Channel Myanmar

Álvaro Guerrero

Amores Perros (2000) 8.1
Amores Perros (2000)  ဒီဇာတ်ကားရဲ့အမည်ဖြစ်တဲ့Amores Perrosဆိုတာကို ဘာသာပြန်ရရင် အဓိပ္ပါယ်က နှစ်မျိုးသုံးမျိုးကွဲနေပေမယ့် တိုက်ရိုက်ပြောရရင်တော့ ခွေးချစ်တတ်သောသူများပေါ့။ဒီဇာတ်ကားက The Revenant တို့ Birdmanတို့ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Alejandro González Iñárritu ကပဲရိုက်ကူးထားတာဖြစ်ပြီး IMDbမှာလဲ 8.1ရခဲ့သလို Rotten Tomatoesမှာလဲ 93%အထိရခဲ့တာမို့လို့ ဇာတ်ကားကောင်းတစ်ကားဆိုတာတော့ ပြောစရာတောင် မလိုပါဘူး။ ဒီဇာတ်ကားထဲမှာတော့ ကားအက်စီးဒန့်တစ်ခုကြောင့် ခွေးချစ်တတ်တဲ့လူသုံးယောက်ရဲ့ဘဝတွေဟာ သူတို့ရည်ရွယ်ထားတဲ့အတိုင်းမဟုတ်ဘဲ ကောင်းတာရော ဆိုးတာရောဒွန်တွဲပြီး တဆစ်တချိုး ပြောင်းလဲသွားတဲ့အကြောင်းကို တစ်ယောက်တစ်ပိုင်းနှုန်းနဲ့ခွဲပြီး ရိုက်ပြပေးထားပါတယ်။ထိုအက်စီးဒန့်ဖြစ်တဲ့အထဲမှာ ပါခဲ့တာကတော့ အစ်ကိုဖြစ်သူရဲ့ဇနီးကို တိတ်တခိုးချစ်နေပြီး အလုပ်အကိုင်မရှိ ပိုက်ဆံလဲမရှိနဲ့ ဘာလုပ်လို့လုပ်ရမှန်းမသိတာကြောင့် သူ့ရဲ့ခွေးနဲ့ ခွေးတိုက်ပွဲတွေမှာ ပါဝင်ဆင်နွှဲနေတဲ့ အိုတာဗီယို...လှပတဲ့အတွက် အရမ်းနာမည်ကြီးပြီး လူတကာကချစ်ခင်တဲ့မော်ဒယ်တစ်ယောက်ဖြစ်ပေမဲ့ အိမ်ထောင်ရှိအမျိုးသားတစ်ယောက်ကို အိမ်ထောင်ကွဲစေခဲ့ပြီး ထိုအမျိုးသားနဲ့ တိတ်တခိုးပေါင်းနေခဲ့တဲ့ ဗာလဲရီယာ...ဇနီးနဲ့သမီးကို ထားခဲ့ပြီး နိုင်ငံရေးထဲမှာဝင်ပါပြီးနောက် အနှစ်၂၀ထောင်ကျပြီးပြန်ထွက်အလာမှာ မိသားစုကလက်မခံတော့လို့ ခြေသလုံးအိမ်တိုင်လျှောက်သွားပြီး သူ့ဘဝကိုလမ်းဘေးခွေးတွေနဲ့ပဲဖြတ်သန်းနေတဲ့ ချီဗို...တို့ပဲဖြစ်ပါတယ်ထိုသုံးယောက်ရဲ့ဘဝတွေဟာ ကားအက်စီးဒန့်ဖြစ်ပြီးနောက်မှာတော့ ဘာတွေဘယ်လိုပြောင်းလဲသွားကုန်ကြမလဲဆိုတာကိုတော့ ...
movie

Amores Perros (2000)

