Channel Myanmar

Allison Miller

Blood: The Last Vampire (2009) 5.3
Blood: The Last Vampire (2009) ဒီကားလေးကတော့ Japanese Animation ဇာတ်ကား Blood: The Last Vampire ကို အခြေခံ ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပါ အားလုံးသိကြတဲ့ ကိုရီးယားမင်းသမီးချော Jun Ji-hyun လည်း ပါ၀င်ထားပါတယ်ဆာယာဆိုတဲ့ ကောင်မ‌လေးကတော့ ငယ်ငယ်တည်းက မိဘမဲ့ဖြစ်ပြီး ခတိုဆိုတဲ့ ဆာမူရိုင်းဂျပန်အဘိုးကြီး တစ်ယောက်က ‌မွေးစားထားတာပေါ့ သူ့ အဖေကိုသတ်ခဲ့တဲ့ အိုနီဂန်ဆိုတဲ့ မကောင်းဆိုး၀ါး ကို ပြန်ကလဲ့စားချေဖို့ ကိုယ်ခံပညာကို သင်ခဲ့တယ် ဆာယာက လူတ၀က် မကောင်းဆိုး၀ါးတစ်၀က်နဲ့ မွေးလာတာ‌ကြောင့် နှစ်၄၀၀ကြာတဲ့အထိ အသက်ကြီး မသွားခဲ့ဘူးသွေးစုပ်ကောင်တွေ ကို ပြည်သူလူထု မသိစေဘဲ နှိမ်နှင်းနေတဲ့ အမေရိကန် အဖွဲ့အစည်းတစ်ခုကို ဆာယာ၀င်‌ယောက်လာခဲ့တယ် သူ့ အဖေကို သတ်တဲ့ မကောင်းဆိုး၀ါးကို ရှာရင်း သူကိုယ်တိုင် မကောင်းဆိုး၀ါးနီးနီး ဖြစ်လာတဲ့အခါ...ဓားရှည်တစ်ချောင်းနောက်ပစ်ပြီး ကြမ်းတမ်းပေမယ့် လှပနေတဲ့ မင်းသမီး Jun Ji-hyun ပါတာနဲ့ တင် ကြည့်ဖို့တန်နေတာမို့ လက်မလွှတ်တမ်း ...
movie

Blood: The Last Vampire (2009)

17 Again (2009) 6.4
17 Again (2009)   ဒီဇာတ်ကားလေးကိုတော့ အတော်လေးသဘောကျမိပါတယ်..ပေါ့ပေါ့ပါးပါးရိုက်ကူးထားပြီးကြည့်ရှုသူရဲ့ ရင်ထဲမှာလည်း စိတ်လက်ပေါ့ပါးသွားစေမယ့်ဇာတ်ကားမျိုးလေးပါ..တစ်နေ့တာအတွက်စိတ်ပင်ပန်းသူတွေ စိတ်အပန်းဖြေ အပျင်းပြေ ကြည့်ဖို့အတွက် အထူးသင့်တော်တဲ့ကားလေးတစ်ကားဖြစ်ပါတယ်...မင်းသား Zac Efron နဲ့ Friends စီးရီးထဲက ချန်ဒလာဘင်း တဖြစ်လဲ Matthew Perry , Eurotrip မင်းသမီး Michelle Trachtenberg,The Other Woman မင်းသမီး Leslie Mann တို့ပါဝင်သရုပ်ဆောင်ထားပြီး...IMDb Rating မှာ 6.4 ရရှိထားတဲ့ Comedy, Drama, Fantasy အမျိုးအစားဇာတ်ကားလေးပါ။ဇာတ်လမ်းလေးကစိတ်ဝင်စားဖို့ကောင်းပါတယ်...ပထမဆုံးဇာတ်လမ်းစစချင်းမှာ မိုက်ခ် က ဘတ်စကတ်ဘောကစားသမားတစ်ယောက်ပေါ့ အဲဒီ့ အားကစားမှာသူဟာထူးလည်းထူးချွန်တယ်..ဝါသနာလည်းအရမ်းပါတယ်..သူတို့ကျောင်းပွဲတစ်ပွဲက ကစားရမယ့်ပွဲက သူ့ရဲ့အနာဂတ်အတွက်ပေါ့..ဖြစ်ချင်တဲ့အဲ့နေ့ ကစားတဲ့ပွဲမစခင်လေးမှာ သူ့ချစ်သူ စတားလက် ရောက်လာပါတယ်..အဝေးကိုထွက်သွားရတော့မယ့်အကြောင်းပြောတယ်..မိုက်ခ်မှာလည်း သူ့ရဲ့အရမ်းဝါသနာပါတဲ့အားကစားနဲ့သူချစ်ရတဲ့ချစ်သူကို ရွေးချယ်ရမယ့်အချိန်မှာတော့ စတားလက် ကိုသာ ရွေးချယ်ခဲ့ပါတယ်.....နှစ်ပေါင်း 20 ကြာပြီးတဲ့နောက်မှာတော့ မိုက်ခ်တစ်ယောက် အလုပ်တွေကအဆင်မပြေ.. ဇနီးဖြစ်သူနဲ့လည်းအဆင်တော့ပါဘူး..စတားလက်ကလည်း တရားရုံးကနေ တဆင့်ကွာရှင်းခွင့်တောင်းထားသလို မိုက်ခ်ကလည်း သားသမီးတွေနဲ့ နွေးထွေးတဲ့ဆက်ဆံမှုမျိုးသိပ်မရှိဘူး...တစ်နေ့သူ့သားနဲ့သမီးတက်နေတဲ့ ကျောင်းကိုရောက်သွားတော့ ဟိုးအရင်လူငယ်ဘဝတုန်းက အဲ့ကျောင်းမှာ ဘတ်စကတ်ဘောကစားခါနီး ရိုက်ထားခဲ့တဲ့သူ့ပုံကိုပြန်လည်တွေ့သွားတော့ မိုက်ခ်တစ်ယောက်အတိတ်ကို လွမ်းဆွတ်ဟန်နဲ့ပြန်စဉ်းစား မိသွားတယ်..သူ့စိတ်ထဲမှာတွေးနေခဲ့တဲ့အရာတခုက အဲ့အချိန်တုန်းက သူက ...
movie

17 Again (2009)