Channel Myanmar

Alka Kaushal

Bajrangi Bhaijaan (2015) 8.1
Bajrangi Bhaijaan (2015) Bajrangi Bhaijaan (2015) ------------------------------ မေတ္တာတရားဟာ စကြဝဠာရဲ့ ဘာသာတရားအဖြစ်ရပ်တည်နေပုံ ၊ ကရုဏာတရားဟာလည်းလူမျိုးမခွဲခြားပုံတို့ကို ဒီဇာတ်ကားလေးညွှန်းဆိုထားပုံက  ရင်ထဲမှာတသသကျန်ရှိစေပါတယ်။  IMDb Rating  8.1 ထိရရှိထားပြီး ရိုက်ကူးရေးဘက်ဂျက် ရူပီးကုဋေ ၉၀ ခန့်သာရှိခဲ့ပေမယ့် ရုံတင်ဝင်ငွေ ရူပီးကုဋေ ၉၀၀ ကျော် ပြန်လည်ရရှိတဲ့အထိ အောင်မြင်ခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ မင်းသားကြီးဆယ်မန်ခန်း၊နဝါးဇ်၊မင်းသမီး ကရီးနာကပူးတို့မှအဓိကပါဝင်ထားကြပါတယ်။ဇာတ်လမ်းအကျဉ်းအိန္ဒိယနိုင်ငံဒေလီမြို့မှာပွဲတော်ကြီးကျင်းပချိန်ပေါ့။ ပဝန်(ဆလက်မန်ခန်း)ဟာလည်း ပါဝင်ဆင်နွှဲပြီးစားသောက်ဖွယ်ရာတွေကိုမြိန်မြိန်စားနေတဲ့အခိုက်အတန့်မှာ ပဝန်သတိထားမိတာက သူ့အားစိုက်ကြည့်နေတဲ့ ၆နှစ်အရွယ်ကလေးမ။ ပဝန်ဟာ ကရုဏာသက်မိရင်း ကလေးမလေးကိုအစားအစာတွေကျွေးမွေးခဲ့တယ်။ ပဝန်အိမ်ပြန်တော့လည်းကလေးမလေးဟာ နောက်ကတကောက်ကောက်လိုက်နေခဲ့ပါတယ်။ ဒီလိုနဲ့နာမည်လည်း မေးမရ စကားလည်းမပြောတတ်သောကလေးအား ထားမရစ်နိုင်သည့်အဆုံး ပဝန်ဟာသူ့ယောက္ခမဆီခေါ်လာခဲ့ပါတော့တယ်။ပဝန်ဟာကလေးမလေးရဲ့နေရပ်လည်းမသိ သူ့မိဘတွေကိုလည်းမသိပေမဲ့ စိတ်ထားဖြူစင်မှုအရင်းခံနဲ့ ကလေးမလေးကို သူ့မိဘဆီပြန်ပို့နိုင်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ကလေးမလေးကို မွန်နီလို့အမည်မှည့်ပေးလိုက်ပါတယ်။ တစ်နေ့မှာတော့ ဖန်သားပြင်ထက်က ခရစ်ကတ်ကစားပွဲမှာ အိန္ဒိယနဲ့ပါကစ္စတန်တို့အပြိုင်အဆိုင်ကစားနေကြပြီး အိန္ဒိယအမှတ်သာလျှင် မွန်နီလေးမှာမပျော်သလိုဖြစ်ပြီး ပါကစ္စတန်နိုင်လျှင် ဝမ်းသာလျက်ရှိနေပါတယ်။ အဲ့အချိန်က အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာ စစ်ရေးအရတစ်ဖက်နဲ့တစ်ဖက်မတည့်ကြပါ။ပဝန်တို့မိသားစုတို့ကလည်း ဘာသာရေးအရဟိန္ဒူဘုန်းကြီးမျိုးနွယ်ဝင်တွေဖြစ်တာကြောင့် ပါကစ္စတန်သူမွတ်စလင်ဖြစ်သူ မွန်နီအားလက်မခံသင့်ကြောင်း၊ပါကစ္စတန်နိုင်ငံသို့ပြန်ပို့သင့်ကြောင်း ပဝန်ကိုတိုက်တွန်းကြပါတယ်။ ပဝန်လဲ ပါကစ္စတန်သံရုံးဆီ မူနီကို သွားရောက်ပို့ပေးပေမယ့် သံရုံးမှာ အိန္ဒိယနိုင်ငံသားတို့ဆန္ဒပြနေတာနဲ့ ကြုံတွေ့ခဲ့ရပြီး သံရုံးရဲ့စာရင်းသမားက မှောင်ခိုလမ်းကနေ ပြန်ပို့ဖို့ ပဝန်ကို အကြံပေးလိုက်ပါတယ်။ ပဝန်ကလဲ ယုံစားမိပြီး မွန်နီကို ချန်ထားခဲ့ပါတော့တယ်။ လမ်းတစ်ဝက်ရောက်ခါမှ ကစားစရာဝယ်ရင်း မွန်နီကို ပေးရန်ပြန်အလှည့်မှာတော့ မွန်နီလေးရောင်းစားခံရမှန်းသိလိုက်ရပါတော့တယ်။ အဲ့ဒီနောက်မှာတော့ပဝန်ဟာ ...
movie

