Channel Myanmar

Alexander Garcia

The Phantom Warrior (2024)
The Phantom Warrior (2024)  ဖခင်ဖြစ်သူက ၁၃နှစ် သမီးမှာ တခြားမိန်းမနောက်လိုက်သွားပြီးသူတို့ သားအမိကို ချန်ထားခဲ့တဲ့နောက် မိခင်ဖြစ်သူကလည်းကင်ဆာရောဂါနဲ့ သေဆုံးသွားပါတယ်။ ဒီတော့ မိဘတွေအမွေချန်ထားရစ်တဲ့ မြင်းဇောင်းရယ် ရိုင်ဖယ်တစ်လက်ရယ်မြင်းအိုတစ်ကောင်ရယ်နဲ့ နမက်ဆစ်တစ်ယောက် ကြီးပြင်းလာပါတယ်။ တစ်ရက်ကျ ဖြတ်သွားနေကြ ဘုရားကျောင်းကိုအမှတ်မထင် ဝင်ရောက်ခဲ့ပြီး နမက်ဆစ်ဟာ ရှေ့ဖြစ်ဟောတစ်ယောက်နဲ့ တွေ့ရှိကာ သူဟာ သာမန်လူမဟုတ်ပဲ မသေမျိုးစိတ်ဝိဉာဉ်ဖြစ်တဲ့ ဝိဉာဉ်သူရဲကောင်းဖြစ်ကြောင်း မကောင်းမှုတွေကိုကံကြမ္မာအလိုရ ဖယ်ရှားရမယ်ဆိုတာကို ပြောပြသွားပါတယ်။ဒီလိုနဲ့ နမက်ဆစ်တစ်ယောက်ကို ဟီးရိုးဖြစ်လာတဲ့အချိန်တစ်ဖက်မှာလည်း အိမ်တွင်းအကြမ်းဖက်သမားများကိုလိုက်လံသတ်ဖြတ်နေတဲ့ ထူးဆန်းတဲ့ဂိုဏ်းတစ်ဂိုဏ်းနဲ့ တွေ့ရှိခဲ့ချိန်မှာတော့…..။ File size…1.05GB / 458MB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 59m Genre ….. Adventure , Fantasy , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eainmat
movie

The Phantom Warrior (2024)

Lords of Dogtown(2005) 7.1
Lords of Dogtown(2005) Lords of Dogtown(2005)**********************Heath Ledger ရဲ့ အလန်းကားများစွာထဲက တစ်ကားဖြစ်ပါတယ်..အားကစားတွေထဲက စကိတ်စီးတာကလည်းတစ်ခေတ်ထခဲ့သလို ခုထိလည်းရိုးမသွားသေးပါဘူး၊ ဒီဇာတ်ကားကတော့ စကိတ်ကိုရူးရူးမူးမူးစွဲလမ်းခဲ့ကြတဲ့ သူငယ်ချင်းသုံးယောက်အကြောင်းဖြစ်ရပ်မှန်လေးပါပဲ။ ဇာတ်လမ်းလေးကတော့ ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့မှာ လူငယ်ခြေတက် ဆယ်ကျော်သက်ကောင်လေးတစ်စု ‌ရေလွှာစီးလိုက် စကိတ်စီးလိုက်ပျော်ပျော်နေကြတယ်ပေါ့လေ။ တိုနီ၊ဂျေး နဲ့ စတေဆီတို့ပါပဲ။ စကိတ်စီးတာကလည်းခေတ်ထလာတော့ စီးပွားရေးသမားတွေက ကောင်လေးတွေကိုသုံးပြီးငွေရှာဖို့ကြံ၊ ကောင်လေးတွေကလည်း စကိတ်စီးနေရရင်ပြီးရောဆိုတဲ့ ငယ်ဘဝကနေ ငွေရေးကြေးရေ၊ အချစ်ရေးတွေပါ စိတ်နှစ်ရမယ့်အရွယ်ရောက်လာခဲ့တဲ့အခါမှာတော့..... လူငယ်သဘာဝပျော်ပျော်နေတာတွေ၊ စကိတ်စီးတာတောင် သူများခြံထဲဘယ်လိုခိုးဝင်စီးခဲ့တာတွေ၊ သူငယ်ချင်းအချင်းချင်းစိတ်ဝမ်းကွဲတာတွေ၊မိသားစုလိုသံယောဇဉ်တွေကိုပါမြင်တွေ့ရမယ့် ဖြစ်ရပ်မှန်ကားကောင်းလေးပါပဲFile Size :(1.8 GB)(931 MB) and (230 MB) Quality : Blu-Ray 1080P, 720p Format…mp4 Duration…01:48:00 Genre : Biography , Drama , Sport Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae
movie

Lords of Dogtown(2005)

Jagame Thandhiram(2021) 7.0
Jagame Thandhiram(2021) Jagame Thandhiram(2021) အညွှန်း*******************************IMDb...7.0အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ ၂၀၂၁ ခုနှစ်ထွက် အမိုက်စား အိန္ဒိယ Action/Drama ကားလေးပဲဖြစ်ပါတယ်....ဒီဇာတ်ကားထဲမှာ ဇာတ်လိုက်မင်းသား ဆူရီလီ ဟာ အိန္ဒိယနိုင်ငံ  တမေးလ်နာဒူ ဒေသကသာမာန်စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်တဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်... ဒါ့အပြင် ကြံ့ခိုင်ထက်မြတ်တဲ့သူတစ်ယောက်ဖြစ်တဲ့ ဆူရီလီ ဟာ ဒေသတွင်းက ပြဿနာတွေကို အကြမ်းနည်းနဲ့ကိုင်တွယ်ဖြေရှင်းလေ့ရှိတဲ့အတွက် ဂိုဏ်းစတားတစ်ယောက်အဖြစ် နာမည်ကျော်ကြားတဲ့ သူလည်းဖြစ်ပါတယ်  .... တစ်နေ့မှာတော့ ဗြိတိန်နိုင်ငံက နာမည်ကြီး ဂိုဏ်းတစ်ခုဟာ လန်ဒန်မှာ သောင်းကျန်းနေတဲ့….သူတို့ရဲ့ပြိုင်ဖက် အိန္ဒိယလူမျိုးဂိုဏ်းတစ်ခုကို ချေမှုန်းဖို့အတွက် ကူညီပေးဖို့ တမေးလ်နာဒူဒေသရဲ့ နာမည်ကျော် ဆူရီလီ ကို ကမ်းလှမ်းလာပါတော့တယ်...အဲ့ဒီနောက်ဘာတွေဆက်ဖြစ် ဆက်ကြမ်းမလဲဆိုတာကိုတော့.....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Thar Htet & Thaik San တို့ပဲဖြစ်ပါတယ်...File Size :1.4GB Quality : WEB-DL 720p Format…mp4 Duration…02:37:00 Genre :  Action, Comedy, Crime Subtitle : Myanmar Subtitle ...
movie

Jagame Thandhiram(2021)

HEVC 1080p 5.1