Channel Myanmar

Alex Poch-Goldin

Never Been Chris’d (2023) 5.4
Never Been Chris’d (2023) Never Been Chris'd (2023) =====================နှစ်အကြာကြီးနေမှ ကျောင်းတုန်းက crush ကြီးကို အရှင်လတ်လတ်ပြန်တွေ့ရရင် ဘယ်လိုခံစားရမယ် ထင်ပါသလဲ။ နှစ်ဖက်လုံးက လူပျိုလူလွတ်အခြေအနေနဲ့ဆိုရင် ပေါ့။ ဒီဇာတ်လမ်းလေးကတော့ ခရစ္စမတ်ပိတ်ရက် မွေးရပ်မြေကိုပြန်လာတဲ့ အချစ် ဆုံးသူငယ်ချင်းမနှစ်ယောက် ၁၇ နှစ်ကြာမှ ကျောင်းတုန်းက crush နဲ့ ပြန်ဆုံရပုံ၊ သူတို့တွေရဲ့ လူမှုရေး၊ အချစ်ရေးကိစ္စတွေကို ခရစ္စမတ်အငွေ့အသက်လေးနဲ့ ခပ်မြူး မြူး‌လေးပုံဖော်ထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ - နေအိုမီနဲ့လစ်ဇ်ဟာ အထက်တန်းကတည်းက အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ ၃၅ နှစ်အရွယ်တန်းကို ရောက်လာတဲ့အထိ အတူအလုပ်လုပ်ရင်း single ဘ၀နဲ့ နေလာ ကြသူတွေပေါ့။ ခရစ္စမတ်ပိတ်ရက်ရှည်မှာတော့ သူတို‌ဇာတိမြေကိုပြန်လာခဲ့ကြပါတယ်။ အဲဒီမြေကို စရောက်ပါပြီဆိုကတည်းက အရင်ဆုံးကြုံတွေ့ရသူဟာ သူတိုနှစ်ယောက် လုံးရဲ့ အထက်တန်းကျောင်းက crush ကြီး ခရစ်ဆေးလ်ဗားပါပဲ။ ခရစ်ကောင်းမှုနဲ့ တခြား အတန်းဖော်ဟောင်းတွေနဲ့ပါ ပြန်ဆုံရပြီး ခရစ်နဲ့လည်း အရင်ထက်ပိုရင်းနှီးလာကြပါတယ်။ နေအိုမီနဲ့လစ်ဇ်ဟာ အိမ်ကမိသားစုပြဿနာတွေ အလုပ်ကိစ္စတွေဖြေရှင်းရင်းကပဲ ခရစ်နဲ့ သုံးပွင့်ဆိုင်ဆန်ဆန် အချစ်ဇာတ်‌လမ်းလေးစတင်ပါတော့တယ်။ဒီလိုနဲ့ ဘယ်သူက ခရစ်ရဲ့နှလုံးသားကိုပိုင်ဆိုင်ရမလဲ၊ အချင်းချင်းအမြဲအနစ်နာခံလေ့ရှိတဲ့ နေအိုမီနဲ့လစ်ဇ်ရဲ့ သူငယ်ချင်းသံယောဇဉ်ကရော ဘယ်လိုတွေအစမ်းသပ်ခံရမလဲ၊ နောက်ဆုံး မှာ ...
movie

Never Been Chris’d (2023)

