Channel Myanmar

Alexander Doerksen

Chained(2012) 6.4
Chained(2012) Chained (2012)============ IMDb - 6.4/10ဒီတခါတင်ဆက်ပေးမှာကတော့ သည်းထိတ်ရင်ဖို စိတ္တဇလူသတ်သမားကားကောင်းလေးတကားပါ။ သွေးထွက်သံယိုပြကွက်တွေပါဝင်တာကြောင့် ကလေးသူငယ်များကြည့်ရှုရန်မသင့်တော်ပါဘူး။ဇာတ်လမ်းလေးအကျဉ်းကတော့ယုန်လေးဟာ ငယ်ငယ်လေးကတည်းက သူ့ရဲ့ အမေနဲ့ ရုပ်ရှင်အတူကြည့်ပြီးအိမ်အပြန်လမ်းမှာစိတ္တဇလူသတ်သမားတယောက်ဖြစ်တဲ့ တက္ကစီသမား"ဘော့ဘ်" က ပြန်ပေးဆွဲတာကိုခံလိုက်ရပြီး သူက‌တော့ "ဘော့ဘ်"ရဲ့အိမ်မှာပဲ အဖမ်းခံထားရရင်း "ဘော့ဘ်" ကခိုင်းသမျှကို နှစ်ပေါင်းများစွာလုပ်ပေးခဲ့ရတဲ့ ကောင်လေးတယောက်ပါ။ဖမ်းလာတဲ့အချိန်ကနေ အရွယ်ရောက်တဲ့အထိ ခြေထောက်မှာသံကြိုးနဲ့ခတ်ထားတာကိုခံရပြီး "ဘော့ဘ်" လုပ်သမျှသွေးတွေကိုသန့်ရှင်းရေးလုပ်လိုက်၊အလောင်းတွေကိုမြေမြုပ်လိုက်လုပ်ပေးနေရာကနေ တနေ့မှာတော့"ဘော့ဘ်" ကသူ့ရဲ့ ခြေရာကိုလိုက်နင်းနိုင်ဖို့ ယုန်လေးကိုလည်း လူသတ်သမားတယောက်ဖြစ်လာအောင် လေ့ကျင့်ပေးဖို့ လုပ်ပါတော့တယ်။ယုန်လေးကပဲ "ဘော့ဘ်" ရဲ့ ခြေရာကိုလိုက်နင်းပြီး စိတ္တဇလူသတ်သမားတယောက်ဖြစ်လာမလား၊ ပုံမှန်ဆိုရင် ကောင်မလေးတွေကိုပဲ ပြန်ပေးဆွဲပြီးသတ်လေ့ရှိတဲ့ "ဘော့ဘ်" က သူနဲ့ သူ့ရဲ့အမေ နှစ်ယောက်ကိုမှရွေးပြီးဘာလို့ပြန်ပေးဆွဲခဲ့တာလဲ ဒီအကြောင်းအရာရဲ့ နောက်ကွယ်မှာရောဘယ်လိုအကြောင်းအရာတွေရှိနေမလဲဆိုတာကို စိတ်ဝင်စားစရာ ရင်တထိတ်ထိတ်နဲ့ဆက်လက်ကြည့်ရှုပေးပါဦးခင်ဗျ။ File size…1.16GB / 514MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 34m Genre ..... Horror , Crime, ...
movie

Chained(2012)