Channel Myanmar

Alice de Lencquesaing

Water Lilies (2007) 6.7
Water Lilies (2007) Water lilies (2007)IMDb rating - 6.7ဇာတ်လမ်းအညွှန်းဒီဇာတ်လမ်းမှာ “မာရီ”၊ “ဖလော်ရီယန်”နဲ့ “အန်နီ”ဆိုတဲ့ ၁၅နှစ်အရွယ်ကလေးမလေးသုံးယောက်ပါဝင်ပါတယ်။မာရီက တစ်ခုခုဆိုရင် မဝံ့မရဲတဲ့သူ၊ စကားနဲပြီး အနေအေးတဲ့ကောင်မလေးပါ။မာရီရဲ့သူငယ်ချင်း ‘အန်နီ’ကတော့ ဝဝတုတ်တုတ် ချစ်စရာကလေးမလေးဖြစ်ပြီး‘ဖရန်ဆွာ’ဆိုတဲ့ ကောင်လေးဆီက ပထမဆုံးအနမ်းရချင်နေသူလေးပါ။ဖလော်ရီယန်ကတော့ ဘယ်သူ့ကိုမှထည့်မထွက်တတ်တဲ့သူ၊ရေထဲဘဲလေးအကအဖွဲ့ ခေါင်းဆောင်၊ ကောင်လေးတွေပါးစပ်ဖျားမှာတသသဖြစ်ရတဲ့အလှဘုရင်မလေးပါ၊ ဒါကြောင့် ယောကျ်ားတိုင်းနဲ့အိပ်တဲ့အပျက်မလို့သတင်းတွေထွက်နေတဲ့သူလည်း ဟုတ်ပါတယ်။မာရီက ရေထဲဘဲလေးအကဖျော်ဖြေပွဲကိုကြည့်ပြီးတဲ့နောက်မှာဖလော်ရီယန်ဆီ ချဉ်းကပ်လာခဲ့ပါတယ်။ကောင်မလေး ၃ယောက်ရယ် သုံးပွင့်ဆိုင်နေတဲ့ပြဿနာလေးရယ်ကဘယ်လိုဖြစ်သွားမလဲ။ သူတို့တစ်ဦးချင်းဆီရဲ့ ပထမဆုံးအနမ်း၊ ပထမဆုံးအထမြောက်နိုင်ဖို့ဆိုတာတွေအဆင်ပြေပြေဖြစ်လာနိုင်ပါ့မလား။ ဒီဇာတ်လမ်းမှာ ၁၅ နှစ်အရွယ် ဆယ်ကျော်သက်ကောင်မလေးတွေရဲ့မြီးကောင်ပေါက်အရွယ် စိတ်ကစားတတ်တဲ့သဘောသဘာဝလေးတွေ၊ပျိုဖော်ဝင်စ လိင်စိတ်နိုးကြွားမှုအကြောင်းတွေကိုလှလှပပနဲ့ သဘာဝကျအောင် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းက အေးအေးညိမ့်ညိမ့်လေး ကြည့်ရမှာဖြစ်ပြီးruntime ကလည်း မိနစ် ၈၀ စာလောက်ပါပဲ။awards တွေလည်း သိမ်းပိုက်ထားတဲ့ ဇာတ်လမ်းလေးမို့ ကြည့်ရှုလိုက်ကြပါဦး။ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။ File size…     2.1 GB /   854 MB Quality… Web-DL 1080p ...
movie

Water Lilies (2007)

2007
Summer Hours (2008) 7.2
Summer Hours (2008)   Rotten Tomatoes 94% IMDb 7.2အထိရရှိခဲ့ပြီး ဆု ၈ ခုနဲ့ ဆန်ကာတင် ၂၃ ခုကိုဆွတ်ခူးခဲ့တဲ့ ၂၀၀၈ ခုနှစ်ထွက် အနုပညာ ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ ပြင်သစ်မိသားစု ဒရာမာကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဒီရုပ်ရှင်ထဲမှာ အထင်ကရ ပြင်သစ်ပန်းချီပညာရှင်၊ လက်မှုပညာရှင်တွေနဲ့ နာမည်ကျော်အနုပညာလက်တွေအကြောင်းကို အလျှံပယ်တွေ့ရှိရမှာပါ။ဟယ်လင် ဟာ နာမည်ကြီး ပြင်သစ်ပန်းချီဆရာ အနုပညာစုဆောင်းသူတစ်ဦးဖြစ်တဲ့ Paul Berthier ရဲ့တူမဖြစ်ပြီး Paul Berthier ဆုံးပါးသွားပြီးနောက်ပိုင်းမှာ ဦးလေးဖြစ်သူရဲ့ အိမ်ခြံနဲ့ တန်ဖိုးကြီးအနုပညာပစ္စည်းတွေကို ဆက်လက်ထိန်းသိမ်းပေးနေတဲ့ ၇၅နှစ်အရွယ် အမျိုးသမီးကြီးတစ်ယောက်ပါ။ဟယ်လင်ရဲ့ သားသမီးသုံးယောက်ဖြစ်သူ ဖရက်ဒရစ်၊ ယေဟေမိနဲ့ ‌‌အေဒရီယန်တို့ဟာ ၎င်းတို့ရဲ့မိသားစုတွေနဲ့အတူ မိခင်ကြီးရဲ့ ၇၅နှစ်ပြည့်မွေးနေ့မှာ တွေ့ဆုံကြဖို့အတွက် ငယ်ဘ၀ကအိမ်လေးဆီ အရောက်ပြန်လာခဲ့ကြပါတယ်။ထို့နောက် ဟယ်လင်ဟာ ရုတ်တရက်ဆုံးပါးသွားပြီးတဲ့နောက်မှာတော့ ဖရက်ဒရစ်၊ ယေဟေမိနဲ့ အေဒရီယန်တို့သုံးဦးဟာ အမေဖြစ်သူဟယ်လင် ဘ၀တလျှောက်လုံးထိန်းသိမ်း‌‌စောင့်ရှောက်လာခဲ့တဲ့ Paul Berthier ရဲ့အိမ်တော်ကြီးနဲ့ ...
movie

