးစီးချင်း - မီဒီအီဗယ်ခေတ် ပြင်သစ်ရဲ့ ဖြစ်ရပ်မှန် စီးချင်းထိုး တရားစီရင်မှု) ကိုNicole Holofcener, Ben Affleck နဲ့ Matt Damon တို့က ဇာတ်ညွှန်းပြန်လည်ရေးသားထားတာဖြစ်ပါတယ်။သရုပ်ဆောင်တွေကတော့ မတ်ဒေမွန်၊ အဒမ် ဒရိုင်ဗာ၊ ဂျိုဒီကိုမာ၊ ဘန် အက်ဖလက်တို့လို နာမည်ကျော်တွေဖြစ်ပါတယ်။ဇာတ်လမ်းကို အခန်း ၁ ၂ ၃ ဆိုပြီး သုံးပိုင်းပြသထားလို့ တစ်ယောက်ချင်းစီရဲ့ ရှုထောင့်အရဇာတ်ကွက်လေးတွေ ထပ်နေတဲ့ပုံတော့ ပါပါတယ်။ ပြင်သစ်နဲ့အိုင်ယာလန်နေရာတွေမှာ ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းကိုတော့ မပြောပြတော့ပါဘူး။ အတော်ကြည့်လို့ကောင်းတာပဲ ပြောပြထားပါတော့မယ်။ဒီရုပ်ရှင်ထဲက ခေတ်ရဲ့ အံ့သြစရာ ...
movie

The Last Duel (2021) 18+ Rated

The Translators (2019) 6.3
The Translators (2019) ဒီဇာတ်ကားက ကျူးဘားနိုင်ငံရဲ့၁၉၉၀ ဝန်းကျင်ကဖြစ်ရပ်မှန်တခုကိုအခြေခံရိုက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်မာလင်ဟာ ရုရှားစာပေကိုသင်ကြားနေတဲ့ ပါ‌မောက္ခတဦးဖြစ်ပီး သူ့မိန်းမ အိုက်ဆိုနာကတော့ပန်းချီပြခန်းဖွင့်ကြိုးစားနေတဲ့သူပါသူတို့မှာ ဟာဗီလို့ခေါ်တဲ့သားတယောက်ရှိပါတယ် ထူးခြားတာက အဲ့ဒီဟာဗီကိုယ်တိုင် ဒီဇာတ်ကားကိုရိုက်ကူးထားတာဖြစ်ပါတယ်၁၉၉၀ ဝန်းကျင်မှာ ဆိုဗီယက်ပြည်ထောင်စုကဒုက္ခသည်တွေကိုဆေးကုပေးဖို့ ကျူးဘားကို ပို့လိုက်ပါတယ် အဲ့ဒီမှာအခြေအနေအရ ကျူးဘားကတက္ကသိုလ်တွေပါပိတ်လိုက်ရပီးမာလင်အပါအဝင်ရုရှားစာပေပါမောက္ခတွေဟာ ဆေးရုံမှာဆိုဗီယက်ဒုက္ခသည်တွေအတွက်စကားပြန်လုပ်ပေးရပါတယ် မာလင်ကတော့ကလေးတွေအတွက် စကားပြန်လုပ်ပေးရပါတယ် မာလင်က အစပိုင်းမှာတော့ မပျော်ဘဲတဖြည်းဖြည်း ရောဂါဖြစ်နေတဲ့ကလေးတွေနဲ့အတူ‌ပျော်ရွှင်စရာ‌ တွေလုပ်ပေးကြိုးစားနေရင်းကနေ ပျော်ရွှင်လာပါတယ် တဖက်မှာတော့မိသားစုကို ပြန်မကြည့်တော့ပါဘူးအဲ့ဒီကနေဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ် ဇာတ်ကားက ဒရမ်မာအမျိုးအစားဖြစ်ပီးတော့IMDb 7/10 နဲ့ Rotten Tomatoes 67% ရထားပါတယ်ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ထားတာမလို့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားပါNomination 13ခု ဝင်ထားပီး5ခု Winnerရထားတဲ့ဇာတ်ကားဖြစ်ပီးဇာတ်လမ်းအညွုန်းနဲ့ဘာသာပြန်သူကတော့ Lampard ဖြစ်ပါတယ်Thit San Khan မှ တင်ဆက်ပေးထားပါတယ်
movie

The Translators (2019)

