Channel Myanmar

Ameet Chana

Bend It Like Beckham (2002) 6.6
Bend It Like Beckham (2002) IMDb Rating (6.6) / Rotten Tomatoes (85%)မင်းသမီးကီရာနိုက်တလေပါဝင်တဲ့ဒီဇာတ်ကားလေးက Sport,Comedy,Drama ပုံစံနဲ့ ဟိုးအရင်တုန်းက ကားလေးဖြစ်ပေမယ့် ကြည့်ရှုသူတွေအတွက် လွမ်းစရာလေးတွေနဲ့ ပြည့်နှက်နေတဲ့ဇာတ်ကားလဲ ဖြစ်မှာပါ။ လွမ်းစရာဆိုတာကတော့ မန်ယူဖန်တွေအတွက်လို့ ပြောရင်ပိုမှန်လိမ့်မယ်။ မန်ယူနဲ့ ဘက်ခမ်းတို့ လျှမ်းလျှမ်းတောက် ကျော်ကြားစဉ်က ထွက်လာခဲ့တဲ့ဒီကားလေးဟာ ပေါ့​ပေါ့ပါးပါးနဲ့ အိန္ဒိယ၊ အင်္ဂလိပ် ဖက်စပ်ရိုက်ကူးထားတာဖြစ်ပါတယ်။ အိန္ဒိယကောင်မလေးတစ်ယောက်ဟာ ယဉ်ကျေးမှုတွေကနေ သွေဖီပြီး ဘောလုံးကန်ချင်တဲ့ ဆန္ဒပြင်းပြနေခဲ့တယ်။ သူ့ရဲ့ အိုင်ဒေါကလည်း ဒေးဗစ်ဘက်ခမ်း။ ဘက်ခမ်းကို အရူးအမူးဖြစ်ရာကနေ ဘောလုံးကန်တဲ့နေရာမှာလည်း ထူးချွန်အောင်ကြိုးစားတယ်။ ဒါပေမယ့် အိန္ဒိယတို့ရဲ့ ထုံးစံအရ ဒါဟာ မိန်းကလေးတွေ လုပ်ရမယ့်အလုပ်မဟုတ်ဘူးဆိုပြီး မိဘ​တွေက တားမြစ်ပိတ်ပင်တယ်။ ဒါပေမယ့် သူကလည်း တစ်ချိန်ကျရင် ဒေးဗစ်ဘက်ခမ်းလို ဝေ့ဝိုက်ကန်ကွက်တွေနဲ့ ကမ္ဘာကျော်ရမယ်လို့ စိတ်ထဲတွေးထားတာ။ အဲဒီလိုနဲ့ ကျောင်း မိန်းကလေးအသင်းက လူတွေနဲ့တွေ့တဲ့အခါ သူဘယ်လိုဖြစ်လာမှာလဲ။ ကမ္ဘာကျော်သွားမှာလား။ ဒေးဗစ်တို့နဲ့ တွေ့ရမလား၊ အိမ်ကကော အသာတကြည်ခွင့်ပြုနိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းလေးကြည့်ရှုရင်း ခံစားကြည့်ကြပါလို့ ညွှန်းဆိုပါရစေ။ မန်ယူဖန်တွေအနေနဲ့ကတော့ ဝမ်းနည်းပက်လက်ဖြစ်စေမယ့် ကားလေးဆိုတာ အာမခံပါတယ်...(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mugiwara Ya မှ ...
movie

Bend It Like Beckham (2002)

Ghost (2019) 7.6
Ghost (2019) (Unicode)ကျွန်တော်တို့ အိန္ဒိယဇာတ်ကားတွေ ခုတလောတင်ဆက်ပေးတဲ့အထဲ အချစ်၊အကြမ်းတွေပဲ များနေခဲ့တာခုချိန်မှာတော့ အပြောင်းအလဲတစ်မျိုးနဲ့ သရဲကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းအရ....ရွေးကောက်ပွဲဝင် ကိုယ်စားလှည်လောင်းမစ္စတာ ကာရန်ခန်းနား ညဘက် အိမ်ပြန်မအိပ်နိုင်ဘဲမနက်စောစောမှ အိမ်ပြန်တဲ့အခါ သူ့ရဲ့ ဇနီးဟာသေဆုံးလျက်သား တွေ့ခဲ့ရပါတယ်။ရဲတွေရရဲ့ စီစီတီဗီ မှတ်တမ်းတွေ တွေ့ရှိချက်အရမစ္စတာ ခန်းနားဟာ ညဘက် ၂နာရီဝန်းကျင်မှာအိမ်ပြန်လာပြီး သတ်သွားတယ်လို့ သိရတယ်။မစ္စတာ ခန်းနားကိုယ်တိုင်ကလည်း တစ်ညလုံးအိမ်ပြန်မအိပ်နိုင်ဘဲ ပါတီဝင်တွေနဲ့ အတူရှိနေကြောင်းပြောတယ်။ဒါပေမဲ့ ရဲတွေဖက်က သက်သေခိုင်လုံနေတော့အသက်ငယ်ငယ်နဲ့ ဂုဏ်သရေရှိမစ္စတာ ခန်းနားဟာ အချုပ်ထဲ ရောက်နေခဲ့ရပါတယ်။ဒါပေမဲ့ ရှေ့နေငှားခွင့်ရှိတဲ့ အလျောက်မစ္စတာခန်းနားရဲ့ စည်းရုံးရေးမန်နေဂျာ ဘော့ဘ်အာနန်းကို အတော်ဆုံးရှေ့နေတစ်ယောက် ငှားရမ်းခိုင်းခဲ့ပါတယ်။သူ ငှားရမ်းခဲ့တဲ့ ရှေ့နေမလေးကတော့... မစ်ဆင်းရ်ပါ။မစ်ဆင်းရ်ဟာ ဖခင်သေဆုံးမှု၊ အက်ဆီးဒန့်တွေဖြစ်ခဲ့တဲ့အတွက် လတ်တလောမှာ မော်ဖင်းတွေ စွဲနေသူ တစ်ဦးပါ။မစ္စတာ ခန်းနားရဲ့ အမှုကို ကိုင်တွယ်ပေးဖို့ လေ့လာတဲ့အခါ"ကျွန်တော်တို့ အိမ်မှာ ဝိညာဉ်တစ်ကောင်ရှိနေတယ် ဒါကို ကျွန်တော်တို့ လင်မယားနှစ်ယောက်လုံး သိတယ်သူ ကျွန်တော့်မိန်းမကို ...
movie

Ghost (2019)

2019