Channel Myanmar

Alison Eastwood

Poolhall Junkies (2002)
Poolhall Junkies (2002)  ဒီ ဇာတ်ကားကတော့ ပေါ့ပေါ့ပါးပါးကြည့်ကောင်းတဲ့ ကားတစ်ကားပဲဖြစ်ပါတယ်။ Poolhall junkiesဆိုတဲ့အတိုင်း ဘိလိယက်အားကစားကိုရူးသွပ်ကြတဲ့ လူငယ်တွေရဲ့ဇာတ်ကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပါ။ ဇာတ်အရမ်းနာတဲ့ဇာတ်ကွက်တွေမပါတာကြောင့် စိတ်အပန်းပြေချင်တဲ့အခါ ကြည့်လို့သင့်တော်တဲ့ကားတစ်ကားပါ။ ရယ်ရတဲ့အခန်းတွေ အများကြီးပါပါတယ်။၁၂နှစ်သားဘဝကတည်းက ဘိလိယက်အားကစားကိုချစ်မြတ်နိုးတဲ့ဂျွန်နီဟာ ဂျိုးလက်ထဲမှာ ၁၅နှစ်ကြာတဲ့ထိ လောင်းကြေးနဲ့ဆော့တဲ့ ဘိလိယက်ဆရာတစ်ယောက်အဖြစ်ရပ်တည်ခဲ့တယ်။ ဒါပေမဲ့ ဂျွန်နီကတော့ပြိုင်ပွဲဝင်ကစားသမားတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ဂျိုးရဲ့လက်ချက်ကြောင့် ဂျွန်နီက သူဖြစ်ချင်ခဲ့သလိုမျိုး သိက္ခာရှိရှိပြိုင်ပွဲဝင်ကစားသမားအနေနဲ့မဟုတ်ပဲ လောင်းကြေးနဲ့ဆော့တဲ့ရိုက်စားသမားဖြစ်ခဲ့ရတယ်။ဂျွန်နီရဲ့ ညီနဲ့ သူငယ်ချင်းသုံးယောက်ကလည်း အမြဲတမ်း နယ်ခံဘိလိယက်ရုံထဲမှာ ဗရုတ်ကျနေကျသူတွေပေါ့။ သူငယ်ချင်းတွေက တစ်ယောက်ကိုတစ်ယောက်ချစ်ကြတဲ့အပြင် စကားပြောရင်လည်းအဆဲမပါရင်မပြီးကြပါဘူး။တစ်နေ့ ဂျိုးရဲ့လုပ်ရပ်ကိုသိသွားတဲ့ဂျွန်နီက ဂျိုးကိုနစ်ဂါတွေဆီထိုးကျွေးပြီး ကိုယ့်နယ်ကိုပဲပြန်လာခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ဂျွန်နီနဲ့ သူငယ်ချင်းတွေပေါင်းပြီး အခက်အခဲတွေကိုအတူတူရင်ဆိုင်ကြပုံကို ရိုက်ကူးထားပါတယ်။ သူငယ်ချင်းစိတ်ဓာတ်ကို အခြေခံပြီးလည်းရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။File size…(2.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Drama,Comedy,Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra
movie

Poolhall Junkies (2002)

Absolute Power (1997) 6.7
Absolute Power (1997) အက်ရှင်ကားတွေရဲ့မင်းသားကြီးဖြစ်တဲ့ အော်စကာဆုများရှင် ကလင့်အိစ်ဝုဒ်က ခေါင်းဆောင်မင်းသား‌ေနရာက‌ေန ပါဝင်သရုပ်‌ေဆာင်ထားပြီး ကိုယ်တိုင်ရိုက်ကူးထုတ်လုပ်ထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရေးပုံစံကိုအခြေခံထားတဲ့ Action, Thriller ဇာတ်လမ်းအမျိုးအစားဖြစ်တာမလို့ ဒီလိုgenereတွေကို ကြိုက်တဲ့သူတွေအတွက် လက်မလွှတ်စတမ်းကြည့်ရှုသင့်ပါတယ်။ကလင့်အိစ်ဝုဒ်သရုပ်‌ေဆာင်ထားတဲ့ အဓိကဇာတ်ကောင် လူသာဝစ်တနီဟာ ဖောက်ထွင်းနိုင်စွမ်းအကောင်းဆုံးတွေထဲက အမိုက်စားသူခိုးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာ သူဟာ ဘီလျံနာသူဌေးကြီးတစ်ယောက်ရဲ့အိမ်ကို ‌ဖောက်ထွင်းရာကနေ လူသတ်မှုတစ်ခုနဲ့ပါဝင်ပတ်သက်သွားပါတော့တယ်။ အဲဒီလူသတ်မှုရဲ့အဓိကတရားခံဟာလည်း နိုင်ငံရဲ့ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ဖြစ်နေချိန်မှာတော့ လူသာက ဒီအမှုရဲ့သံသယရှိသူ‌ေနရာကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်ပြီး ဥပဒေဘောင်အပြင်ဘက်ကနေ တရားခံကိုဘယ်လိုအပြစ်ပေးမယ်ဆိုတာတွေကို ရင်တဖိုဖိုနဲ့ကြည့်ရမှာဖြစ်ပါတယ်။သူခိုးအကျော်အမော်လူသာဝစ်တနီနေရာကနေ ကလင့်အိစ်ဝုဒ်၊ အမေရိကန်သမ္မတအယ်လန်ရစ်ခ်ျမွန်းနေရာကနေ ဂျီးန်ဟက်ခ်မန်း၊ အထက်တန်းစုံထောက်ဆက်သ်ဖရန့်နေရာကနေ အက်ခ်ဟဲရစ်နဲ့ ကိတ်ဝစ်တနီနေရာကနေ လော်ရာဝင်းနေးတို့က အသီးသီးပါဝင်သ‌ရုပ်ဆောင်ထားကြပါတယ်။1997မှာ ရုံတင်ထားတာဖြစ်ပါတယ်။File size…(2.02GBGB)  / (`1019MB) / (486MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:01:00 Genre...  Drama / Action / Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

