Channel Myanmar

Alexia Fast

Jack Reacher (2012) 7.0
Jack Reacher (2012) Jack Reacher (2012)IMdb Rating (7.0)လူတစ်ယောက် Van ကားတစ်စီးစီးပြီး ကားပါကင်ထဲကိုဝင်လာတယ်. တစ်ဖက်မြစ်ကမ်းကိုမြင်ရတဲ့နေရာနားမှာကားကိုရပ်တယ်.ပြီးတော့ သူ့ရဲ့ Rifle ကို ပြင်ဆင်ပြီး မြစ်တစ်ဖက်ကမ်းကိုချိန်တယ်.စိတ်ကိုတည်ငြိမ်အောင်အသက်ကို၀၀ရှူပြီး သူ့ရဲ့ပစ်မှတ်တွေကို rifle နဲ့သေချာချိန်နေတယ်.သူ့ရဲ့ပစ်မှတ်တွေက အခြားမြစ်တစ်ဖက်ကမ်းပေါ်မှာ ပုံမှန်အတိုင်းလမ်းသွားလမ်းလာလုပ်နေတဲ့လူတွေ.စက္ကန့်ဝက်လောက်ချိန်ပြီးတဲ့အခါမှာ သူစပစ်တယ်.လူပေါင်းငါးယောက်သေတယ်.ပစ်မှတ်တွေကိုပစ်ပြီးတဲ့အခါ ထွက်ပြေးသွားတယ်.မကြာခင်ပဲရဲတွေမှူခင်းဖြစ်တဲ့နေရာကိုရောက်လာတယ်.သဲလွန်စတွေလိုက်ရှာတဲ့အခါ ကားပါကင်ဝင်ကြေးအတွက် လူသတ်သမားရှင်းခဲ့တဲ့အကြွေစေ့ကနေ လူသတ်သမားရဲ့လက်ဗွေရာကိုရရှိခဲ့တယ်.လက်ဗွေရာကိုစစ်ဆေးကြည့်တဲ့အခါ လူသတ်သမားဟာ အမေရိကန်စစ်တပ်မှာ sniper အဖြစ်စစ်မှုထမ်းခဲ့တဲ့ James Barrဖြစ်နေကြောင်းသိရတယ်. ရဲတွေ James Barr ရဲ့အိမ်ကို ဝင်စီးတဲ့အခါ Barr ကိုအိပ်ယာပေါ်မှာအိပ်နေရင်းတွေ့တယ်. Barr ကိုဖမ်းပြီး သီးသန့်ခန်းထဲမှာစစ်ဆေးတဲ့အခါ ဘာတစ်ခွန်းမှပြန်မပြောဘဲ Jack Reacher လို့သာရေးပေးတယ်.အဲ့တော့ ရဲတွေက Jack Reacher အကြောင်းကိုစုံစမ်းရတာပေါ့ .Jack Reacher ဆိုတဲ့လူဟာ credit card မရှိ e-mail မရှိ.အိမ်လိပ်စာအတိအကျမရှိတဲ့လူ သူက သရဲလိုပဲ. နှစ်နှစ်လောက်ပျောက်နေတဲ့လူ. အမေရိကန်စစ်တပ်မှာ ...
movie

Jack Reacher (2012)

2012
4K HEVC
Last Kind Words (2012) 4.8
Last Kind Words (2012) Last Kind Words (2012) ================= Horror, mysteryစိတ်ဝင်စားစရာ အပြည့်နဲ့ Horror ကားဟောင်းလေးဖြစ်ပါတယ်။ အီလိုင်ဆိုတဲ့ ကောင်လေးတို့ မိသားစုဟာ ကန်တက်ကီနယ်မြေက မြို့ငယ်လေးကိုပြောင်းလာ ခဲ့ပါတယ်။ သူတို့ပြောင်းလာတဲ့အိမ်က အမေရိကန်ပြည်တွင်းစစ်ပွဲကြီးဖြစ်ခဲ့ပြီး လူမည်းကျွန်များစွာကို ကြိုးပေးခဲ့တဲ့ခြံကြီးပါ။ အီလိုင်က အထီးကျန်တိုင်းတော ထဲကို သွားလေ့ရှိတယ်။ သူ့နားမှာလည်း အမန်ဒါဆိုတဲ့ မိန်းကလေးတစ်ယောက်က အမြဲရှိနေတဲ့အတွက် အမန်ဒါနဲ့ခင်သွားပါတယ်။တကယ်တော့ အမန်ဒါက လွန်ခဲ့တဲ့နှစ်(၅၀)လောက်က သူတို့ခြံထဲမှာပဲ ကြိုးပေး ခံခဲ့ရတဲ့ ကောင်မလေးဖြစ်ပြီး အီလိုင်ရဲ့အဖေနဲ့ချစ်သူတွေဖြစ်ခဲ့ကြတာပါ။ မကျွတ် လွတ်သေးတဲ့ အမန်ဒါနဲ့ သူ့ရဲ့လူ့ဘဝက ဇာတ်လမ်းကို အီလိုင်သိသွားတဲ့အခါ ဘ တွေဆက်ဖြစ်သွားမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(1.3 GB) / (550 MB) / (344 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 27Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Horror, Mystery Translator.......Thiha Yan Naing Encoder..........SWM
movie

