Channel Myanmar

Ali Gage

Joy Ride (2001) 6.6
Joy Ride (2001) လူးဝစ်စ်သောမတ်ဟာ ကျောင်းကြီးပိတ်လို့ အိမ်ကိုပြန်မယ့်လမ်းမှာ ငယ်သူငယ်ချင်းလည်းဖြစ် ခရပ်ရှ်လေးလည်းဖြစ်တဲ့ ဗန်နာဆိုတဲ့ ကောင်မလေးကို သွားကြိုဖို့ရည်ရွယ်ထားပါတယ်။ဒါပေမယ့် ပေတေလေလွင့်နေတဲ့ သူ့အစ်ကိုဖြစ်သူ ဖူလာ မူးယစ်ရမ်းကားမှုနဲ့အချုပ်ကျနေတဲ့သတင်းကိုရတော့ သူ့အစ်ကိုကိုဝင်ပြီး အာမခံနဲ့ထုတ်ခဲ့ရပါတယ်။အဲ့ဒီလိုနဲ့ညီအစ်ကိုနှစ်ယောက်ကားမောင်းပြန်လာရင်း အငြိမ်မနေတတ်တဲ့ ဖူလာက ထရပ်ကားသမားတွေဆက်သွယ်စကားပြောတဲ့ ရေဒီယိုစက်နဲ့ ဟိုဒီလျှောက်ကလိရင်း ရပ်စတီနေးလ်ဆိုတဲ့ ကားသမားတစ်ယောက်ကို မိန်းကလေးအယောင်ဆောင် စနောက်ရာကနေ ကြမ္မာဆိုးတွေဆီဦးတည်ဖို့ဖြစ်လာပါတော့တယ်။သူတို့သွားပြီးစနောက်မိတဲ့သူဟာ psychopath တစ်ယောက်ဖြစ်နေပြီး အမှတ်မထင်စနောက်မိတဲ့အဖြစ်လေးအတွက် သူတို့ကို ကောင်းကောင်းကြီး သင်ခန်းစာပေးတော့မှာဖြစ်ပါတယ်။ ကားတွေနဲ့ကံပါပုံရတဲ့ သွားလေသူ paul walker ရဲ့ကားတွေနဲ့ဇာတ်ကားတစ်ကားပါပဲ။မထင်မှတ်ပဲပေါက်သွားခဲ့တာကြောင့် နောက်ထပ် နောက်ဆက်တွဲ နှစ်ကားထွက်ထားပါသေးတယ်။ ဒီကားကတော့ ပထမဆုံးနဲ့အကောင်းဆုံးဖြစ်ပြီး Thriller vibe အပြည့်ရစေမှာပါ။ File size…(1.5 GB)/(738 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:37:00 Genre...Action, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alias
movie

Joy Ride (2001)

The Princess Diaries (2001) 6.3
The Princess Diaries (2001)  မင်းသမီးချော Anne Hathaway ရဲ့ ငယ်ရွယ်စဉ်က အလှတွေကို တစ်ဝကြီးမြင်ရမယ့် တောင်းဆိုမှုများတဲ့ ကားဟောင်းကောင်းလေးတစ်ကား လာပါပြီ။၂၀၀၁ ခုနှစ်က ထွက်ရှိထားပြီး ငယ်ငယ်က Hollywood မူဗီတွေရဲ့ vibe ကို အပြည့်အဝပေးစွမ်းတဲ့ ကားလေးပါ။မီယာဟာ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်ဆစ္စကိုက လူမသိသူမသိနေရာလေး တစ်ခုမှာ အမေတစ်ခု သမီးတစ်ခု နေထိုင်ရင်း ဘဝကို အသက်ဆက်နေသူပါ။ ရှာမှရှားတဲ့ တစ်ဦးတည်းသော သူငယ်ချင်းလေးနဲ့အတူ ကျောင်းသွားရင်း ကျောင်းရဲ့ ဘူလီခံ စတိုင်လ်မကျု ရုပ်ဆိုးမလေးပေါ့၊ဒါပေမဲ့ တစ်နေ့ သူဟာ ဂျနိုဗီယန် နိုင်ငံရဲ့ နန်းတက်မင်းသမီးတစ်ပါးပါဆိုပြီး အဘွားဖြစ်သူ ဘုရင်မကြီး ရောက်လာတဲ့ သတင်းနဲ့အတူ သူ့ဘဝကြီးဟာ ဇောက်ထိုးမိုးမျှော်တွေဖြစ်ကုန်ပါတော့တယ်။ဒီတော့ သာမန်ဘဝနဲ့ပဲ ဖြတ်သန်းချင်တဲ့ မီယာနဲ့ မြေးဖြစ်သူကို တော်ဝင်မျိုးနွယ်စုထဲ ဇွတ်တွေ သွပ်သွင်းချင်တဲ့ ဘွားဘွားတို့ ဘယ်လို အတိုက်အခံတွေဖြစ်ကြမလဲ ကြည့်ရှုလိုက်ကြပါဦး File size…(2.03GB/(1.03MB)/(686MB) Quality….Webrip 1080p / ...
movie

The Princess Diaries (2001)

The Princess Diaries 2: Royal Engagement (2004) 5.8
The Princess Diaries 2: Royal Engagement (2004)  ၂၀၀၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Princess Diaries  ပထမကားအပြီးမှာ နန်းတွင်းရေးရာတွေ သင်ယူရင်း နန်းတက်ဖို့ပြင်ဆင်နေပြီဖြစ်တဲ့ မင်းသမီးလေးအကြောင်းကို ထပ်ချပြဖို့  The Royal Engagement အမည်ခွဲနဲ့ နောက်ထပ် တစ်ကားထပ်ထွက်ခဲ့ပါတယ်။မင်းသမီ မီယာတစ်ယောက် သူက မင်းသမီးဆိုတာ စသိခဲ့ရတုန်းက မဖြစ်ချင်လို့ အတွင်တွင်ငြင်းခဲ့ပေမယ့် အခု တော်ဝင်ဘဝကို လက်ခံပြီး နိုင်ငံအုပ်ချုပ်မယ် ဖြစ်သွားပြန်တော့လည်း အနှောင့်အယှက်တွေက ရှိလာပြန်ပါတယ်.ဒါကတော့ အိမ်ထောင်မရှိတဲ့ မိန်းမဟာ ဂျနိုဗီယာဘုရင်မ လုပ်လို့မရဘူးဆိုတဲ့ ဥပဒေပါပဲ။ ဘုရင်မမှ လုပ်ချင်သပဆို တစ်လအတွင်း ကြင်ယာရှာဖို့ပါ ပါလီမန်က ချမှတ်လိုက်တော့ မီယာတစ်ယောက် ဘာတွေဘယ်လို ဆက်လုပ်ကြမလဲဆိုတာ ရင်ခုန်စွာနဲ့ ကြည့်ရှုလိုက်ကြပါဦးFile size…(1.87GB/(1017MB)/(518MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:53:00 Genre...Comedy / Family / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

The Princess Diaries 2: Royal Engagement (2004)