Channel Myanmar

Alyssa Sutherland

The Mental State (2022) 6.1
The Mental State (2022) 2023 December တုန်းကမှ Release လုပ်ထားတဲ့ Drama/Mystery/Thriller ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရပြီး၊ ပြန်လည်ထူထောင်ရေးစခန်းမှာရောက်နေတဲ့ မိခင်ဖြစ်သူနဲ့ ဘဝကို ရုန်းကန်နေရတဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်ဖခင်ဖြစ်သူနဲ့ မိခင်ဖြစ်သူတို့ရဲ့ အဖြစ်အပျက်တွေကြောင့် စိတ်ဒဏ်ရာ ရလို့ရမှန်းမသိဖြစ်နေတဲ့ အရွယ်မရောက်သေးတဲ့ အန်ဒီ ဆိုတဲ့ကောင်လေးတစ်ယောက်.....လူပျိုဖော်ဝင်ခါစမှာ စိတ်ဝင်စားနေတဲ့မိန်းကလေးရဲ့ Attention ကိုရဖို့ ကြိုးစားနေရတဲ့သူ...Scholar ရဖို့အတွက် တခြားသူတွေနဲ့မတူဘဲ ဝါသနာပါတဲ့ Graphic novel တစ်အုပ်ဆွဲပြီး ကြိုးစားနေတဲ့ high school senior ကောင်လေး....Pressure တွေကြားမှာ တိမ်ငုပ်နေတဲ့ စိတ်ရောဂါဝေဒနာတစ်ခုဟာ လူသိရှင်ကြားဖြစ်လာတဲ့အခါမှာတော့....ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.6 GB)/(783 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre...Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo
movie

The Mental State (2022)

Blood Vessel (2019) 5.4
Blood Vessel (2019)  ဒီကားလေးကတော့ ဒုတိယကမ္ဘာစစ်ကာလအတွင်းကိုဇာတ်တည်ထားပါတယ်။ ဇာတ်လမ်းအစမှာ ပရက်စကော့တို့အဖွဲ့က ပင်လယ်ထဲမှာအစာရေဆာပြတ်လတ်ပြီး ဖောင်တစ်ခုနဲ့ ပင်လယ်ထဲမှာမြောလာတာနဲ့ စထားပါတယ်၊ ဒီလိုနဲ့ နာဇီသင်္ဘောတစ်စီးကိုတွေ့ပြီးအသတ်ခံရတာက ငတ်သေတာထက်တော့သာပါသေးတယ်လို့ခံယူပြီး အဲဒီသင်္ဘောပေါ်ကို တက်သွားကြပါတော့တယ်။သင်္ဘောပေါ်မှာ လူတစ်ယောက်မှမတွေ့တော့ ထူးဆန်းတယ်ဆိုပြီးသင်္ဘောအနှံ့လိုက်ကြည့်ကြတဲ့အချိန်မှာ မိုင်ယာလို့ခေါ်တဲ့ကလေးမလေးနဲ့တွေ့ခဲ့ကြပါတယ်။ဘယ်သူမှမရှိတဲ့ သင်္ဘောပေါ်မှာ ကလေးမလေးတစ်ယောက်တည်းဘာလို့ရှိနေရတာလဲ၊ သင်္ဘောပေါ်မှာ ဘာတွေဖြစ်သွားခဲ့တာလဲ၊ပရက်စကော့တို့ကရော ဘာတွေကြုံရမလဲဆိုတာကိုတော့ 2019ခုနှစ်ထွက်ရှိထားပြီး IMDb rating 5.4 ရရှိထားတဲ့ Blood Vesselကားလေးမှာ ဆက်ပြီးကြည့်ရှုကြည့်ကြရအောင်နော်... ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Bennie ဖြစ်ပါတယ် )  File size…1.21GB / 405MB Quality…WEB-DL  1080p 5.1 CH  / 720p Format…mp4 Duration….1h 33m Genre ..... Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Bennie
movie

Blood Vessel (2019)

The Devil Wears Prada (2006) 6.9
The Devil Wears Prada (2006) The Devil Wears Pradaဆိုတဲ့ ဇာတ်လမ်းနာမည်လေးအတိုင်းပါပဲ။ Prada‌ဒေါက်ဖိနပ်စီးပြီး ဖက်ရှင်မဂ္ဂဇင်းလောကရဲ့ ဒိတ်ဒိတ်ကြဲအမျိုးသမီးတစ်ဦးနဲ့ ကြုံဆုံခဲ့ရပုံကို ရိုက်ကူးထားတဲ့ကားလေးပါပဲ။ ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ကြည့်ကောင်းပြီး ဆုတွေအများကြီးရခဲ့တဲ့ကားပါ။ ဇာတ်လမ်းထဲက မဂ္ဂဇင်းအယ်ဒီတာချုပ် မီရန်ဒါ ပရိစ်စလီဟာဆိုရင် အလုပ်ကို အရမ်းကြိုးစားသူ၊ လက်အောက်ငယ်သားတွေက စက်စက်ယိုအောင်ကြောက်ရသူပေါ့၊ တစ်ခါတလေကျ သူ့လက်ထောက်ကို ဖြစ်နိုင်မဖြစ်နိုင်မသိ ခိုင်းချင်ရာခိုင်းပြီး ကြပ်တတ်ပါသေးတယ်။ ဘယ်လိုလဲဆိုရင်တော့ ဟယ်ရီပေါ်တာစာအုပ်ရဲ့ မထွက်သေးတဲ့ စာမူကိုရအောင်ယူခိုင်းတာမျိုးပါ။ ဒီဇာတ်ကောင်နဲ့ သူ့ရဲ့ ဟာသတချို့ဟာ အင်္ဂလန်ဘုရင်မ Queen Elizabeth IIကို ဇာတ်လမ်းထဲပုံဖော်ထားပါ။လက်ထောက်ဖြစ်သူက ကော်ဖီလာမပို့သေးလို့ "ကော်ဖီမရောက်သေးပါလား၊ သူသေသွားပြီလား"မေးလို့မေး ဟာရီကိန်းမုန်တိုင်းတိုက်နေတာကို "မိုးဖွဲလေးကျနေတာပါ"လို့ ပြောလို့ပြော တစ်ခုခုခိုင်းပြီးရင် "ဒါပဲ"ဆိုပြီး ပြောလွှတ်တတ်တဲ့ မူဟန်လေးတွေထည့်သွင်းရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ သတင်းထောက်ဖြစ်ချင်သူ အန်ဒီဟာ အလုပ်ရှာနေရင်းနဲ့မှာ နာမည်ကြီးဖက်ရှင်အယ်ဒီတာချုပ်ရဲ့လက်ထောက်အဖြစ်အလုပ်ရသွားပါတယ်။ သူလုပ်ချင်တာတော့ စာရေးချင်တာပါ။ ဒါပေမဲ့ ဒီအလုပ်မှာတော့ ကော်ဖီယူပေး ဖုန်းကိုင်ပေးနဲ့ စာမရေးရတဲ့အပြင် အယ်ဒီတာ့စိတ်ကြိုက်အတိုင်းနေပေးရပါတယ်။ ...
movie

The Devil Wears Prada (2006)