Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Alistair Findlay
7.0
Highlander (1986)
Highlander (1986) ================ IMDb Rating - 7.0/10Highlander 1986 ဇာတ်ကားကတော့ စိတ်ကူးယဥ် Fantasy ကားပါ။ စကော့နလန်ဓားသမားတစ်ယောက်ဟာ သူ့ကိုယ်သူ မသေမျိုးဖြစ်နေမှန်းသိလာခဲ့ပါတယ်။ သူတို့လိုမသေမျိုးတွေဟာ နောက်ဆုံးတစ်ယောက်ပဲ ရှင်ကျန်ရစ်တဲ့အထိ တိုက်ခိုက်ရတာမျိုး ပါ။ လူတွေက မသေချင်ကြပါဘူး။ ဒါပေမယ့် ကော်နာမက်ခလောက်စ် တစ်ဖြစ်လဲ နက်ရှ်ကတော့ အသက်ရှင်နေရတာကို ငြီးငွေ့လို့နေပါ တယ်။ သူချစ်ရတဲ့ အမျိုးသမီးတွေဟာ သေမျိုးဖြစ်နေတော့ တစ် ယောက်တည်း ရှင်ကျန်ရစ်ခဲ့ရတာမျိုးပါပဲ။ ချစ်ခြင်း ၊ တိုက်ခိုက်ခြင်း၊ ရှင်သန်ရခြင်းတွေနဲ့တွဲဖက်ရိုက်ထားတာပါ။ ဒါရိုက်တာ Russell Mulcahy က ရိုက်ကူးထားတာဖြစ်ပြီး ဆုအတွက် နှစ်ကြိမ်တောင် တင်သွင်းခံရပါတယ်။ IMDB rating 7.0 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File Size..........(2.5 GB) / (1.0 GB) Quality............WEB-DL 1080p / 720p Duration.........1Hr 56Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Fantasy Translator.......Thy Santa Encoder..........SWM
movie
Highlander (1986)
1986
8.1
In the Name of the Father (1993)
ဒီရုပ်ရှင်ဟာ ၁၉၇၄ ခုနှစ်က အင်္ဂလန်နိုင်ငံ ဂေလ်ဖို့ဒ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုရဲ့ တရားခံအဖြစ် မတရားစွပ်စွဲဖမ်းဆီးခံခဲ့ရတဲ့ သားကောင်တွေဖြစ်တဲ့ ကွန်လန်မိသားစုအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။အချိန်ကာလအားဖြင့် ၁၉၇၄ ခုနှစ်ဖြစ်ပြီး ဗြိတိသျှအင်ပါယာလက်အောက် ကျရောက်နေတဲ့ အိုင်ယာလန်နိုင်ငံကနေ ပေါက်ဖွားလာခဲ့တဲ့ အိုင်ယာလန် ရီပဗ္ဗလစ်ကန်အာမီ (Provisional IRA)ဟာ အင်္ဂလန်နိုင်ငံတဝှမ်းမှာ ဗုံးခွဲတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး ဂေလ်ဖို့ဒ်ဗုံးခွဲမှုကလည်း တခုအပါအ၀င်ဖြစ်ပါတယ်။ ဗြိတိသျှစစ်သားတွေကို ပစ်မှတ်ထားခဲ့တဲ့ ထိုဗုံးခွဲတိုက်ခိုက်မှုမှာ ဗြိတိသျှစစ်သား ၄ ယောက် ပြည်သူ ၁ ယောက် သေဆုံးပြီး ၆၅ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ဇာတ်လမ်းအကြောင်းပြောရရင်တော့ ဘဲလ်ဖက်စ်မြို့မှာနေထိုင်တဲ့ အလုပ်လက်မဲ့ လူငယ်တဦးဖြစ်တဲ့ ဂျယ်ရီကွန်လန်ဟာ နေအိမ်တစ်လုံးရဲ့ အိမ်ခေါင်မိုးပေါ်က သံတိုသံစကိုခိုးယူနေရင်းကနေ ဗြိတိသျှစစ်သားတွေက IRA စနိုက်ပါသမားအဖြစ် အထင်မှားပြီး ပစ်ခတ်ဖမ်းဆီးဖို့လုပ်ပါတယ်။ ဗြိတိသျှနဲ့ IRA အကြား မီးမွှေးခဲ့တဲ့ ဂျယ်ရီကို အဖေဖြစ်သူ ဂျစ်ဆပ်ပီကွန်လန်က ဂေလ်ဖို့ဒ်မြို့မှာ ...
movie
In the Name of the Father (1993)
6.9
[18+] Lady Chatterley’s Lover (2022)
Lady Chatterley's Lover (2022)(18 ယောက်ဖြစ်ဖြစ် 21 ယောက်ဖြစ်ဖြစ် စုကြည့်ရမဲ့ ကားမျိုးဖြစ်တာကြောင့် မိသားစုနဲ့ ကြည့်ဖို့တော့ မသင့်တော်ပါဘူးခင်ဗျာ)1928 ခုနှစ်တုန်းက ဒီနာမည်နဲ့ပဲ ထွက်ရှိခဲ့တဲ့ ဝတ္ထုဟာ ညစ်ညမ်းစာပေအဖြစ်နဲ့ အဲဒီခေတ်ကာလအခြေအနေအရ နိုင်ငံအတော်များများမှာ ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။ ဒီဝတ္ထုကိုပဲ ရုပ်ရှင်၊ ဇာတ်လမ်းတွဲအဖြစ် မြောက်မြားစွာရိုက်ကူးခဲ့ကြပေမဲ့ သိပ်မအောင်မြင်ကြပါဘူး။ဒီတစ်ခေါက် Netflix က ထွက်တဲ့ ဗားရှင်းကိုတော့ အတော်လေးချီးကျူးထားကြတာ တွေ့ရပါတယ်။ ပြီးတော့ မင်းသမီးဟာလည်း The Crown Season 4 မှာ မင်းသမီးဒိုင်ယာနာအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Emma Corrin ဖြစ်ပါတယ်။ အင်္ဂလိပ်ရုပ်ရှင်လောကရဲ့ နောက်ထပ်တောက်ပလာမယ့် ကြယ်ပွင့်အဖြစ် အလားအလာရှိနေသူလေးလည်းဖြစ်ပါတယ်။ဒီကားထဲက sex scene တွေဟာ ရမ္မက်စိတ်ကို နှိုးဆွပေးတယ်ဆိုတာထက် ပန်းချီကားတစ်ချပ်ကို ကြည့်နေရသလိုပါပဲ။ သစ်ပင်တွေကြားထဲမှာ၊ လယ်ကွင်းထဲမှာ၊ စမ်းချောင်းဘေးမှာစတဲ့ မြင်ကွင်းပေါင်းစုံမှာ အိပ်မက်ဆန်ဆန် မှုန်ဝါးဝါးပန်းချီကားအစုံကို ...
movie
[18+] Lady Chatterley’s Lover (2022)
2022