Channel Myanmar

Allison Riley

Corner Office (2022) 6.0
Corner Office (2022)  ကိုယ်လုပ်နေရတဲ့ရုံးအလုပ်တွေမှာ စိတ်တွေမွန်းကြပ်လွန်းလာရင်တချို့လူတွေကစိတ်ထွက်ပေါက်ရှာတတ်ကြပါတယ်။ဒီ Corner Officeဆိုတဲ့ကားထဲက အော်ဆန်ဆိုတဲ့လူရဲ့စိတ်ထွက်ပေါက်ကတော့ အရမ်းထူးဆန်းလွန်းပါတယ်။ အော်ဆန်က သူ့ရဲ့ရုံးအသစ်ကိုရောက်ပြီး သိပ်မကြာခင်မှာပဲဘယ်သူမှမသုံးတဲ့ အခန်းတစ်ခန်းကိုတွေ့ခဲ့ပါတယ်။ ဒီလိုနဲ့သူအဲ့ဒီအခန်းထဲကိုသုံးလေးခေါက်ဝင်ပြီးတဲ့နောက်မှာတော့ အဲ့ဒီအခန်းကိုအရမ်းစွဲလမ်းသွားခဲ့ပါတော့တယ်။ အဲ့ဒီအခန်းကသူ့အတွက်စိတ်ကိုအေးချမ်းစေပြီး အလုပ်တွေလုပ်ရတာ ပိုကောင်းစေတဲ့ အခန်းတစ်ခုဖြစ်တဲ့အပြင် သူ့ရဲ့လုပ်ငန်းခွင်က လူတွေအားလုံးရဲ့ အဝေးကိုထွက်သွားစေနိုင်တဲ့စိတ်ထွက်ပေါက်လေးပဲဖြစ်ပါတယ်။ ပြဿနာလေးတစ်ခုပဲရှိပါတယ်။ အဲ့ဒီအခန်းက အမှန်တကယ်မရှိပါဘူး။အော်ဆန်ကတော့ အဲ့ဒီအခန်းကိုစိတ်ကြိုက်ဝင်ထွက်သွားလာနေပေမဲ့တခြားလူတွေကတော့ အဲ့ဒီအခန်းနေရာမှာ နံရံကြီးတစ်ခုကိုပဲ မြင်ရပြီးတော့သူအခန်းထဲဝင်သွားတယ်ဆိုတာလဲ နံရံကြီးရှေ့မှာကြောင်တောင်တောင်ကြီးမတ်တပ်ရပ်နေတာကိုပဲ မြင်ရတာဖြစ်ပါတယ်။ဒီလိုနဲ့အော်ဆန်က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေအပြင် သူဌေးနဲ့ပါပြဿနာတွေတက်ခဲ့ပါတယ်။ ဒါပေမယ့်နောက်ပိုင်းသူပြောပြောနေတဲ့ အခန်းထဲကိုသွားပြီးအလုပ်တွေကြိုးစားလိုက်တဲ့အခါမှာသူဌေးကသဘောကျပြီးရာထူးတွေဘာတွေတက်သွားပြီး နောက်မှာ သူ့ရဲ့အဲ့ဒီအခန်းကိုစွဲလမ်းစိတ်က ပိုပြင်းထန်လာပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုStorytelling ပုံစံနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။  File size…1.19GB / 407MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 41m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Corner Office (2022)