Last Kind Words (2012)

2012
Fido(2006) 6.7
Fido(2006) IMDb Rating (6.7)/ Rotten Tomatoes (73%) ဇွန်ဘီးကားတွေစောင့်မျှော်နေကြတဲ့သူတွေအတွက် ဇွန်ဘီးကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။2006 ကထွက်ရှိခဲ့ပြီးတော့ သရုပ်ဆောင်တွေအဖြစ် Billy Connolly ၊ Matrix ကားများမှမင်းသမီးချောကြီး Carrie-Anne Moss ၊ Henry Czerny တို့မှပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇွန်ဘီးကပ်ဖြစ်ပြီးနောက်ပိုင်း ၁၉၅၀ခုနစ်သဏ္ဍာန်ကိုနောက်ခံတည်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အာကာသအမှုန်အမွှားတစ်ခုမှထွက်တဲ့​radiationaများကြောင့်လူတွေသေပြီးရင် ဇွန်ဘီးအဖြစ်ကိုပြောင်းကုန်ပါတယ်။ဇွန်ဘီးကပ်ကိုရှေ့ပိုင်းမှာ ရွတ်ရွတ်ချွံချွံတိုက်ခိုက်အောင်မြင်ခဲ့ပြီးနောက် လူသားတွေကဇွန်ဘီးကို ထိန်းချုပ်လို့ရတဲ့လည်ပတ်ကို တီထွင်ခဲ့ပါတယ်။အဲ့လည်ပတ်နဲ့ဇွန်ဘီးတွေကိုထိန်းချုပ်ထားပြီးနောက် နေ့စဉ်ဓူဝအလုပ်တွေမှာခိုင်းစေအသုံးပြုလာကြတဲ့အထိတိုးတက်နေကြပါတယ်။မြို့တွေအလိုက်ခြံစည်းရိုးတွေကာထားပြီးတော့ လုံခြုံရေးကိုဇွန်ကွန်လို့ခေါ်တဲ့networkတစ်ခုမှ ကြီးကျပ်ပါတယ်။အဲ့လိုစနစ်တကျထိန်းချုပ်မှုများနဲ့နေထိုင်ခဲ့ပြီးနောက်မှာ တင်မီဆိုတဲ့ကောင်လေးဟာ သူ့ရဲ့အိမ်ကိုခိုင်းစေဖို့ရောက်လာတဲ့ဇွန်ဘီး Fidoနဲ့မိတ်ဆွေဖြစ်သွားပါတယ်။ဇွန်ဘီးနဲ့လူသားကြားကသံယောဇဉ်ကိုကာကွယ်ရင်း တင်မီကပြဿနာတွေနဲ့ရင်ဆိုင်ရပါတော့တယ်။တစ်ဖက်ကလည်းမြို့ကိုကာကွယ်စောင့်ရှောက်နေတဲ့ အိမ်နီးချင်းဇွန်ကွန်ခေါင်းဆောင်ကလည်း ဇွန်ဘီးနဲ့လူသား မပေါင်းဖက်စေရရေးအစွမ်းကုန်တားဆီးတာနဲ့ ကြုံရပါတော့တယ်။တင်မီ သူ့ရဲ့တစ်ဉီးတည်းသောအချစ်ဆုံးသူငယ်ချင်းကောင်လေး ဖိုင်ဒိုနဲ့မခွဲရဖို့ဘယ်လိုစွန့်စားသွားမလဲဆိုတာကိုကားလေးကိုကြည့်ရှုရင်း ရုပ်ရှင်ရသခံစားလိုက်ကြပါစို့။ Horror Comedy ဖြစ်ပေမဲ့မိသားစုနဲ့တပျော်တပါးကြည့်ရှုလို့ကောင်းတဲ့ကားတစ်ကားဖြစ်ပါတယ်။ File size…2.6 GB / 798.6 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 41m Genre ..... Comedy , Drama , Horror Subtitle….Myanmar Subtitle ...
movie

