Channel Myanmar

Alex Man

As Tears Go By (1988) 7.0
As Tears Go By (1988) [Unicode]As Tears Go By(1988) =============== IMDb Rating - 7 out of 10 Directed by Wong Kar Waiပလေတိုကြီးပြောပြီး အနုပညာသမား အတော်များများလက်မခံနိုင်ကြတဲ့ စကားတစ်ခုကြားဖူးတယ် မို့လား။ Art Is Immitation. အနုပညာဆိုတာ ပုံတူကူးခြင်းတဲ့။ ကျွန်တော်တော့ လက်ခံတယ်။ အနည်းဆုံးတော့ ကိုယ့်ခံစားချက်ကိုကိုယ် ပုံတူကူးမှပဲ အနုပညာကထွက်လာမှာ မဟုတ်လား။ဝေါင်ကာဝေးရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်တဲ့ ဒီရုပ်ရှင်ထဲက ဂိုဏ်းစတားဇာတ်ကောင်ဟာ မာတင် စကောဆေးစိရဲ့ Mean Streets ထဲက ဒီနီးရိုးရဲ့ဇာတ်ကောင်ကို အခြေခံထားတယ်လို့ ဆိုတယ်။ နောက်တစ်ခုသူ့ကိုလွှမ်းမိုးမှုရှိတာကတော့ နိုက်ကလပ်မန်နေဂျာသူ့အဖေတဲ့။ ဒီလောက်ဆို ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကို မှန်းလို့ရပြီမို့လား။ ညတွေ ၊ ဂိုဏ်းစတားတွေ၊ သေနတ်တွေနဲ့ ဒီရုပ်ရှင်ကို ကျွန်တော်သာဆို Crime,Dramaလို့သတ်မှတ်ချင်ပေမဲ့ ဘာကြောင့်လဲတော့မသိ ဝေါင်ရဲ့ကားအများစုလိုပဲ ROMANCE,Dramaဆိုပြီးပဲ သတ်မှတ်ထားတယ်။ ဝေါင်ကာဝေးရဲ့ ပွဲဦးထွက်ကားပေမဲ့ ဒီရုပ်ရှင်ထွက်ပြီးတဲ့ နှစ်ပေါင်းသုံးဆယ်နောက်ပိုင်းမှာ‌တောင် ဒီရုပ်ရှင်အကြောင်းကို ဝေဖန်သမားတွေ တစ်ခုတ်တရပြောရတဲ့အထိကို အောင်မြင်ခဲ့တယ်။ သူ့ဇာတ်ကောင်ဟာ မာတင်စကောဆေးစိရဲ့ ဇာတ်ကောင်ကို အခြေခံထားပေမဲ့ မာတင်စကောဆေးစိရဲ့ Gang ...
movie

As Tears Go By (1988)