Channel Myanmar

Alexander Lincoln

As I Am (2019) 6.0
As I Am (2019) ကျောင်းသားဘဝ (၁) ပတ်သာ ကျန်တော့တဲ့ ကိုင် နဲ့သူငယ်ချင်းတစ်သိုက်တို့ နောက်ဆုံးစာမေးပွဲဖြေဖို့ လုံးပမ်းရင်းနဲ့မှသူတို့အတွက် ဒဏ္ဍာရီတွင်စရာ ကိစ္စတစ်ခုတော့ကျန်ခဲ့အောင် ကြိုးစားဖို့ တိုင်ပင်ကြပါတော့တယ်. Coming-of-Age Movie အမျိုးအစားလေးဖြစ်တဲ့ ဒီဇာတ်လမ်းလေးမှာတော့ အဓိကဇာတ်ကောင် ကိုင်ရဲ့ ဘဝရွေးချယ်မှုတွေ၊ဘဝတစ်ဆစ်ချိုးအချိန်မှာ ကြုံတွေ့ရတဲ့ အခက်အခဲများကို ဖြတ်သန်းရင်း ဘဝရဲ့ နောက်တစ်ဆင့်ကို တက်လှမ်းရပုံတွေကိုပေါ့ပေါ့ပါးပါး အခိုက်အတန့် များ နဲ့ လေးနက်အရေးကြီးတဲ့ ဇာတ်ကွက်များ ပေါင်းစပ်ထားတာကို တွေ့နိုင်ပါတယ်၊ ဇာတ်လမ်းအနေနဲ့ ပြောရရင်လည်း ဇာတ်ရှိန်အတက်နှေးပေမယ့် နောက် ဘာဆက်ဖြစ်မလဲဆိုတာကို မခန့်မှန်းနိုင်တဲ့အချက်ကပဲဒီဇာတ်လမ်းလေးကို စီးမျောစေတဲ့အချက်လို့ ဆိုရပါလိမ့်မယ်.အချုပ်အနေနဲ့ ပြောရရင် အင်္ဂလန်ကျေးလက်ဒေသကို အခြေခံထားတဲ့ ဒီဇာတ်လမ်းကတော့ကျောင်းသားဘဝ အချစ်ရေးကိုလည်း အလှည့်အပြောင်း၊ ရှုပ်ထွေးမှုတွေ နဲ့တင်ဆက်ထားတဲ့အပြင် ကိုင်ရဲ့ တည်ငြိမ်လေးနက်တဲ့ ဒဿနတွေနဲ့ တစ်ဖက်ကကျောင်းသားဘဝရဲ့ ပေါ့ပါးမှု၊ လွတ်လပ်မှု၊ အရိုင်းဆန်မှု၊ ဗရုတ်ကျမှုများကိုလည်းအချိုးကျစွာ ဟာသနှောသရုပ်ဖော်ထားနိုင်တာကို တွေ့ရပါတယ်. File size…  1.74 GB /  752 MB Quality… WEB Dl 1080p ...
movie

As I Am (2019)

2019
The Fence (2022) 6.9
The Fence (2022)  စတိဗ်ဆိုတဲ့ ကောင်လေးကသူရှာထားတဲ့ပိုက်ဆံတွေစုပြီးဆိုင်ကယ်လေးတစ်စီးကိုဝယ်ခဲ့ပါတယ်။ဝယ်ပြီးသိပ်မကြာခင်မှာပဲအိမ်ရှေ့မှာရပ်ထားတုန်းအခိုးခံခဲ့ရပါတော့တယ်။ ဒီလိုနဲ့ရဲသွားတိုင်တော့သူက သူ့အစ်ကိုအန်ဒရူးရဲ့ညီဖြစ်နေတာကိုသိသွားတော့ ရဲတွေကမကူညီချင်သလိုထုံးစံအတိုင်းအင်တင်တင်လုပ်ပါတော့တယ်။သူ့အစ်ကိုအန်ဒရူးဆိုတာက အမြဲတမ်းထိုးလိုက်ကြိတ်လိုက်နဲ့လူကြမ်းတစ်ယောက်မလို့ အခုလဲခံဝန်နဲ့လွတ်လာတာဖြစ်ပါတယ်။ ဒီလိုနဲ့စတိဗ်တစ်ယောက် သူ့ဆိုင်ကယ်လေးကိုဘယ်သူခိုးသွားတယ်ဆိုတာကိုလိုက်စုံစမ်းရင်းနဲ့ သတင်းအတိအကျရလာတဲ့အခါ သူ့အသက်အရွယ်နဲ့ ဘာမှလုပ်မရတဲ့အတွက်သူ့အစ်ကိုကိုပဲ လူမိုက်ငှားပြီးခေါ်သွားခဲ့ပါတော့တယ်။သူ့အစ်ကိုကလဲမဆီမဆိုင်နဲ့ရဲတွေနဲ့ သူ့ကြားမှာပဲကြီးလှော်ဆားညှပ်နေတဲ့သူ့ ညီကိုသနားပြီးအတတ်နိုင်ဆုံးလိုက်ကူညီပေးခဲ့ပါတယ်။ဒီလိုနဲ့ဆိုင်ကယ်တော့ပြန်မရခဲ့ပေမဲ့လျော်ကြေးတော့ပြန်ရခဲ့ပါတယ်။ဒါပေမယ့်တကယ်တမ်းအပြစ်ရှိတဲ့လူကဆိုင်ကယ်သူခိုးမဟုတ်ပဲ နဲ့ ညီအစ်ကိုနှစ်ယောက်လုံးနဲ့ရန်စရှိနေတဲ့လူတွေဖြစ်တဲ့အခါမှာတော့ဘာတွေဖြစ်မယ်ဆိုတာကိုစိတ်ဝင်စားစွာနဲ့ကြည့်ရှုရမဲ့အက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။  File size…2.45GB / 744MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 34m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Soe Lay
movie