Bajrangi Bhaijaan (2015)

1080p Untouched
Double XL(2022) 5.8
Double XL(2022) Double XL (2022) Comedy, Drama IMDb 5.8/10 (2.6K)အခုတစ်ခါထွက်ရှိလာတဲ့ ဇာတ်ကားလေးကတော့ netflix movieဖြစ်တဲ့အပြင် မင်းသမီး ဆိုနခ်ရှီးဆင်ဟားနဲ့ မင်းသမီး ဟူမာကူရေရှီးတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Body Shaming နဲ့ ပတ်သက်တဲ့ ပညာပေးဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်နော်။ဒီဇာတ်ကားမှာ တစ်ယောက်က ဒေလီမြို့မှာ အားကစားအစီအစဉ်တင်ဆက်သူဖြစ်ချင်နေတဲ့ ဖက်တီးမလေး ရာဂျ်ရှရီ...။နောက်တစ်ယောက်ကတော့ ဒေလီမြို့မှာနေပြီး သူ့ဒီဇိုင်းတွေ နိုင်ငံတကာကိုထိုးဖောက်သွားအောင် ခရီးသွားဖက်ရှင်ဗီဒီယိုလေး တင်ဆက်ချင်နေတဲ့ ဖက်တီးမလေး ဆိုင်ရား...။ရာဂျ်ရှရီဟာ အင်တာဗျူးဖြေရမှာကိုစောင့်နေခဲ့ပြီး ဆိုင်ရားကတော့ ဘတ်ဂျက်ရန်ပုံငွေထုတ်ပေးမှာကို စောင့်နေခဲ့ပါတယ်။ရှေ့ဆက်ပြီး သူတို့နှစ်ယောက် တွေ့ကြုံရမယ့် ဘဝခရီးကြမ်းတွေနဲ့ လူတွေရဲ့ကဲ့ရဲ့ထိုးနှက်ချက်တွေကို ခံနိုင်ရည်ရှိနိုင်ပါ့မလား...။သူတို့နှစ်ယောက်စလုံးရဲ့ စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖေါ်နိုင်ပါ့မလား...။ဆိုတာကိုတော့ လောကကြီးအန်တုပြီး ရင်ဆိုင်မယ့် သူတို့နှစ်ယောက်ရဲ့စွမ်းဆောင်ချက်တွေမှာ ဆက်လက်ပြီး မြင်တွေ့ရဦးမှာဖြစ်ပါတယ်နော်။ဆိုတေးလို အစားလေးလျှော့ဖက်တီးမ နင်ဒီ့ထက်ဝရင်ကြည့်မလှဆိုတာကလည်း တကယ်မဟုတ်ပါဘူးနော်။ ဝမှလှနေတဲ့ ကစ်ကစ်ကိတ်ကိတ်လေးတွေ ရှိနေတာကိုလည်း သတိချပ်စေချင်ပါတယ်။ ကိုယ့်ဖြစ်တည်မှုကို ရှိရင်းစွဲအတိုင်းလက်ခံပြီး ကိုယ့်ဘဝကို ကိုယ့်သဘော ကိုယ့်ဆန္ဒနဲ့ ကိုယ်ကိုယ်တိုင်လျှောက်လှမ်းကြပါလို့ တိုက်တွန်းပေးလိုက်ပါတယ်။ File size…2.18GB / 1GB Quality…1080p HD RIP /720p Format…mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard ...
movie

