Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Allegra Leguizamo
6.9
Ice Age: Dawn of the Dinosaurs (2009)
ဒီဇာတ်ကားက Ice age franchiseရဲ့ တတိယဇာတ်ကား ဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီကားရဲ့အဓိကဇာတ်ဆောင်က အချစ်တော် ဆလော့တ် ဆစ်ဒနီပဲဖြစ်ပါတယ်။ ကမ္ဘာဦးရေခဲခေတ် မှာ သူတို့မသိထားတဲ့ မြေအောက်ကမ္ဘာတစ်ခု ရှိနေခဲ့ပြီး တစ်နေ့မှာ အဲဒီကမ္ဘာကို သွားတဲ့ဝင်ပေါက်တစ်ခုကို ဆစ်ဒ်က ကံအားလျော်စွာ ရှာတွေ့သွားခဲ့ပါတယ်။ မိသားစုရဲ့စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ဆစ်ဒ်ဟာ သူငယ်ချင်း မန်နီရဲ့မိသားစုဘဝကို အားကျတာကြောင့် ကိုယ်ပိုင် မိသားစုတစ်ခုကို လိုချင်နေခဲ့တာပါ။ ဒါကြောင့် မြေအောက်ကမ္ဘာ မှာ တွေ့ခဲ့တဲ့ဥသုံးလုံးကို ဘူမသိကိုးမသိ မြေပေါ်ကမ္ဘာကိုယူလာပြီး သူ့ကလေးတွေလို ပျိုးထောင်ဖို့ လုပ်ခဲ့ပါတယ်။ဖြစ်ချင်တော့ အဲဒီဥတွေဟာ ဒိုင်နိုဆောဥတွေဖြစ်နေပြီး မိခင်ရင်း ဖြစ်သူ ဒိုင်နိုဆောမကြီးက မြေပေါ်အထိ တက်လာပြီး သူ့ကလေး တွေကို ပြန်လာခေါ်ရင်း ဥတွေကိုယူသွားတဲ့ ဆစ်ဒ်ကိုပါ ဖမ်းသွား လို့ မန်နီ ဒီယေဂိုနဲ့ ကိုယ်ဝန်အရင့်အမာကြီး ဖြစ်နေတဲ့ အယ်လီတို့ တစ်သိုက်ခမျာ သူတို့မကျွမ်းဝင်တဲ့ မြေအောက် ဒိုင်နိုဆောကမ္ဘာ အထိလိုက်ပြီး ဆစ်ဒ်ကိုကယ်ဖို့ ကြိုးစားရပါတော့တယ်။ File size… 7.3 GB / 2.4 GB ...
movie
Ice Age: Dawn of the Dinosaurs (2009)
2009
4K HEVCHDR
6.5
Ice Age: Continental Drift (2012)
ဒီဇာတ်ကားက Ice age franchiseရဲ့ စတုတ္ထဇာတ်ကား ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းကြီးတစ်ခုလုံးမှာ အစကတည်းက ပါဝင်ခဲ့တဲ့ ဝက်သစ်ချသီးကိုမှ အရူးအမူးစွဲလမ်း နေတဲ့ ရှဉ့်လေးကြောင့်ပဲ ဒီဇာတ်လမ်း မြစ်ဖျားခံလာခဲ့တယ်လို့ ပြောရမှာပါပဲ။ အမြဲတမ်း ကိုရီးယားကားလိုမျိုး တေ့လွဲလွဲနေတဲ့ ဝက်သစ်ချသီးကို လိုက်ဖမ်းရင်း အဆိုပါရှဉ့်ဟာ ကမ္ဘာ့ဗဟိုချက် အူတိုင်ထဲကို ကျသွားပြီး သူ့ရဲ့ဂယက်ကြောင့်ပဲ ကမ္ဘာဦးခေတ်ရဲ့ ကုန်းမြေတွေ တစ်စစီပြိုကွဲသွားကာ ယနေ့ခေတ် တိုက်ကြီး၇ခုရဲ့ ကနဦးဗားရှင်းတွေ ဖြစ်လာခဲ့ပါတယ်။ဒီသက်ရောက်မှုကို အဓိကခံခဲ့ရတာက ကမ္ဘာပေါ်က တိရစ္ဆာန်တွေ ဖြစ်ပြီး မြေလွှာပြတ်ရွေ့မှုတွေကြောင့် နေရပ်ဌာနတွေ ပျက်စီးကာ မိသားစုပြိုကွဲမှုတွေ ကြုံခဲ့ရပါတယ်။ အဲဒီထဲမှာ ဇာတ်လိုက်ကျော် မန်နီတို့ မိသားစုလည်း ပါဝင်ခဲ့ပြီး ဇနီးအယ်လီ၊သမီးပိချက်စ်တို့ရဲ့ အဝေးကိုရောက်သွားခဲ့တာကြောင့် မိသားစုဆီပြန်ဖို့ မန်နီတို့အဖွဲ့ရဲ့ ကြိုးစားအားထုတ်မှုတွေ၊ ခရီးမှာကြုံရတဲ့ ဓါးပြအဖွဲ့ရဲ့ အန္တရာယ် တွေကို ကျော်ဖြတ်ဖို့ကြိုးစားမှုတွေကို မြင်တွေ့ရမှာပါ။ ဒီကားမှာ character အသစ်တွေအဖြစ် ဒီယေဂိုရဲ့ချစ်သူဖြစ်လာမယ့် ရှီရာ ဆိုတဲ့ ကျားမလေးနဲ့ ဆစ်ဒနီရဲ့ အဘွားဖြစ်သူပါ ပါလာတာကြောင့် အလွဲအချော်တွေ၊ဟာသတွေနဲ့ Ice ageတွေရဲ့အရသာ မပျက်တဲ့ Animationဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။ File size… ...
movie
Ice Age: Continental Drift (2012)
2012
4K HEVCHDR