Channel Myanmar

Alex Stevens

Scanners (1981)
Scanners (1981)  လက်နက်ရောင်းဝယ်ရေးကုမ္ပဏီဖြစ်တဲ့ကွန်းဆက်ကုမ္ပဏီက သဘာဝလွန်စွမ်းအားတွေရှိတဲ့လူသားတွေကိုစုဆောင်းပြီး သူတို့ရဲ့အစွမ်းတွေကိုစမ်းသပ်လေ့လာနေတာပါ။ အဲဒီသဘာဝလွန်အစွမ်းနဲ့လူတွေကိုတော့ စကန်နာတွေလို့ခေါ်ပြီး စိတ်နဲ့တစ်ဖက်လူကိုထိန်းချုပ်လို့ရတာ သတ်ပစ်တာမျိုးတွေလုပ်နိုင်ပါတယ်။ဒါပေမဲ့ စွမ်းအားကြီးတဲ့စကန်နာဒါရယ်ရေဗေါ့က စကန်နာအစွမ်းသုံးပြီးကမ္ဘာကိုအုပ်စိုးချင်လာတော့ ကွန်းဆက်အဖွဲ့ရဲ့ရန်သူဖြစ်လာတယ်။ အဲဒါကြောင့် ကွန်းဆက်အဖွဲ့ဝင်ဒေါက်တာရုသ်က ရေဗေါ့နဲ့ယှဥ်ပြိုင်ဖို့ တခြားစွမ်းအားကြီးစကန်နာကမ်မရွန်ကို လက်သပ်မွေးပြီး ရေဗေါ့ကိုရှာခိုင်းပါတော့တယ်။ File size…(1.9 GB)/(870 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:43:00 Genre... Horror, Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra
movie

Scanners (1981)

Kiss of Death(1995) 7.0
Kiss of Death(1995) Kiss of Death(1995)******************ဒီဇာတ်ကားကတော့ ပရိတ်သတ်အချစ်တော် မာသာဖာသာကြီး Samuel L.Jackson နဲ့ မင်းသားကြီး Nicolas Cage တို့ အပြင်မင်းသားကြီး David Caruso, Stanley Tucci နဲ့ မင်းသမီး Helen Hunt, Kathryn Erbe တို့ပါဝင်သရုပ်ဆောင်ထားတဲ့ မှုခင်းစုံထောက်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ဒုစရိုက်လောကကနေအနားယူပြီး မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ ဂျင်မီကင်မာတင်ကို ဝမ်းကွဲညီအစ်ကိုဖြစ်သူက ဒုစရိုက်မှုတစ်ခုနဲ့ပတ်သတ်ပြီး ကူညီပေးဖို့အကူအညီလာတောင်းတဲ့အခါ ပရဟိတစိတ်ဓာတ်ပိုင်ရှင် ကင်မာတင်အနေနဲ့ မနေနိုင်မထိုင်နိုင်လိုက်ကူညီပေးမိပါတယ်။ ကူညီရင်းနဲ့ပဲ အလွဲလွဲအချော်ချော်တွေဖြစ်ကာ ကင်မာတင်အနေနဲ့ထောင်နန်းစံသွားရပါတော့တယ်။ ထောင်ကထွက်ပြီးရင် ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ဖို့အတွက် ကင်မာတင်အနေနဲ့ လူဆိုးခေါင်းဆောင်းတစ်ယောက်ကို စုံစမ်းထောက်လှမ်းပေးဖို့ ရဲတွေနဲ့အပေးအယူတွေလုပ်တဲ့အခါ...ငွေကြေးဥစ္စာနဲ့ အာဏာပါဝါက ဥပဒေအရေးမှာပါဝင်ပတ်သတ်နေပုံ... ရာထူးအာဏာအတွက် ဥပဒေကိုဘယ်လို လက်တစ်လုံးခြားကစားနေသလဲဆိုတာကို ခံစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်File Size :(2.1GB) (980 MB) and (268 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:41:00 Genre : Crime, Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by ...
movie

Kiss of Death(1995)