Channel Myanmar

Alexander Molony

Peter Pan & Wendy (2023)
Peter Pan & Wendy (2023) PeterPeter Pan & Wendy (2023)ပီတာပန်က J.M.Barrie ဖန်တီးထားတဲ့ဇာတ်ကောင်လေးဖြစ်ပြီး ပြဇာတ်ကနေစပြီး ရုပ်ရှင်ပေါင်းများစွာရိုက်ကူးထားတာမို့ ရုပ်ရှင်ချစ်ပရိသတ်တွေနဲ့ တစ်ခုမဟုတ်တစ်ခုမှာရင်းနှီးပြီးသားနေမှာပါ။ အခြေခံအားဖြင့်ဇာတ်ကားတွေမှာ ပီတာပန်က မကြီးပြင်းချင် အရွယ်မရောက်ချင်တဲ့ကောင်လေး၊ နဲဗားလန်းမှာသူ့လိုကလေးတစ်သိုက်နဲ့အတူနေတယ်။ သူ့ရန်သူကတော့ ပြောစရာမလိုပါဘူး ကပ္ပတိန်ဟုခ်ပေါ့။ သူကတစ်နေ့မှာဝင်ဒီ့ကို ကလေးငယ်တွေရဲ့မိခင်ဖြစ်ပေးဖို့လာခေါ်တယ်။ အဲ့လိုပေါ့။J.M.Barrie ရဲ့ မူရင်းပြဇာတ်နဲ့ဝတ္ထုမှာတော့ ပီတာပန်က ဗီလိန်ပါ။ တကယ်ဆိုနဲဗားလန်းကလုံးဝမကြီးပြင်းတာမျိုးမဟုတ်ပဲ ကြီးပြင်းမှုနှေးတာပါ။ အဲ့တော့ ပီတာပန်က ကြီးပြင်းတဲ့ကလေးတွေကို ပြဿနာရှာတယ်။ တစ်ခါတလေ သူ ပျင်းရင် အချင်းချင်းပြန်သတ်ကြတယ်။ ပီတာပန်က ဂျစ်တစ်တစ်ငဆိုးလေးပေါ့။ နောက်ပိုင်းမှာမှကလေးတွေကြားမှာ ပင်လယ်ဓားပြတွေရေပန်းစားလာတာကြောင့် စာရေးဆရာက ကပ္ပတိန်ဟုခ်ကိုဗီလိန်အနေနဲ့ထည့်ခဲ့တာပါ။ဒီ Peter Pan & Wendy ဇာတ်လမ်းမှာတော့ အပေါ်ကပြောခဲ့တဲ့ဇာတ်လမ်းသွားနှစ်ခုကြားမှာ မယုတ်မလွန်စည်းချထားတယ်ပြောရမယ်။ ပီတာပန့်ကို လူဆိုးဇာတ်မသွင်းသလို ဟီးရိုးအဖြစ်လဲပုံမဖော်ထားပါဘူး။ ပြီးတော့ ဝင်ဒီ။ တကယ်ဆိုပီတာပန်ဇာတ်လမ်းက အဓိကဝင်ဒီ့ရဲ့ဇာတ်လို့ပြောလို့ရတယ်။ လောကကြီးထဲကိုဝင်ရတော့မယ့် ကလေးတစ်ယောက်ရဲ့အကြောက်တရား မကြီးပြင်းချင်စိတ်တွေကနေ နဲဗားလန်းဆိုတဲ့အယူအဆကဖြစ်တည်လာတာပါပဲ။ ဒီဇာတ်လမ်းမှာ ဝင်ဒီ့ကိုလဲ တော်တော်အသားပေးထားသလို အရင်ကားတွေမှာမပါခဲ့တဲ့ ကွက်လပ်တွေကိုလဲဖြည့်ပေးထားပါသေးတယ်။ ရှေးရှေးကလက်ရာကောင်းများစွာလဲရှိတော့ အခုထွက်ရှိတဲ့ Peter Pan & Wendy ပေါ်ဝေဖန်သံ ...
movie

Peter Pan & Wendy (2023)

2023
The Bad Seed Returns (2022) 5.6
The Bad Seed Returns (2022) The Bad Seed Returns (2022)Horror movie ဖန်တွေအတွက် မစိမ်းလှတဲ့ ၂၀၁၈ ခုနှစ်မှာထွက်ရှိပြီးသား The Bad Seed ရဲ့ sequeal ဇာတ်လမ်း ထွက်ရှိလာပါပြီ။2018 movie ကို ကြည့်ရှုပြီးသူတွေကတော့ ဇာတ်လမ်းကြောင်းသိထားပြီးသားဖြစ်တာကြောင့် Psychopath ကလေးမလေး အမ်မာရဲ့ ဆယ်ကျော်သက်ရွယ်ဘဝကို ဒီကားမှာဆက်ပြီးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ငယ်ငယ်ကတည်းက Psychopath ဘဝနဲ့မွေးဖွားလာတဲ့ကောင်မလေး အမ်မာဟာ သူ့အဖေအရင်း၊ ရွယ်တူကောင်လေးတစ်ယောက်၊ ဆရာမတစ်ယောက်နဲ့ ကလေးထိန်းတစ်ယောက်တို့ကို လူမသိစေဘဲ သေအောင်ကြံစည်ခဲ့ပြီး သူ့အဒေါ် အန်ဂျလာနဲ့အတူနေထိုင်ဖို့အတွက် အဒေါ်အိမ်ကို လိုက်သွားခဲ့ရပါတော့တယ်။အဒေါ့်အိမ်မှာ အဒေါ့်ယောကျ်ားရယ် အဒေါ်တို့လင်မယားကမွေးတဲ့ ကလေးလေးနဲ့အတူနေထိုင်ရင်း ဆယ်ကျော်သက်ဘဝကို ဘယ်လိုဖြတ်သန်းမလဲ? သူ့ကိုမကျေမနပ်ဖြစ်အောင် လုပ်မိတဲ့သူတွေ ဘယ်လိုဇာတ်သိမ်းရမလဲ? ဒီတစ်ခေါက်မှာရော ပထမဇာတ်ကားကလို အပြစ်လွတ်အောင်ရှောင်နိုင်ပါ့မလား? ဆိုတာကိုတော့ အခုထွက်ရှိလာတဲ့ The Bad Seed Returns ဇာတ်ကားမှာ ကြည့်ရှုလိုက်ကြရအောင်ပါ။သွေးအေးအေးနဲ့ Psycho ဆန်ဆန်နောက်ခံသီချင်းတွေပါ ပါရှိပြီး ဇာတ်ကွက်ကို ...
movie

The Bad Seed Returns (2022)

2022