Double XL(2022)

2022
Veere Di Wedding (2018)
Veere Di Wedding (2018) Veere Di Wedding (2018) --------------------------------- မိန်းကလေးတိုင်းမှာ ကိုယ့်အိမ်ထောင်ဖက်၊ ချစ်သူနဲ့ ပတ်သက်ပြီး ငယ်ရွယ်စဉ်အခါကထဲက အိမ်မက်ကိုယ်စီရှိတတ်ကြပါတယ်.... တစ်ချို့က ငယ်ငယ်ကထဲက စကြိုက်မိတဲ့သူနဲ့ပဲ အိမ်ထောင်ပြုမယ်...တစ်ချို့ကျ ချမ်းသာတဲ့သူ...တစ်ချို့ကျတော့လည်း တွဲသမျှရည်းစားတိုင်းနဲ့ အဆင်မ​ပြေတာကြောင့် အိမ်က ပေးစားမယ့်သူပဲ စောင့်နေတော့မယ်ဆိုပြီးတော့​ပေါ့၂၀၁၈ က ထွက်ရှိထားတဲ့ Veere Di Wedding မှာ ငယ်ပေါင်း မိန်းကလေး သူငယ်ချင်း ၄ ယောက်ရဲ့ ကိုယ်စီ အိမ်ထောင်ပြုရေး၊ အိမ်ထောင်ရေး သုခ ဒုက္ခတွေကို ပေါ့ပေါ့ပါးပါးလေးနဲ့ မြင်ရတယ်။ တစ်ယောက်က နိုင်ငံခြားသားနဲ့ လင်ယူသားမွေးထား၊ တစ်ယောက်က ငယ်ချစ်နဲ့ ရပေမယ့် အိမ်ထောင်ရေး ဒုက္ခရောက်နေရပြီး ရည်စားတွေနဲ့ ပြတ်ထားတဲ့ တစ်ယောက်ရှိသလို... ၃ နှစ်ကြာတွဲလာပြီးမှ လက်ထပ်ဖို့ အရေးတွန့်ဆုတ်နေရ...ခေါင်းရှုပ်နေရတဲ့ မင်းသမီးချော Kareena Kapoor လည်းရှိနေပြန်ပါတယ်...ရုပ်ရှင်ထဲမှာ သူငယ်ချင်း​တွေရဲ့ ချင်ခင်ရင်းနှီးမှု၊ မင်္ဂလာဆောင်ခါနီး မိဘတွေရဲ့ ...
movie

Veere Di Wedding (2018)

