Channel Myanmar

Alice Cora Mihalache

Dampyr (2023) 5.5
Dampyr (2023)  ဇာတ်လမ်းအစမှာတော့ ဒရက်ကာဆိုတဲ့ဗန်ပိုင်းယားမျိုးနွယ်အမှောင်ကြီးသခင်ကြီးဟာ စုန်းမတစ်ယောက်နဲ့ ချစ်ကြိုက်မိပြီး စုန်းမမှာ ကိုယ်ဝန်ရှိသွားပါတယ်၊ ကလေးမွေးဖွားတဲ့အချိန်တဲ့မှာ စုန်းမျိုးနွယ်တွေဟာ ဒရက်ကာကိုလာလို့မရအောင်တားဆီးကြတယ်၊ အကြောင်းကတော့ မွေးဖွားလာတဲ့ကလေးဟာ သာမန်ဗန်ပိုင်းယားတွေထက် အဆင့်မြင့်ပြီး အမှောင်သခင်ကြီးတွေကိုသတ်နိုင်တဲ့ အစွမ်းရှိတဲ့ ဒန်ပီရာဖြစ်လာနိုင်လို့ပဲဖြစ်ပါတယ်၊ ဒါပေမယ့် စုန်းမျိုးနွယ်တွေက ဒန်ပီရာကလေးလေးကို လူသူမသိအောင် အချိန်တစ်ခုကြာအောင်ဖွက်ထားပြီးစောင့်ရှောက်ထားလိုက်ကြတယ်.. ကမ္ဘာကြီးဟာ ဗန်ပိုင်းယားတွေကြောင့် သေဆုံးမှုတွေမြှင့်တက်နေကြတယ်၊စစ်တပ်ကလည်း လူတွေကိုစု၊ လက်နက်တွေပေးပြီး ဗန်ပိုင်းယားတွေကိုတိုက်ခိုက်ခိုင်းပေမယ့် ထင်သလောက်မအောင်မြင်ပါဘူး။ဒီလိုနဲ့ ဒန်ပီရာအရွယ်ရောက်လာတော့ပါတယ်၊ သူ့မှာအမှန်တကယ်အစွမ်းရှိမှန်းမသိပေမယ့်ဒန်ပီရာဆိုတဲ့နာမည်နဲ့ မကောင်းဆိုးဝါးနှိမ်နှင်းရေးလုပ်ပြီးပိုက်ဆံလိမ်ကာ တစ်မြို့ဝင်တစ်မြို့ထွက်ရှာဖွေစားသောက်နေတယ်၊ တစ်ဖက်မှာကွန်မန်ဒါ ကူရီယက်ဟာ မြို့တစ်မြို့မှာ သွေးစုပ်ဖုတ်ကောင်တွေတိုက်ခိုက်ခံနေရပြီးသတ်ဖို့နည်းလမ်းမသိတာကြောင့်အကျပ်ရိုက်နေပါတယ်။ သူ့အဖွဲ့ထဲကတစ်ယောက်ကဒန်ပီရာက သူတို့ကိုသတ်နိုင်လို့ပြောတဲ့အတွက် သူနဲ့ပူပေါင်းဖို့အတွက်သွားခေါ်လိုက်တဲ့အခါမှာတော့......  File size…1.35GB  / 532MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 49m Genre ….. Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Dampyr (2023)

Watcher (2022) 6.7
Watcher (2022) Watcher (2022)Box office တန်းဝင်တဲ့ သည်းထိပ်ရင်ဖို ဇာတ်ကားမျိုး ကြည့်ရှုချင်တဲ့ ပရိသတ်တွေအတွက်ပါ။ဇာတ်လမ်းအညွှန်းလေးကတော့ ... ဂျူလီယာက သူ့ရဲ့ ချစ်ခင်ပွန်းနဲ့ ရိုမေးနီးယားကို ပြောင်းရွှေ့လာခဲ့တဲ့ အမေရိကန်သူလေးပေါ့။ရိုမေးနီးယားစကားမပြောတတ်တော့ တိုင်းတစ်ပါးကို ရောက်ခါစမှာ သူ အတော်လေး အထီးကျန်ရပါတယ်။ အထီးကျန်ရတဲ့ကြားထဲမှာမှ သူ့ကို စောင့်ကြည့်နေတဲ့ သူ တစ်ယောက်က ရှိနေပြန်ပါတယ်။ အဲဒီအကြောင်း သူ့ယောက်ျားကို ပြောပြပေမဲ့ အလုပ်များတဲ့ horror ရုပ်ရှင်တို့ရဲ့ ထုံးစံအတိုင်း ယောက်ျားဖြစ်သူက မယုံပြန်ပါဘူး။တကယ်တမ်း စောင့်ကြည့်နေတဲ့ အဲဒီလူရဲ့ ရည်ရွယ်ချက်က ဘာလဲ? လူကောင်းလား? လူဆိုးလား? ဂျူလီယာတစ်ယောက် ဘယ်လိုဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရမလဲ? ဆိုတာကို ဇာတ်ကောင် ဂျူလီယာ နဲ့အတူ အသည်းတယားယား စောင့်ကြည့်လိုက်ရအောင်နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။) File Size : 1.2GB, 471MB & 236MB Quality : 1080p WEB-DL ...
movie

Watcher (2022)

2022