2023
Owning Mahowny (2003)
Owning Mahowny (2003) Owning Mahowny (2003) ==================ဆုသုံးဆုရဖူးထားပြီး ငါးကြိမ် nomination ဝင်ထားတဲ့ ဖြစ်ရပ်မှန်အခြေခံ ကားဟောင်းလေးပါ။ ဘဝမှာ ကိုယ့်ကိုအရမ်းချစ်တဲ့ ချစ်သူရှိမယ်။ အလုပ်မှာ လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ထူးချွန်လို့ အားကိုးခံရတဲ့သူဖြစ်မယ်ဆိုရင် ဒီဘဝ က သူများတွေ အားကျချင်စရာဘဝမျိုး ဖြစ်မှာပါ။ ဒါပေမဲ့ မက်ဟော်နီဆိုတဲ့ ဘဏ်လက်ထောက်မန်နေဂျာလေးကတော့ လောင်းကစားကိုပဲ အစွဲကြီးစွဲ နေပါတယ်။ရတဲ့လစာကနေ အကြွေးတင်အောင်လောင်းမိတော့ အကြွေးဆပ်ဖို့အတွက် ဘဏ်ကနေ ငွေလိမ်ပါတော့တယ်။ လူရိုးလူအေး အလုပ်သရဲလေးလို့ သတ် မှတ်ခံရတဲ့မက်ဟော်နီအတွက် ငွေလိမ်ရတာက အသက်ရှူရသလိုပါပဲ။ ဒီလိုနဲ့ မက်ဟော်နီတစ်ယောက် ကာစီနိုရုံကြီးတွေထိပါသွားပြီး မအိပ်မနေ မစားမ သောက် လောင်းကစားလုပ်ပါတော့တယ်။မက်ဟော်နီကို "လောင်းကစားကနေ ရတဲ့ စိတ်လှုပ်ရှားမှုကို တစ်ကနေ တစ်ရာ ထိသတ်မှတ်ရင် ဘယ်လောက်သတ်မှတ်ချင်လဲ" ဆိုတော့ "တစ်ရာ" ပါတဲ့။ "လောင်းကစားမလုပ်ဘဲ ဘဝမှာ ဘယ်လောက်ထိ စိတ်လှုပ်ရှားခဲ့ရဖူးလဲ" လို့ မေးတဲ့အခါမှာတော့ "နှစ်ဆယ်" လို့ဖြေပါတယ်။ မက်ဟော်နီက သူ့ကျန်တဲ့ တစ်ဘဝလုံးကို "နှစ်ဆယ်" နဲ့နေသွားရလည်း အဆင်ပြေပါတယ်တဲ့။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(1.17 GB) / ...
movie

Owning Mahowny (2003)

2003
Made for Each Other(2023) 6.7
Made for Each Other(2023) Made for Each Other(2023)*************************Rachael Becker ဆိုတဲ့ ကောင်မလေးဟာ ပန်းပုထုရတာကို ဝါသနာပါခဲ့ပြီးထက်ထက်မြက်မြက်လည်းရှိလေတော့ ဒီလုပ်ငန်းနဲ့ပဲအသက်မွေးဝမ်းကြောင်းပြုနေတယ်.. တကယ်တော့ သူက အရမ်းဇီဇာကြောင်တဲ့ မိန်းကလေးတစ်ယောက်လည်းဖြစ်ပါတယ်....သူလိုချင်တဲ့ ယောကျာ်းလေးပုံစံက အရမ်းပြီးပြည့်စုံတာမို့ အပြင်မှာမတွေ့နိုင်လောက်အောင် ရှားတာပါ... အဲ့ဒါကြောင့် သူဟာ အဲ့ဒီလိုလူပုံစံကို ပန်းပုပဲ ထုခဲ့ပါတော့တယ် တစ်နေ့တော့ သူ့ရဲ့ အိမ်နီးချင်း Doris ဆိုတဲ့ အမျိုးသမီးဆီကအဆောင်လိုမျိုး လည်ဆွဲတစ်ခုကို ရလို့ သူ့ရဲ့ လူရုပ်ထုကို ဆွဲပေးလိုက်ပါတော့တယ် အဲ့ဒီလိုနဲ့ အဲ့ဒီအရုပ် အသက်ဝင်လာတဲ့ အခါမှာတော့..... File Size :(1.8GB) and (695MB) Quality : WEB-DL.1080P, 720p Format…mp4 Duration…01:24:00 Genre : Comedy, Fantasy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae
movie

Made for Each Other(2023)