Ramprasad Ki Tehrvi (2021) 7.5
Ramprasad Ki Tehrvi (2021) IMDb Rating (7.5)Rotten Tomatoes (86%)ဒီဇာတ်ကားက ၂၀၁၉ မွမ်ဘိုင်းဖလင်ပွဲတော်မှာ ပြသခဲ့ပေမယ့်တကယ်ရုံတင်တာကတော့ ၂၀၂၁ ဇန်နဝါရီကမှ ရုံတင်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။Family Drama အမျိုးအစားဖြစ်ပြီး မင်းသား၊မင်းသမီးတွေရော ဇာတ်လမ်းနဲ့တင်ပြမှုပုံစံရောအဖက်ဖက်က ပြည့်စုံတာကြောင့် ဝေဖန်ရေးဆရာတွေရဲ့ချီးကျူးမှုရရှိခဲ့သလို နိုင်ငံတကာ Rating တွေလဲ ကောင်းပါတယ်။ဇာတ်လမ်းကတော့...ဖခင်ကြီး Ramprasad သေဆုံးသွားတဲ့အချိန်မှာ ဟိန္ဒူရိုးရာအခမ်းအနားနဲ့ ကောင်းမွန်စွာဆောင်ရွက်ကြဖို့မိသားစုတွေ ပြန်လည်တွေ့ဆုံကြပါတယ်...မိသားစုညီကိုမောင်နှမဆိုတာမျိုးက တစ်ခါတစ်လေ အဝေးကြီးနေပေမယ့် နီးစပ်နေသလိုတခါတလေလဲ အခန့်မသင့်တာနဲ့ မခေါ်မပြောနိုင်ဖြစ်တတ်ကြတာမျိုးပဲ...အရှေ့တိုင်းလို အိန္ဒိယလိုနိုင်ငံမျိုးမှာတော့ ပိုရှုပ်ထွေးတဲ့ဆက်နွယ်မှုတွေရှိတာပေါ့...မိသားစုကြီးကနေ ပညာစုံကြင်ယာစုံလို့ သီးသန့်အိမ်ထောင်ခွဲသွားကြပေမယ့်ကိုယ်ပိုင်မိသားစုတစ်ခုစီတိုင်းမှာလဲ ကိုယ်ပိုင်ဝေဒနာတွေက အသီးသီးရှိနေကြတာပဲ..။ဒီလို မိသားစုတွေကြားက ပြသနာလေးတွေကို အချိတ်အဆက်မိမိ တင်ပြထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ဝါရင့်သရုပ်ဆောင်များစွာ သရုပ်ဆောင်သစ်များစွာပါဝင်ထားတဲ့အပြင်Haseen Dillruba ထဲက မင်းသား Vikrant Massey လဲပါဝင်ထားပါသေးတယ်။မိသားစုနဲ့အေးဆေးကြည့်ရှုဖို့သင့်တော်မယ့်ဇာတ်ကားပါ။  File size…(1.9 GB) / (999 MB) / (500 MB) Quality…WEB-DL 1080p / 720p / ...
movie

Ramprasad Ki Tehrvi (2021)

