Channel Myanmar

Alexandre Steiger

Neneh Superstar (2023)
Neneh Superstar (2023)  ယ‌ခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၂ ခုနှစ်ထွက် ပြင်သစ်ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ အသက် ၁၂ နှစ်အရွယ် Neneh ဆိုတဲ့ကောင်မလေးတစ်ယောက်အကြောင်းပါ။ သူမကလူမည်းတစ်ယောက်ပါ။ သူမဟာဘဲလေးအကကိုအရမ်းဝါသနာပါပါတယ်။ ဒီတော့သူမကပဲရစ်မြို့ကအော်ပရာဘဲလေးသင်တန်းကျောင်းမှာဝင်ခွင့်သွားလျှောက်တဲ့အခါ ပါရမီပါသူတယောက်ဖြစ်တဲ့အတွက်ဝင်ခွင့်ရခဲ့ပါတယ်။ဒါပေမဲ့ လူမည်းတစ်ယောက်ဖြစ်နေတဲ့အတွက် ကျောင်းအုပ်ကြီးကတော့ သူမကိုသဘောမကျပါဘူး။ ကျောင်းအုပ်ကြီးကဘဲလေးအကဟာလူဖြူတွေကတာဆိုတဲ့ရိုးရာကိုထိန်းသိမ်းချင်သူပါ။ဒီတော့ Neneh အနေနဲ့လူဖြူတွေကြားထဲကလူမည်းတစ်ယောက်ဖြစ်နေတော့ ကျောင်းအုပ်ကြီးရဲ့ကြည်ဖြူမှုကိုရဖို့ အခြားသူတွေထက်ပိုကြိုးစားရပါတယ်။ထို့ပြင် Neneh ကထူးချွန်တဲ့အတွက်ကြောင့်မနာလိုတဲ့ကျောင်းသူအချို့ကလည်းရှိနေပါတယ်။သူတို့က Neneh ကိုပြဿနာရှာကြတဲ့အခါ Neneh အနေနဲ့မိဘခေါ်ပြီးကျောင်းအုပ်ကြီးနဲ့တွေ့ရတာမျိုး‌တွေရှိလာပါတယ်...ထိုအခါ Neneh ရဲ့အခြေအနေဟာပိုပြီးတော့ကျပ်တည်းလာပါတယ်....ဒီဇာတ်ကားမှာ လူဖြူတွေရဲ့ခွဲခြားမှုကိုခံရတဲ့လူမည်းမိန်းကလေးရဲ့ခံစားချက်တွေ...သူမဘဝအပေါ်မကျေနပ်မှုလေးတွေရိုက်ပြထားပါတယ်...ခံစားကြည့်ကြပါခင်ဗျာ.... File size…(1.2 GB)/(626 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Drama, Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie

Neneh Superstar (2023)

The Green Perfume (2022) 5.4
The Green Perfume (2022)  ဒီတစ်ခါမှာတော့ Green Perfume ဆိုတဲ့ပြင်သစ် ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဉ်း....ပြင်သစ်ပြဇာတ်အဖွဲ့တစ်ခုဟာ စတိတ်စင်ပေါ်မှာ ဖျော်ဖြေကပြနေတုန်း ပြဇာတ်သရုပ်ဆောင်"ဗယ်လာ့ဒ်"ဟာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရပါတယ် သူမသေခင်မှာ သူ့သူငယ်ချင်းဖြစ်တဲ့ "မာတင်"ကို "Green Perfume "ဆိုတဲ့အဖွဲ့အစည်းက သူ့ကိုလုပ်ကြံတာဖြစ်ကြောင်းပြောပြီးမှသေဆုံးသွားပါတယ်ရဲတွေက မာတင်ကိုသံသယဝင်ကြပြီး သံသယရှိသူအဖြစ်သတ်မှတ်ပြီး လိုက်ဖမ်းကြပါတယ် ဒါပေမဲ့ တစ်ဖက်မှာလည်း လူဆိုးအဖွဲ့ကလည်း"မာတင်"ကို သူ့ကို "ဗယ်လာ့ဒ်"ကမသေခင်မှာဘာတွေပြောသွားလဲဆိုတာသိရဖို့ ပြန်ပေးဆွဲပါတယ် နှစ်ဖက်စလုံးရဲ့လိုက်လံရှာဖွေမှုခံရတဲ့ "မာတင်"တစ်ယောက် ဘယ်လိုတွေရင်တိုင်ရမလဲ သူ့ကိုကူညီပေးမယ့် "ကလယ်ယာ"ဆိုအမျိုးသမီးနဲ့တွေ့ဆုံပြီး ကလယ်ယာကရော သူ့ကိုအစွမ်းကုန်ကူညီပေးမလား"ဗယ်လာ့ဒ်"ကရောဘာကြောင့်အသတ်ခံရတာလဲဆိုတာကို မာတင်တစ်ယောက်အဖြေရှာရပါတော့တယ် File size…(2.56 GB)/(1.13 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre...Comedy, Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane
movie

The Green Perfume (2022)

Eiffel (2021) 6.2
Eiffel (2021) ပြင်သစ်သမိုင်းဖြစ်ရပ်မှန် ဒရာမ အသစ်လေး ကြည့်လိုက်ရအောင်။ ဇာတ်ကားနာမည်ကိုတွေ့တာနဲ့ သိသာနေပါပြီ။ အိုက်ဖယ်မျှော်စင် (အီဖယ်မျှော်စင်)ကို တည်ဆောက်ခဲ့တဲ့ အင်ဂျင်နီယာ ဂုစတက် အိုက်ဖယ်ရဲ့ အကြောင်းပါပဲ။ အိုက်ဖယ်မျှော်စင်ကို ၁၈၈၇ ခုနှစ် ဇန်နဝါရီလမှာ စတင်တည်ဆောက်ခဲ့ပြီး ၂ နှစ် ၂ လ နဲ့ ၅ ရက်အကြာ ၁၈၈၉ မတ်လမှာ ပြီးစီးခဲ့ပါတယ်။ မီတာ ၃၀၀ အထိ မြင့်ပြီးတော့ သံတွေနဲ့တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီလောက်ကမ္ဘာကျော် ဧရာမအဆောက်အဦအမြင့်ကြီးကို ဆောက်တဲ့နေရာမှာ ထူးခြားစွာပဲ သေဆုံးခဲ့သူ ကြီးကြီးမားမားထိခိုက်ခဲ့သူမရှိခဲ့ပါဘူး။ ဒါဟာလည်း အလုပ်သမားတွေနဲ့ ခေါင်းဆောင်တွေရဲ့ အရည်အချင်းတစ်ရပ်ပါပဲ။ ဒီရုပ်ရှင်ထဲမှာတော့ မျှော်စင်ကြီးစတည်ဆောက်ဖို့အကြောင်းဖန်လာပုံတွေ၊ ကြိုးစားခဲ့တာတွေ အခက်အခဲတွေကို ရိုးမန့်စ်ဒရာမာလေးတွေနဲ့ရောပြီး ပြသထားပါတယ်။  ရုပ်ရှင်ကောင်းတစ်ခုပဲမို့ တင်ပေးလိုက်ပါတယ်။ File size…(1.49GB)/(662MB)/(425.5 MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Drama, Biography, History Subtitle….Myanmar ...
movie

Eiffel (2021)