The Fence (2022)

In from the Side (2022) 6.8
In from the Side (2022) In from the Side (2022) -------------------------------------- ဒီကားကတော့ ရက်ဘီကစားပွဲကို အခြေတည်ထားတဲ့အနောက်တိုင်း BL ကားပဲဖြစ်ပါတယ်။ လန်ဒန် ဂေးရက်ဘီကစားသမား B အဖွဲ့က အတွေ့အကြုံမရှိသေးတဲ့ ကစားသမားအသစ် မာ့ခ်နဲ့ A အဖွဲ့ကစတားဖြစ်တဲ့ဝါရန်တို့ဟာ ကလပ်ရဲ့ပါတီတစ်ခုမှာ အရက်မူးပြီးငြိစွန်းသွားခဲ့ပါတယ်။နှစ်ယောက်လုံးမှာ ပိုင်ရှင်ကိုယ်စီရှိနေတာသိပေမယ့် စထားတဲ့ဇာတ်လမ်းကို မရပ်နိုင်ဘဲ ပါတနာတွေရဲ့နောက်ကွယ်မှာရော ရက်ဘီအဖွဲ့ဝင်တွေမသိအောင်ပါ ခိုးကြောင်ခိုးဝှက်နဲ့ နှစ်ပါးသွားနေကြတာပေါ့။ဒီလိုနဲ့ သူတို့ရဲ့ဖောက်ပြန်တဲ့ဇာတ်လမ်းက ဘူးပေါ်သလိုပေါ်သွားပြီး ကစားပွဲကိုပါထိခိုက်လာတဲ့အခါမှာတော့ ခိုးစားကြတဲ့ဆရာသမားတွေ ဘယ်လိုတိုင်ပတ်သွားမလဲ ဘယ်လိုပြန်ဖြေရှင်းကြမလဲ သူတို့ပါတနာတွေကရော သစ္စာဖောက်ခဲ့တဲ့သူတို့ကို ခွင့်လွှတ်ပေးကြမလားဆိုတာတော့ ဆက်လက်ကြည့်ရှုကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Robin ပဲ ဖြစ်ပါတယ်။Genre..... Drama, Sport Quality…. 1080p | 720p | 480p File size… 2.1GB | 1GB | 529MB Format… mp4 Duration…. 2h 14min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Robin Encoder ..... August
movie

In from the Side (2022)

2022
In from the Side (2023) 6.8
In from the Side (2023) မာ့ခ်ဟာ ရက်ဂ်ဘီအသင်းက ကစားသမား တစ်ယောက်ဖြစ်ပြီး အသင်းပွဲစဉ် ပြီးဆုံးလို့ ကလပ်တက်ကြတဲ့အခါအမှတ်မထင် ဝါရန်နဲ့ တွေ့ဆုံခဲ့ပါတယ်ထိုတွေ့ဆုံမှုကနေ အစပျိုးခဲ့တဲ့ သူတို့ဆက်ဆံရေးဟာ တကယ်တော့ ရပ်တန့်ပစ်ရမှာပဲဖြစ်ပါတယ်။အကြောင်းကတော့ မာ့ခ်နဲ့ ဝါရန်မှာ ကိုယ်ဆီကိုယ်ငှဆိုင်သူရှိနေကြလို့ပါ။သူတို့ရဲ့ ဇာတ်လမ်းလေးကို တိတ်တဆိတ်ပဲ ဆက်လှုပ်ရှားမှာလား... ပတ်ဝန်းကျင်က သတိထားမိသွားမလား... အသိ သတိကပ်ပြီး စိတ်ကို ချုပ်တည်းသွားနိုင်မလားဆိုတာကို ကြည့်ရှုရမှာပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(2.4GB) / (1.2GB) Quality__WEB-DL_1080p, 720p IMDb Rating__6.8/10 Format__mp4 Duration__02:04:00 Type__Drama, Sport Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt
movie

In from the Side (2023)