Love Strikes Twice (2022) 7
Love Strikes Twice (2022) Love Strikes Twice (2022)ဒီကားလေးကတော့ ငြိမ့်ငြိမ့်လေးကြည့်ချင်သူများအတွက် romance, drama ကားလေးပါ။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... Maggieက အောင်မြင်တဲ့ရှေ့နေတစ်ယောက်ဖြစ်ပြီး နာမည်ကြီး ရှေ့နေအကျိုးဆောင်ရုံးမှာ အလုပ်လုပ်ပါတယ်။ သူ့အတွက် အားလုံးက အဆင်ပြေအောင်မြင်နေပေမဲ့ ယောကျ်ားဖြစ်သူ Josh နဲ့ ဆက်ဆံရေးကတော့ စိမ်းသက်သက်ဖြစ်နေပါတယ်။Maggie ရဲ့မိဘတွေ နှစ် ၄၀ ပြည့် anniversary ပွဲကိုသွားရင်း accident တခုဖြစ်ပြီး Maggie က လွန်ခဲ့တဲ့ ၁၅နှစ်ကို ပြန်ရောက်သွားပါတယ်။ တက္ကသိုလ်မတက်ခင် နွေကိုရောက်သွားပြီး အရင်ချစ်သူနဲ့ တွဲနေတဲ့အချိန်ပါ။ Josh နဲ့လည်း စမတွဲသေးဘဲ သူငယ်ချင်းဖြစ်ရုံဆိုတော့ ဘယ်လိုတွေကြုံရမလဲ?Maggie အနာဂတ်ကို ရောက်အောင် ဘယ်လိုပြန်သွားမလဲ? အနာဂတ်ကိုရောက်ဖို့ ဖြစ်နိုင်ပါ့မလား? ဆိုတာတော့ ဆက်ပြီး ကြည့်ရှုရင်း အဖြေရှာလိုက်ကြစို့နော်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Marie ပါ။)File Size          : 1.5GB, ...
movie

Love Strikes Twice (2022)

2022
Missing and Alone (2021) 5.5
Missing and Alone (2021) Missing and Alone (2021)မတည့်အတူနေ ခင်ကြတဲ့ သူငယ်ချင်းမလေး ၂ယောက်ရှိတယ်။ တစ်ယောက်က မိတဆိုး၊ တစ်ယောက် ဖတဆိုး။ အမြဲရန်ဖြစ်နေကြပေမဲ့ သူတို့က သိပ်ချစ်ကြတယ်။ တစ်ယောက်က လိမ္မာတယ်။ တစ်ယောက်က ဆိုးတယ်။ တစ်ယောက်ရဲ့ အဖေက တောထဲမှာစခန်းချခရီးထွက်ရင်း ဆုံးသွားခဲ့တာ။ အဲဒီတစ်ယောက်အဖေရဲ့နှစ်ပတ်လည်နေ့မှာ အဲဒီတစ်ယောက်နဲ့ ဟိုတစ်ယောက် သူ့အဖေဆုံးခဲ့တဲ့ တောထဲအတူတူသွားကြတယ်။ အဲဒီတစ်ယောက်အမေနဲ့ ဟိုတစ်ယောက်အဖေကို လိမ်ပြီးသွားကြတာပေါ့။မနက်ကျ အဲဒီတစ်ယောက်အမေနဲ့ ဟိုတစ်ယောက်အဖေနဲ့ တွေ့ကြတော့ အဲဒီတစ်ယောက်နဲ့ ဟိုတစ်ယောက်က သူတို့ကိုလိမ်သွားတာကို သူတို့သိသွားကြတယ်။ ဒီတော့ အဲဒီတစ်ယောက်အမေနဲ့ ဟိုတစ်ယောက်အဖေက သူတို့ကိုလိုက်ရှာကြတယ်။ ဟိုတစ်ယောက်က ပြန်ပေါ်လာပေမဲ့ အဲဒီတစ်ယောက်က ပျောက်နေတယ်။ အဲဒီတစ်ယောက်အမေ စိတ်ပူပြီးရှာတာပေါ့။အဲဒီတစ်ယောက်ဘာဖြစ်သွားတာလဲ။ ဟိုတစ်ယောက်ကရော ဘာလို့ တစ်ယောက်တည်းပြန်လာတာလဲ။ အဲဒီနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်ကြားဘာတွေဖြစ်ခဲ့လဲဆိုတာကို ရင်ခုန်စွာကြည့်ရမယ့် ကားလေးပါ။ ဇာတ်လမ်းအချိုးအကွေ့တွေလည်း လှပါတယ်။ အဲဒီတစ်ယောက်ကလည်း လှပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ...
movie

Missing and Alone (2021)

2021