Channel Myanmar

Alexandria Steffensen

Talk to Me (2022) 7.4
Talk to Me (2022) Talk to Me (2022)~ IMDb - 7.4/10, Rotten Tomatoes - 95% ~ဇာတ်လမ်းက အရမ်းကြောက်ဖို့ကောင်းပေမဲ့ အထဲက ဇာတ်ကောင်တွေကတော့ အတော်ကိုတုံးတယ်ပြောရမှာပါပဲ။ ဝိညာဉ်ခေါ်လို့ရတယ်လို့ နာမည်ကြီးတဲ့ လက်ပြတ်အရုပ်တစ်ခုကို ရလာတယ်။ မူလ လက်ပြတ်ပိုင်ရှင်က စိတ်ဖောက်ပြီး သူ့ကိုယ်သူ သတ်သေသွားပြီ။ အဲဒီလက်ပြတ်ကို ကိုင်ပြီး ငါ့ကို စကားပြောပါဆိုရင် ဝိညာဉ်ကိုမြင်ရတယ်။ ငါမင်းကိုဝင်ခွင့်ပေးတယ်ဆိုရင် ကိုယ်ထဲကိုဝင်ပူးခံရတယ်။ အဲဒါကို လူငယ်တသိုက်က အလှည့်ကျ ပူးတိုင်းကစားကြပါတယ်။ စည်းကမ်းကတော့ စက္ကန့် ၉၀ မကျော်ရင် ဘာမှမဖြစ်ပါဘူးတဲ့။ ဒါပေမဲ့ ထုံးစံအတိုင်း ကောင်လေးတစ်ယောက်အလှည့်မှာတော့ စက္ကန့် ၉၀ ကျော်ပြီး ဝိညာဉ်တွေ သောင်းကျန်းကုန်ပါတယ်။ အဲဒီကလေးကို သေအောင်လုပ်ပြီး အပိုင်သိမ်းဖို့ ကြိုးစားတဲ့ ဝိညာဉ်ဆိုးတွေရောက်လာတယ်။ အဲဒီကလေးလွတ်အောင် မင်းသမီးက ဘယ်လိုတွေ လိုက်ကယ်ရမလဲဆိုတာ ကြည့်ရမှာပါ။ဒီ ရုပ်ရှင်ဟာ ...
movie

Talk to Me (2022)

2022
4K HEVC
How to Please a Woman (2022) 6.2
How to Please a Woman (2022) How To Please A Woman (2022) ======================= IMDb Rating - 6.2/10ဒီတစ်ခေါက်အတွက်တော့ တခြားဇာတ်လမ်းတွေနဲ့မတူဘဲ ကွဲထွက်နေတဲ့ ဟာသဆန်ဆန် comedy ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဆက်ဆံရေးတစ်ခုမှာ သာယာမှုကို အပြည့်အဝရပိုင်ခွင့် အမျိုးသမီးတွေမှာလည်း တောင်းဆိုခွင့်ရှိကြောင်းနဲ့၊ အမျိုးသမီးတွေဟာ ကိုယ့်အားကိုယ်ကိုးပြီး အချိန်မရွေး ဘဝသစ်တစ်ခုကို ရွေးချယ်ပိုင်ခွင့်ရှိကြောင်းကို အဓိကအသားပေးဖော်ပြထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ဒီဇာတ်လမ်းထဲမှာ အသက်ငယ်ရွယ်သူတွေအတွက် ကြည့်ရှူဖို့မသင့်တော်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ အသုံးအနှုန်းတွေပါဝင်တာကြောင့် အသက်ပြည့်ပြီးမှ ကြည့်ရှူကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အဲ့လိုရေးလို့ လူငယ်ကြိုက် 18+ ဇာတ်လမ်း မျိုးလိုတော့ မထင်ပါနဲ့။ဇာတ်လမ်းလေးရဲ့ အကျဉ်းချုပ်ကတော့...ရှေ့နေဖြစ်သူယောက်ျားတစ်ယောက်နဲ့ အိမ်ထောင်ကျထားပြီး ဘဝကို ရုံးအလုပ်တွေ အိမ်သန့်ရှင်းရေး အလုပ်တွေနဲ့ပဲ ငြီးငွေ့စွာဖြတ်သန်းနေရတဲ့ ဂျီနာတစ်ယောက်၊ တစ်နေ့မှာတော့ သူငယ်ချင်းတွေက သူ့ရဲ့ အသက်၅၀ ပြည့်မွေးနေ့လက်ဆောင်အဖြစ် ကောင်လေးတစ်ယောက်ကို အိမ်ကိုပို့ပေးလိုက်ပါတယ်။ ဝန်ဆောင်မှုအဖြစ် နှစ်နာရီရတဲ့အချိန်အတွင်းမှာ ဂျီနာကတော့ ဘာမှမတောင်းဆိုဘဲနဲ့ သန့်ရှင်းရေးပဲလုပ်ခိုင်းလိုက်ပါတယ်။ အသက်၅၀ ရှိနေပြီဖြစ်တဲ့ ဂျီနာတစ်ယောက် ကောင်လေးရဲ့ သန့်ရှင်းရေးလုပ်တဲ့ ပုံစံကို ကြိုက်သွားပြီး အမျိုးသမီးတွေအတွက် ယောက်ျားလေးတွေက အိမ်သန့်ရှင်းရေး ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီကို တည်ထောင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲ့တော့ ဂျီနာတစ်ယောက် အသက်၅၀ပြည့်မှ ...
movie

How to Please a Woman (2022)

2022