Summer Hours (2008)

Happening (2021) 7.4
Happening (2021) Happening (2021)ဒီဇာတ်ကားလေးဟာ Annie Ernaux ရဲ့ "Happening" ဆိုတဲ့ ဝတ္ထုလေးကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး IMDb 7.4 အထိရရှိခဲ့တဲ့အပြင် BAFTA Award တွေအတွက် ဆန်ခါတင်စာရင်းမှာ ပါခဲ့သလို အခြား ဆုတွေလည်း ၁၃ ခုလောက် ရရှိထားခဲ့တဲ့ ဒရမ်မာ ဇာတ်ကားကောင်းလေး တစ်ကားပါ။ကိုယ်ဝန်ဖျက်ချတာဟာ တရားဝင်တယ် တရားမဝင်ဘူး ဆိုတာ အခု ၂၂ ရာစုအထိ နိုင်ငံအချို့မှာ debate လုပ်နေကြဆဲဖြစ်ပါတယ်။1960 ခုနှစ်တွေတုန်းက ပြင်သစ်နိုင်ငံမှာ ကိုယ်ဝန်ဖျက်ချတာဟာ တရားမဝင်ပါဘူး။ ကိုယ်ဝန်ဖျက်ချရင် ဖျက်ပေးတဲ့ ဆရာဝန်ရော ကိုယ်ဝန်ရှိသူပါ ထောင်ချခံရတဲ့ အခြေအနေပေါ့။ဇာတ်လမ်းအကျဉ်းကတော့ ...အန်းဆိုတဲ့ စာပေ မေဂျာ ကျောင်းသူလေးက ပညာရေးမှာ ပါရမီပါပြီး ထူးချွန်တယ်။ လူဆိုတာကတော့ အမှားနဲ့ မကင်းကြပါဘူး။ အမှားနဲ့မကင်းတဲ့ထဲမှာမှ ကံဆိုးသွားသူက အန်း ပေါ့။ တစ်ညတာလေး ...
movie

Happening (2021)

Tokyo Fiancée(2014) 6.3
Tokyo Fiancée(2014) Tokyo Fiancée(2014)okyo Finance2014 ဒီတစ်ခါတော့ အိမ်တွင်းအောင်းနေရတဲ့ CMဖန်တွေအတွက်Drama/Romance/Comedyကားလေးနဲ့ ဖျော်ဖြေတင်ဆက်ပေးပါရစေ. ဒီကားလေးကတော့IMDb6.1/10ရထားတာကြောင့် ဇာတ်ကားကောင်းလေးတစ်ကာ ဖြစ်တာကို အထူးတလည်ပြောဖို့လိုမယ်မထင်ပါဘူးနော်.‌ ဇာတ်လမ်းထဲမှာ ဘယ်လ်ဂျီယံသူဖြစ်ပေမယ့်ဂျပန်မှာမွေးခဲ့တဲ့ အမ်မီလီဟာ ဂျပန်ကို ချစ်မြတ်နိုးတာကြောင့်သူ အသက်20မှာ ဂျပန်ကို ပြန်လာခဲ့ပါတယ်.ဂျပန်ကို ရောက်နေချိန်မှာ တဖက်တစ်လမ်းကနေ ၀င်ငွေရအောင် ဆိုပြီး အချိန်ပိုင်းပြင်သစ်စာသင်ပေးဖို့ လုပ်ခဲ့ပါတယ်.အဲ့အချိန်မှာပဲ ပြင်သစ်စာကို စိတ်၀င်စားတဲ့ ဂျပန်ကောင်လေး ရင်ရီဟာဆက်သွယ်လာခဲ့ပါတယ်.အဲ့နောက်မှာ သူတို့နှစ်ယောက်ဟာ ပြင်သစ်စကားသင်ရင်း ခင်မင်ရင်းနှီးလာခဲ့ပါတယ်.ခင်မင်ရင်းနှီးမှုကနေ အဆင့်တွေပိုလာရင်း ထူးဆန်းတဲ့ကံကြမ္မာအလှည့်အပြောင်းကြောင့်ဘယ်လိုတွေ ဖြစ်တယ်ဆိုတာကို ရိုက်ပြထားတဲ့ ဒရာမာဇာတ်ကားကောင်းလေး ဖြစ်တာကြောင့် ဒရာမာနှစ်သက်သူတို့ လက်မလွှတ်ပဲ ကြည့်ရှူသင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ကြောင်း ညွှန်းလိုက်ရပါတယ်ခင်ဗျာ..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ YK ပဲဖြစ်ပါတယ်....File Size : (900 MB) and (443 MB) Quality : Blu-Ray 720p Format…mp4 Duration…01:40:00 Genre : Romance , Drama, Comedy Subtitle ...
movie

Tokyo Fiancée(2014)