Channel Myanmar

Ali Reza Jahandideh

A Hero (2021) 7.4
A Hero (2021) A Hero (2021) --------------- IMDb - 7.2 , Metacritic - 82%အီရန်ဒါရိုက်တာတွေထဲမှ Abbas Kiarostami တို့ Asghar Farhadiတို့ Mohsen Makhmalbafတို့လို Art Film Fanတွေ အသည်းစွဲကြိုက်ကြတဲ့ ဒါရိုက်တာတွေမနည်းပါဘူး။A Heroကတော့ Asghar Farhadiရဲ့ ဒီနှစ်ထွက် ရုပ်ရှင်အသစ်ပါပဲ။ Asghar Farhadiဟာ ရိုက်သမျှကားတိုင်း ကောင်းနေတဲ့ ဒါရိုက်တာတွေထဲက တစ်ယောက်လို့ဆိုလို့ရပါတယ်။ သူရိုက်တဲ့ A Separationဆို Academy Award for Best International Feature Filmဆု ကိုရခဲ့တဲ့ ပထမဆုံးအီရန်ရုပ်ရှင်အဖြစ် မှတ်ကျောက်အတင်ခံခဲ့ရပြီး The Salesman နဲ့ ဒီဆုကိုပဲ ဒုတိယမ္ပိထပ်ရရှိခဲ့ပါတယ်။ အခု A Heroလည်း အော်စကာ ဆန်ခါတင် စာရင်းထဲထပ်ပါလာပြန်ပါပြီ။ဇာတ်ကြောင်းကတော့ ရှင်းရှင်းလေးပါပဲ။ ရှင်းရှင်းလေးကိုပဲ ပြန်ပြောပြဖို့ တော်တော်ခက်ပါတယ်။ အကြွေးမဆပ်နိုင်လို့ ထောင်ကျနေတဲ့ လူတစ်ယောက် ရွှေအိတ်တစ်အိတ်ကောက်ရတယ်။ အစက အဲဒီရွှေအိတ်ကို ရောင်းပြီး အကြွေးဆပ်ဖို့လုပ်တယ်။ နောက်ကျ ပိုင်ရှင်ကိုပြန်ပေးဖြစ်သွားတယ်။ အကြွေးမဆပ်နိုင်လို့ ...
movie

A Hero (2021)

2021