Absolute Power (1997)

Midnight in the Garden of Good and Evil(1997) 7.0
Midnight in the Garden of Good and Evil(1997) Midnight in the Garden of Good and Evil(1997) အညွှန်း************************************************* နာမည်ကျော်မင်းသားကြီး Kelvin Spacey ပါဝင်ထားတဲ့ Crime/Drama အမျိုးအစားဖြစ်ပါတယ်။Kelvin Spacey ကားဆိုရင် အညွှန်းမဖတ်ဘဲကြည့်သင့်တဲ့အထဲမှာပါတယ်ဆိုတာသူကားတွေအတော်များများကြည့်ဖူးရင်သိကြပါတယ်..ဒါ့ကြောင့်အညွှန်းတွေ ရှည်ရှည်ဝေးဝေးရေးမနေတော့ဘူး..နယူးယောက်မြို့ကနေ ပါတီပွဲတစ်ခုအကြောင်း သတင်းယူဖို့ စေလွှတ်ခဲ့လိုက်ရတဲ့ဂျွန်ကယ်ဆိုတစ်ယောက် ဆာဗန်းနားမြို့ကို မအူမလည်နဲ့ရောက်ချလာပါတယ်။အဲဒီပါတီပွဲကိုတာဝန်ယူကျင်းပမယ့်သူက ရှေးဟောင်းဂန္တဝင်ပစ္စည်းတွေကိုစုဆောင်းလေ့ရှိတဲ့ သူဌေးကြီး ဂျင်မ်ဝီလီယံစ်ဖြစ်ပြီး သူတို့နှစ်ဦး ခင်မင်သွားရာမှတစ်မနက်မှာတော့ ဂျင်မ်တို့အိမ်ကြီးမှာ လူသတ်မှုတစ်ခုဖြစ်သွားကြောင်း သိလိုက်ရပါတယ်။ဘာတွေ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာကတော့…File Size :(3.2GB) (1.4 GB) and (467 MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…02:35:00 Genre : Crime , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Encoded by Phyo Pyae
movie

Midnight in the Garden of Good and Evil(1997)

The Mule (2018) 7.1
The Mule (2018) The Mule ဆိုတာ တကယ့်ကိုကောင်းတဲ့ဇာတ်ကားလေးတစ်ကား၊ကြည့်ရတာတန်စေမယ့်ဇာတ်ကားလေးတစ်ကား၊ပေးချင်တဲ့ message ကိုမိမိရရပေးသွားနိုင်ရုံတင်မကဘူး ရသအမျိုးမျိုးကိုပါခံစားပေးဝေနိုင်တဲ့ ဇာတ်ကားလေးတစ်ကားပါ။ဇာတ်ကားအမျိုးအစားက Crime/Drama အမျိုးအစားလေးဖြစ်ပြီးကိုရီးယားစစ်ပြန်ကြီး၊ ပန်းစိုက်ပျိုးရေးမှာအောင်မြင်ခဲ့တဲ့ အဘိုးကြီးတစ်ယောက်အသက်ကြီးမှဒုက္ခရောက်ပြီး မက္ကဆီကန်မူးယစ်ဂိုဏ်းရဲ့လက်သုံးတော်ခံတစ်ာက်ဖြစ်သွားခဲ့ရတဲ့အပြင်ဘဝမှာအကြီးမားဆုံးအမှားတစ်ခုကို အချိန်လွန်မှသိခဲ့ရတာပါပဲ။ဇာတ်လမ်းအစကနေ အဆုံးထိ မငြီးငွေ့စေရဘဲ ဆွဲဆောင်လွန်းနိုင်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကိုပြောပြတာထက် ကိုယ်တိုင်ပဲအစအဆုံးကြည့်ရှုခံစားစေချင်ပါတယ်။IMDb rating ဆိုရင်လည်း 7.1 အထိရရှိထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ပြောရရင် ဒီထက်ပိုကောင်းတဲ့ကားလေးဖြစ်ပါတယ်။ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ဇာတ်ဝင်တေးအေးအေးလေးတွေနဲ့ ဇာတ်ရှိန်အတက်အကျလေးတွေကို ကောင်းကောင်းကြီးခံစားရမှာသေချာပါတယ်။ကြည့်ပြီးရင် နောက်ပြန်ကြည့်ဖို့သိမ်းထားသင့်တဲ့ကားလေးလည်းဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ) File Size : (950 MB) and (400 MB) Quality : Blu-Ray 720p Running Time : 1hr 56min Format : Mp4 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by Thura Zarni Aung Encoded by Thanhtike ...
movie

The Mule (2018)

2018