Fido(2006)

The Captive(2014) 6.7
The Captive(2014) The Captive(2014)****************Ryan Reynolds ပါဝင်ထားတဲ့ 2014ခုနှစ်က mystery, thrillerကားလေးကို တင်ဆက်ပေးပါရစေ။ မက်သရူးတို့ လင်မယားနှစ်ယောက်ဟာ ငွေးရေးကြေးရေးသိပ်အဆင်မပြေပေမဲ့ သမီးဖြစ်သူကရေခဲပြင်စကိတ်အားကစားမှာ ဆုတွေရပြီး အိုလံပစ်ပွဲတွေပါဝင်ပြိုင်ဖို့လျာထားခံရသူဆိုတော့ ဂုဏ်ယူရတဲ့မိဘတွေပေါ့။သမီးဖြစ်သူ လေ့ကျင့်ရေးပြီးလို့ အိမ်‌ပြန်ခေါ်လာတဲ့လမ်းမှာပဲ ညစာဝင်ဝယ်ချိန်သမီးဖြစ်သူပျောက်သွားပါတယ်။ သမီးပျောက်သွားလို့ မက်သရူးလည်း သူ့ကိုယ်သူအပြစ်တင်မိန်မဖြစ်သူကလည်း ဖြေဆည်မရနဲ့ လင်မယားနှစ်ယောက်ဟာ သိပ်အဆင်မပြေကြတော့ပါဘူး။ဒီလိုနဲ့ သမီးလေးပျောက်သွားတာ ၈နှစ်ကြာပြီးချိန်မှာ သူတို့သမီး အသက်ရှင်နေသေးတယ်ဆိုတာကိုသိလိုက်ရပါတယ်။ ဒီတော့ မက်သရူးတို့လင်မယား၊ ရဲတွေနဲ့ စုံထောက်တွေဟာ ပျောက်သွားတဲ့သမီးလေးကိုပြန်တွေ့အောင် လိုက်ရှာပါတော့တယ်။ သူတို့တွေ ကလေးကို ပြန်ရှာတွေ့ပါ့မလား၊ဘယ်လိုစွန့်စားခန်းတွေလုပ်ရမလဲ၊ သမီးဖြစ်သူကရော ဘာတွေဖြစ်နေမလဲဆိုတာ ဆက်လက်စောင့်ကြည့်လိုက်ပါဦးနော်။    File Size :(1.8GB)(544 MB) and (190 MB) Quality : Blu-Ray 720p Format…mp4 Duration…01:52:00 Genre : Crime , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

The Captive(2014)

Apex (2021) 5.7
Apex (2021)  Apex ဆိုတဲ့ကျွန်းကြီးပေါ်မှာ လစဉ်လတိုင်း ထိပ်တန်းလူချမ်းသာ၆ယောက်ဟာ လူတစ်ယောက်ကို သားကောင်အဖြစ်အမဲလိုက်ကစားကြပါတယ်။သူပါတဲ့ပွဲတိုင်းနိုင်နေတဲ့ ဒေါက်တာရိန်းစ်ဖို့ဒ်ဟာ ကစားပွဲစီစဉ်သူကို သတ်ရအခက်ဆုံးသားကောင် တောင်းဆိုလိုက်တဲ့အခါ...တစ်သက်တစ်ကျွန်းကျနေတဲ့ ဘရုစ်ဝီလီတစ်ယောက် လွတ်မြောက်ဖို့အခွင့်အရေး ရလာပါတော့တယ်ကစားသမား၆ယောက်ဟာ သားကောင်ဖြစ်တဲ့ လူအိုကြီးဘရုစ်ဝီလီကို လျှော့တွက်ထားရာကနေ ထင်မထားတဲ့ရလဒ်တွေဖြစ်လာမလားဆိုတာ ကြည့်ရမယ့်ဇာတ်လမ်းဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Pyi T. Nyein ပါ )File Size__1.6 GB, 900 MB Quality__1080p, 720p IMDb Rating__5.7/10 Format__mp4 Duration__01:30:00 Type__Action , Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Pyi T. Nyein Encoded by Naing Aung Latt
movie

Apex (2021)