Indoo Ki Jawani (2021)
Indoo Ki Jawani (2021) Indoo Ki Jawani (Indoo's youth)၂၀၂၀ နှစ်ကုန်ပိုင်းမှာ ရုံတင်ဖြန့်ချိခဲ့တဲ့ Coming of age-Comedy အမျိုးအစား Boolywood ဇာတ်ကားလေးပါ..​ချေအင်ဒီရာဂူပ်တာ ဆိုတဲ့ အိန္ဒိယ အမျိုးသမီး​လေးတစ်​ယောက် သူ့ချစ်သူ ဆာတစ်ရှ်ရဲ့ ​ဖောက်ပြန်မှုကို ခံလိုက်ရပါတယ်... အ​​ကြောင်းရင်းက​တော့ ချစ်သူက အတူ​နေဖို့ တစ်ချိန်လုံး​တောင်းဆို​နေ​တာကို အင်ဒီရာက လက်ထပ်ပြီးမှ အတူ​နေသင့်တယ်လို့ တွင်တွင်ငြင်းဆိုခဲ့တာကြောင့်ပါပဲ...အင်ဒီရာက ဒါတောင်မှ အတော်ကိုလန်းတဲ့ ကောင်မလေးနော်...ဒီမှာတင်စိတ်နာပြီးတော့ ...အချစ်ဆုံးသူငယ်ချင်း ဆိုနယ်လ်ရဲ့အကြံ​ပေးချက်အရ အတူ​နေတာကို ​​လေ့ကျင့်​ခန်းဆင်းဖို့ dating app တစ်ခုကို စတင်သုံးစွဲပါ​တော့တယ်...ဒါ့အပြင် သူတို့မြို့ပေါ်မှာလဲ ဖောက်ခွဲရေးအကြမ်းဖက်သမားတွေရောက်နေတဲ့အခါ...သူနဲ့လိုက်ဖက်ညီသူကို Dating App ကနေ ရှာတွေ့သွားမလား....အကြမ်းဖက်သမားတွေနဲ့သူနဲ့ဘယ်လိုပတ်သက်လာမလဲ...ဘယ်လိုအခက်အခဲတွေကိုကျော်ဖြတ်ရဦးမလဲဆိုတာ...ကြည့်ရှုလိုက်ကြပါဦး ...အချစ်ဟာသဇာတ်မြူး​လေးမို့ ပေါ့ပေါ့ပါးပါးလိုက်ပါခံစားရင်း စိတ်ညစ်တာတွေ ခဏတာဖြေဖျောက်ကြပါစို့။ File size…(2.3 GB) / (1.5 GB) / (500 MB) Quality…WEB-DL 1080p /720p/ 360p Format…mp4 Duration….02:00:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by ...
movie

Indoo Ki Jawani (2021)

Oh My God 2: Dharam Sankhat Mein (2015) 6.3
Oh My God 2: Dharam Sankhat Mein (2015) Oh My God 2: Dharam Sankhat Mein (2015) IMDb - 6.3/10_____Rotten - 29%   ဒီဇာတ်ကားလေးကတော့ IMDB-6.3 ရှိထားပြီး မိသားစုကြား ချစ်ခြင်းမေတ္တာနဲ့ ဘာသာတရားတို့၏ စစ်မှန်သည့်ငြိမ်းချမ်းရေးအကြောင်း ညွန်းဆိုထားသည့်ဇာတ်ကားကောင်းလေးပါ။ Oh My God 2 အဖြစ်လည်း ခေါ်ဝေါ်ကြပါသေးသည်။ဇာတ်လမ်းအကျဉ်း မစ္စတာဒရမ်ပါးလ် ဟာ ဘာသာမဲ့တစ်ဦးဖြစ်ပြီး အစ္စလာမ် ဘာသာကို မျက်မုန်းကျိုးနေခဲ့သူတစ်ဦး ဖြစ်နေခဲ့ပါတယ်။သို့သော် သူရဲ့မိသားစုဝင်တွေကတော့ နီးလ်ဘာသာကို လေးနက်သက်ဝင်ခဲ့သူတွေ ဖြစ်နေကြပါတယ်။ တစ်နေ့မှာတော့ ဒရမ်ပါးလ် ရဲ့သား အာမစ်ကတော့ ရှရပ်ဆိုသည့် မိန်းကလေးနှင့် စေ့စပ်ပေးရန် တောင်းဆိုခဲ့သည်။ ထို့ပြင် ရှရပ်တို့ဘက်မှ ဒရမ်ပါးလ်ကို ဘာသာရေးကိုင်းရှိုင်းသော ဖခင်ကောင်းအဖြစ် တွေ့မြင်လာစေရန်ပါ တောင်းဆိုခဲ့ပြန်ပါသည်။ မမျှော်လင့်တဲ့တစ်ရက်မှာတော့ ဒရမ်ပါးလ်ဟာ မွေးစားအမေရဲ့ စာချုပ်လေးကို တွေ့ရှိခဲ့ပြီး သူကိုယ်တိုင်ပင် အစ္စလာမ်မျိုးရိုးဖြစ်နေကြောင်း သိရှိခဲ့ရသည်။ သူ၏ ...
movie

Oh My God 2: Dharam Sankhat Mein (2015)

2015