Channel Myanmar

Alli Chung

Saw 3D (2010) Saw 7 5.6
Saw 3D (2010) Saw 7 Saw Collection ==============CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director's cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell  တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ ...
movie

Saw 3D (2010) Saw 7

Secret Society of Second Born Royals (2020)
Secret Society of Second Born Royals (2020) Disney က အသစ်ထွက်ရှိထားတဲ့ Action,Adventure,Comedy ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ဆမ်ဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးဟာ အလီရီယာတိုင်းပြည်ရဲ့ တော်ဝင်မျိုးဆက် ဒုတိယသမီးဖြစ်သူပါ။ သူ့အစ်မ အယ်လီနောက နန်းမွေဆက်ခံရမယ့်သူပီပီ မင်းသမီးပီသ အဘက်ဘက်ကပြီးပြည့်စုံသလောက် ဆမ်ကတော့ ဘုရင်စနစ်ကိုပုန်ကန် တော်ဝင်ထုံးတမ်းတွေကို ငြီးငွေ့မုန်းတီးနေတဲ့ ပုန်ကန်ချင်တဲ့ဆယ်ကျော်သက်လေးတစ်ယောက်ဖြစ်နေပါတယ်။ သူ့မှာ မိုက်ခ်ဆိုတဲ့ အချစ်ဆုံးသူငယ်ချင်းကောင်လေးတစ်ယောက်ရှိပြီး ပူးတွဲဂီတအဖွဲ့လေးကို တည်ထောင်ထားကြတယ်။ တစ်နေ့တော့ ကလပ်မှာလုပ်တဲ့ ဖျော်ဖြေရေးပွဲတစ်ခုကို ခိုးသွားကြရင်း စာမေးပွဲလွတ်သွားတာကို သူ့အမေ သိသွားတဲ့နောက် အဲ့ဒီစာမေးပွဲအတွက် ဆမ်ဟာ ကျောင်းပိတ်ရက်မှာ နွေရာသီသင်တန်းကိုတက်ဖို့ဖြစ်လာပါတော့တယ်။ တကယ်တမ်း အဲ့ဒီနွေရာသီသင်တန်းဟာ ဆမ်တို့လို တော်ဝင်မျိုးဆက်ရဲ့ ဒုတိယရင်သွေးတွေကို လျှို့ဝှက်လေ့ကျင့်ပေးနေတဲ့ အစီအစဉ် တစ်ခုဖြစ်ပါတယ်။ ပထမမွေးချင်းသားသမီးတွေဟာ ထီးနန်းအရိုက်အရာကိုဆက်ခံ တိုင်းပြည်ကို အုပ်ချုပ်ရပြီး ဒုတိယမွေးချင်းသားသမီးတွေကတော့ ထူးခြားတဲ့ လူသာမန်ထက်သာလွန်တဲ့အစွမ်းတွေရှိကြပြီး အဲ့ဒီအစွမ်းတွေကို အသုံးချ သူတို့တိုင်းပြည်တွေ ကမ္ဘာကြီးကို အန္တရာယ်ပြုမယ့် ရာဇဝတ်ကောင်တွေရန်က ကာကွယ်ကြရတယ်ဆိုတာကို ဆမ်သိလိုက်ရတဲ့အခါမှာတော့..။ဒစ်စနေကားပီပီ ဆယ်ကျော်သက်လူငယ်လေးတွေရင်ဆိုင်ရမယ့် ဘဝအလှည့်အပြောင်း၊ မိသားစု ပတ်ဝန်းကျင် အရွယ်ရောက်ချိန်မှာကြုံဆုံရတတ်တဲ့ ပြဿနာလေးတွေကို မီးမောင်းထိုးပြပြီး ပါဝါတွေ ကိရိယာအဆန်းတွေနဲ့ စိတ်ဝင်စားစရာကောင်းအောင် တင်ဆက်ထားတဲ့ ပေါ့ပေါ့ပါးပါး ...
movie

Secret Society of Second Born Royals (2020)