Channel Myanmar

Alif Rivelino

Mukidi (2024)
Mukidi (2024) Mukidi (2024) ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ အင်ဒိုနီးရှားဇာတ်ကားလေးပါ။ ဒီဇာတ်လမ်းရဲ့ဇာတ်ဆောင်မူကီဒီကအရမ်းရိုးသားတဲ့ဖိုးသခွားလေးပါ။တစ်နေ့သူဟာ သတင်းစာအဟောင်းကြီးဖတ်ပြီး အလုပ်ရှာဖို့မြို့တက်လာခဲ့ပါတယ်။ အူတူတူမူကီဒီဟာ ဂျာကာတာမှာအောင်မြင်ရမယ်လို့ ကြုံးဝါးပြီးကာမှ အလုပ်လျှောက်တဲ့နေရာက ပိတ်ထားတာကြာတဲ့နေရာကြီးဖြစ်နေပါတယ်။အားမလျော့တဲ့မူကီဒီဟာ ဂျာကာတာထဲ လျှောက်ပတ်သွားရင်းကြိုးစားလိုက်တာ အသုပ်သည်မာကို့နာနဲ့ မြင်မြင်ချင်းချစ်မိပြီး အိမ်ထောင်ကျသွားပါတယ်။ဒီလိုနဲ့ ရှုပ်ထွေးတဲ့ဂျာကာတာမှာ ဆယ်နှစ်ကြာပြီးတဲ့နောက်မှာတော့ ကလေးနှစ်ယောက်အဖေမူကီဒီဟာ ကပ်ဘေးကြောင့်အလုပ်ပြုတ်ရာကနေ အလုပ်သစ်ထပ်ရှာရဖို့ဖြစ်လာခဲ့ပါတယ်။ ဘဏ်တစ်ခုကနေ သူ့ကိုအကြွေးဝယ်ကတ်စစ်ဆေးရေးအနေနဲ့ မှားပြီး အလုပ်ခန့်လိုက်မိတဲ့အခါ ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲ ပညာသိပ်မတတ်တဲ့အောက်ခြေမိသားစုတွေရဲ့ ရုန်းကန်လှုပ်ရှားရမှုတွေကို Mukidiမှာ ဟာသနှောပြီးကြည့်ရမှာဖြစ်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ် File size…1.3GB / 600MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 31mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Mukidi (2024)

2024
Anwar: The Untold Story (2023)
Anwar: The Untold Story (2023) Anwar : The Untold Story [2023]နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် အကျင့်ပျက်ခြစားမှုဟူသည်ကား ရှိကြစမြဲပင်...ဒီဇာတ်လမ်းမှာတော့ ယခုအခါ မလေးရှား ဝန်ကြီးချုပ်ဖြစ်နေပြီဖြစ်တဲ့ အန်ဝါ အီဘရာဟင်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုဇာတ်ကြောင်းကို ပြန်ပြောင်း ရိုက်ပြထားတာပဲ ဖြစ်ပါတယ်... နိုင်ငံရေးဆန္ဒပြပွဲတွေ... အုပ်ချုပ်သူတွေရဲ့ မလျော်ဩဇာသုံးပြီး ဖမ်းဆီးမှုတွေ... နိုင်ငံရေးသမားတွေအတွက် ထောင်ဆိုတာ အိမ်သဖွယ်ဖြစ်ခဲ့ရတာတွေ... စီးပွားရေးသမား ခရိုနီတွေ ကြီးစိုးထားတဲ့ မလေးနိုင်ငံရေးလောက... စတာတွေကို အန်ဝါ တစ်ယောက် ဘယ်လို ပြုပြင်ပြောင်းလဲသွားမလဲ... လူထုအားကို ဘယ်လို အရယူသွားမလဲ... အမြစ်တွယ်နေပြီဖြစ်တဲ့ ယန္တရားကြီးက သူ့ကို ဘယ်လိုဖိနှိပ်သွားမလဲ.... ဥပဒေဆိုတာ ဘယ်လို လက်တစ်လုံးခြားပြီး လုပ်လို့ ရသလဲ... ဓမ္မနဲ့ အဓမ္မမှာ အချိန်တွေ ကြာပါစေဦးတော့ အချိန်တန်ရင် ဓမ္မတရားကသာလျှင် ပေါ်ထွန်းစမြဲပဲဆိုတာကို ရှုစားသွားရမှာပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Biography, Drama, History Quality…. 1080p | 720p File size… 1.2GB ...
movie

Anwar: The Untold Story (2023)

2023
Jin & Jun (2023) 5.2
Jin & Jun (2023) Jin & Jun (IMDb 5/10)ဂျွန်နိုင်ဒီဆိုတဲ့ကောင်လေးဟာ သူလက်ရှိတက်နေတဲ့ ကျောင်းမှာ ထောက်ပံ့ကြေးနဲ့ တက်နေရတဲ့ ကျောင်းသားလေးတစ်ယောက်ပေါ့... ဘဝနာတဲ့သူတွေက ပိုကြိုးစားလေ့ရှိတယ်ဆိုသလိုပဲ ဂျွန်ဟာလည်း ကျောင်းမှာ စာကို အများသူငှာထက် သာအောင်တော့ လုပ်တဲ့ သူတစ်ယောက်ပါ... ဒါကြောင့်လည်း ကျောင်းက လူချမ်းသာတွေရဲ့ သားသမီးတွေနဲ့ စုဖွဲ့ထားတဲ့ ဘူလီဂိုဏ်းတွေက သူ့ဆီကနေ အမှတ်ကောင်းတွေ ရဖို့ အနိုင်ကျင့်လေ့ရှိပါတယ်... စာတင်မဟုတ်ဘဲ ဂျွန် သဘောကျနေရတဲ့ ဆာရာကိုပါ ဂျွန် မရအောင် လိုက်ကာဆီးနေတဲ့ ဖာရာအိုတို့ အဖွဲ့လည်း ရှိပါသေးတယ်... တစ်နေ့မှာ ဂျွန်ဟာ အခွင့်ကြုံခိုက်မှာ ဆာရာကို စကားသွားပြောပါတော့တယ်... ဒါကို မြင်သွားတဲ့ ဖာရာအိုတို့က ဂျွန်ကို ဆာရာထွက်သွားချိန်မှာ ဝိုင်းဖွဲ့အနိုင်ကျင့်ပါတော့တယ်... အဲ့နောက်မှာ ဂျွန်လည်း သူငယ်ချင်းတွေ အကူအညီနဲ့ ထွက်ပြေးလို့ လွတ်လာပေမယ့် ဖာရာအိုတို့က ဝိုင်းပိတ်ဖမ်းတာကြောင့် သရဲခြောက်တယ်လို့ လူသိများတဲ့ ခြံနားမှာ မိသွားကြပါတယ်... ဒီလိုနဲ့ ဖာရာအိုတို့က ဂျွန်ကို ပညာပေးတဲ့အနေနဲ့ သရဲအိမ်ကြီးထဲမှာ ကြိုးတုပ်ထားခဲ့ပါတော့တယ်... ဂျွန် ...
movie

Jin & Jun (2023)

2023