2019
Ghost Stories (2017) 6.8
Ghost Stories (2017) သရဲပုံပြင်လေးတွေနားထောင်လိုက်ရအောင်ဗျာ။Andy Nyman အဓိကပါဝင်သရုပ်ဆောင်ထားပြီး Martin Freeman လည်းအားဖြည့်ထားပါတယ်။IMDB Rating 6.7 နဲ့ Rotten tomatoes 82% ရရှိထားတဲ့ Horror,Drama ကားလေးပါ။ကြောက်စရာလည်းကောင်းသလို စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။ကိုယ့်ဘဝအတွက်ကိုယ် အပြန်အပြန်အလှန်လှန် မေးခွန်းထုတ်စရာ မေးခွန်းတွေလည်းအများကြီးပါပါတယ်။ကိုယ်ဘာတွေလိုချင်တာလဲ။ဘာတွေဖြစ်ချင်တာလဲ။ဘာတွေလုပ်နေတာလဲ။ထိုက်တန်ရဲ့လား။ဘယ်နေရာတွေကပုန်းကွယ် ထွက်ပြေးနေမိလည်း ကိုယ့်ကိုကိုယ် ပြန်ပြီးမေးခွန်းတွေထုတ်ချင်လာမှာသေချာပါတယ်။အဓိပ္ပါယ်ရှိသလို Horror ကားပီပီသသကြောက်ရလန့်ရအောင် တင်ဆက်ပြထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ သဘာဝလွန်ဖြစ်ရပ်အတုတွေကိုဖော်ထုတ်နေတဲ့ Professor Goodman တစ်ယောက်သူရဲ့ Idol တစ်ယောက်ဖြစ်ပြီး နှစ်ပေါင်းများစွာထူးဆန်းစွာပျောက်သွားတဲ့ Professor Cameron ဆီက အဆက်အသွယ်ရပြီး သဘာဝလွန်ဖြစ်ရပ် ၃ခုကို အတုလားအစစ်လားဆိုတာ ဖော်ထုတ်ရင်း နောက်ဆုံးမှာ သဘာဝလွန်ဖြစ်ရပ်တွေက အစစ်အမှန်တွေလား အတုတွေလားဆိုတာ ကြည့်ရမှာပါ။နောက်ဆုံးပိုင်းမှာ မမျှော်လင့်ထားတဲ့ပုံစံနဲ့ ထူးထူးဆန်းဆန်းဇာတ်သိမ်းထားတာကိုလည်းတွေ့ရမှာပါ။ဒီကားမှာ ကြောက်ရမှာတွေ တွေးရမှာတွေအများကြီးပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ) File Size : (750 MB) and (330 MB) Quality : WEB-DL 720p Running Time ...
movie

Ghost Stories (2017)

2017
The Imitation Game (2014) 8.0
The Imitation Game (2014) The Imitation Game (2014) IMDb - 8.0/10_____Rotten - 90%Won 1 Oscar. Another 48 wins & 159 nominations   ဒီဇာတ်ကားကိုအခုခေတ်လူတွေကြည့်ခွင့်ရတာ တကယ့်ကိုထူးတဲ့ ကုသိုလ်တစ်ခုလို့မှတ်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇာတ်ကားထဲက အချက်အလက်တွေက တကယ့် Top Secret တွေဖြစ်ပြီး ဗြိတိန်နိုင်ငံက  ဒီအချက်အလက်တွေကို နှစ် ၅၀ ခန့်ထိမ်းသိန်းလျှို့ဝှက်ထားခဲ့တာပါ။ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမဏီတို့ စစ်ရေးအရ အခြားနိုင်ငံတွေအပေါ် အသာရစေခဲ့တဲ့အရာဟာ Enigma လို့ခေါ်တဲ့ လျုှိ့ဝှက်ကြေးနန်းပို့စနစ်လို့ ဆိုနိုင်ပါတယ်။ Enigma ကတဆင့် သတင်းပေးပို့မယ်ဆိုရင် အခြားနိုင်ငံတွေအနေနဲ့ ဘယ်လိုမှ enigma စကားဝှက်တွေကိုဖော်နိုင်စရာမရှိပါဘူး။ possibilities ပေါင်း သန်းပေါင်း ၁၅၉ သန်းထိရှိတဲ့ စကားလုံးတွဲဖက်မှုတွေပေါ်လာနိုင်လို့ပါပဲ။ အဲဒီ possibilities အားလုံးကိုဖော်နိုင်တယ်ထားဦးတော့.....ဂျာမဏီတို့က ညသန်းခေါင်ကျော်ရင် setting အသစ်တစ်မျိုးထပ်ပြောင်းတာကြောင့် ၂၄ နာရီအတွင်း decipher လုပ်ဖို့ဆိုတာ mission impossible ...
movie

The Imitation Game (2014)

2014