La Civil (2021) 7.2
La Civil (2021)  IMDb 7.2/10 Rotten Tomatoes 86%ဒီတစ်ခါ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ ရုပ်ရှင်ကတော့ဘယ်လ်ဂျီယံ ၊ ရိုမေးနီးယား ၊ မက္ကဆီကို သုံးနိုင်ငံပေါင်းထုတ်လုပ်ထားတဲ့ La Civil လို့ အမည်ရတဲ့ ရုပ်ရှင်ကားတစ်ခုပဲဖြစ်ပြီး ၂၀၂၁ ကိန်းရုပ်ရှင်ပွဲတော်မှာ Prize of Courageကို ရရှိခဲ့တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ် ။ဇာတ်လမ်းမှာတော့ သမီးပျောက်အမေတစ်ယောက်ရဲ့မိခင်သောကကို အဓိကထား ရိုက်ကူးထားတာဖြစ်ပြီးမက္ကဆီကို မြောက်ပိုင်းမှာ ကြုံတွေ့နေရတဲ့ အကြမ်းဖက်မှုတွေ ၊မတရားမှုတွေအကြောင်းကို မီးမောင်းထိုးပြထားပါတယ် ။ခင်ပွန်းဖြစ်သူနဲ့ကွဲပြီး အမေတစ်ခု သမီးတစ်ခု ဘဝမှာ နေနေတဲ့စီယယ်လိုနဲ့ လော်ရာ...အဲဒီလိုကနေ တစ်ရက်မှာတော့ လော်ရာဟာပျောက်ခြင်းမလှပျောက်ဆုံးသွားခဲ့တဲ့အခါမှာတော့ မိခင်ဖြစ်တဲ့စီယယ်လိုတစ်ယောက် သောကပွေရပါတော့တယ် ။ပိုက်ဆံပေးရင် သမီးဖြစ်သူကို ပြန်ခေါ်လာပေးမယ်လို့ငွေညှစ်ခဲ့ပေမယ့် တကယ်တမ်း ပိုက်ဆံပေးတော့လည်းလော်ရာကတော့ အိမ်ကို ပြန်ရောက်မလာခဲ့ပါဘူး ။အဲဒီအခါမှာတော့ စီယယ်လိုတစ်ယောက် သမီးဖြစ်သူအတွက်တစ်ကိုယ်တည်း လှုပ်ရှားရပါတော့တယ် ။သမီးဇောကပ်နေတဲ့ မိခင်တစ်ယောက် သမီးပျောက်ရှာပုံတော်မှာဘယ်လိုကိစ္စတွေ ကြုံရမလဲ ၊နောက်ဆုံးကျရင်ရော ...
movie

La Civil (2021)

Have a Nice Day!(2023) 6.7
Have a Nice Day!(2023) Have a Nice Day!(2023)**********************Enrique Guerrero ဆိုတဲ့ လူဟာ radio host အနေနဲ့ La bomba ဆိုတဲ့အမျိုးသမီးနဲ့အတူRock and roll သီချင်းတွေကို တင်ဆက်တဲ့လူ လုပ်ခဲ့ပါတယ်.....ဒါပေမယ့် တကယ့်တကယ် အစီအစဉ်အောင်မြင်လာတာတော့ ရေဒီယိုဌာနက သူ့ကိုပစ်လိုက်ပြီးLa bomba နဲ့ပဲ ဆက်လက် လုပ်ဆောင်ပါတော့တယ်... La bomba ဟာ သူ့ဘဝရဲ့ တစ်ဦးတည်းသောချစ်ရတဲ့ အမျိုးသမီးလေးလည်း ဖြစ်ပြန်ပါတယ်... တစ်နေ့တော့ ရေဒီယိုဌာနက သူတို့နှစ်ယောက်အတွက် ဂုဏ်ပြုပွဲလေးလုပ်ပေးဖို့ ဖိတ်စာရောက်လာပါတယ် ...အဲ့ဒီပွဲလေးတက်မှ သူ့ငယ်ချစ်ဦးလေး La bomba နဲ့အတူ တွေ့နိုင်မှာမို့လို့ အဲ့ဒီပွဲကို သွားဖို့ ပိုက်ဆံတွေစုပါတော့တယ်... အဲ့ဒီပွဲနေ့ရောက်လာတဲ့နေ့မှာတော့  သူမမျှော်လင့်ထားတွေဖြစ်ပါတော့တယ်...File Size :(1.5GB) and (697MB) Quality : NF.WEB-DL1080P,720p Format…mp4 Duration…01:33:00 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Have a Nice Day!(2023)