Channel Myanmar

Amparo Fernández

Vasil (2022)
Vasil (2022)  စပိန်ကို ရောက်လာတဲ့ ဘူလ်ဂေးရီးယန်း တစ်ယောက် သူစပိန်ကို တကယ် ရောက်လာတဲ့အခါမှာ မျှော်မှန်းထားသလို မဖြစ်ဘဲ နေထိုင်သူတစ်ယောက်ရဲ့ ကြုံတွေ့ရတဲ့ အခက်ခဲ ဒုက္ခတွေက ဘယ်လိုလဲဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်သာအာင် ရိုက်ပြထားတဲ့ ရုပ်ရှင်ကားကာင်းတစ်ခုပါပဲ။ကျောတစ်ခင်းစာနေရာလေးတစ်ခုရဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာတွေ၊ နိုင်ငံသား တစ်ယာက်အတွက် တရားဝင်အလုပ်တစ်ခုရဖို့ ဘယ်လောက်ထိခက်ခဲတယ်ဆို‌‌တာတွေကိုပါ ပုံဖော်ပြသပေးထားတာမလို့ ဒီကာလမှာ ကြည်ကိုကြည့်သင့်တဲ့ ဇာတ်ကား ကောင်း တစ်ခုလို့ ပြောချင်ပါတယ်။ ဒါတွေအပြင် ဇာတ်ကားထဲမှာ Vasil ဟာ ဘယ်လိုပဲ အခက်အခဲဒုက္ခ တွေကြုံနေရပါစေ စိုးရိမ်ပူပန်မှုတွေ မဖြစ်ပဲ စိတ်အေးအးထားပြီး အားလုံးရင်ဆိုင်ဖြတ်ကျာ်ကာ ပျော်ပျော်နေတတ်သူ တစ်ယောက်အဖြစ် တွေ့ရဦးမှာပါ။ အဲ့ဒါကြောင့် ဒီလိုကာလမျိူးမှာ ကျွန်တာ် တွေဟာ လည်း ဘယ်လိုပဲ အခက်အခဲတွေ ရှိပါစေ Vasil တစ်ယောက်လိုမျိူး ကျော်ဖြတ်နိုင်တဲ့ ခွန်အားမျိူးတွရရှိဖို့အတွက် ဒီကားလေးက လုံးဝ အထောက်အကူဖြစ်မှာ အ‌သေအချာပါပဲ။ File ...
movie

Vasil (2022)

The Replacement (2021) 6.2
The Replacement (2021) The Replacement (2021) ================== IMDb Rating - 6.2/101982 ခုနှစ် စပိန်-ဂျာမနီ စစ်ပွဲကာလတွေမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန် မှုခင်းတစ်ခုအကြောင်း အခြေခံရိုက်ကူးထားတဲ့ စပိန်နောက်ခံစကားပြော ဇာတ်ကားလေး တစ်ကားပါ။အဲဒီကာလ မက်ဒရစ်မြို့ရဲ့ အတော်ဆုံး စပိန်လူမျိုး စုံစမ်းရေးမှူး တစ်ယောက်ဖြစ်တဲ့ အန်ဒရက်စ်က ပင်လယ်ဆိပ်ကမ်းမြို့လေးက ဘိုအာဒါဆိုတဲ့ ရဲတစ်ယောက်ရဲ့နေရာမှာ လူစားထိုးပြောင်းရွှေ့လာခဲ့တယ်။ ကိုလမ်ဘို ဆိုတဲ့ တွဲဖက်တစ်ယောက် ရလာခဲ့ပြီး အဲဒီမြို့က ဂျာမန်တွေရဲ့ လာဘ်ထိုးမှုတွေနဲ့ ဘဝတစ်ဆစ်ချိုး ပြောင်းလဲဖို့ ဖန်လာခဲ့တာပေါ့။ အဲဒီအချိန်မှာပဲ နာဇီတွေရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေ မူးယစ်ဆေးမှုတွေအပြင် သူအစားဝင်ခဲ့တဲ့ ဘိုအာဒါရဲ့ သေဆုံးမှုကပါ သာမန်ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘဲ ထူးဆန်းနေကြောင်း သတိထားမိလာပြီး အမှုကို ပြန်လည်စစ်ဆေးဖို့ ကြိုးစား ပါတော့တယ်။ဒါ့အပြင် 1980 အစောပိုင်းကာလ နာဇီဂျာမန်တွေရဲ့ စီးပွားရေး လက်ဝါးကြီးအုပ်မှုတွေ၊ အကြမ်းဖက်ဒုစရိုက်မှုတွေကို ရိုက်ကူး ပုံဖော်ထားတဲ့အပြင် စစ်မှန်တဲ့ ဒီမိုကရေစီရရှိဖို့ ကြိုးပမ်းခဲ့ရတဲ့ ကာလတွေအကြောင်း မြင်တွေ့ရမှာမို့ နိုင်ငံရေးသမိုင်းကြောင်း စိတ်ဝင်စားတဲ့လူတွေအတွက် အကြိုက်တွေ့စေမှာ အသေချာပါပဲ။ IMDb 6.2 ရရှိထားပြီး Ricardo Gómez, Vicky Luengo, Pere ...
movie

The Replacement (2021)

2021
Sleep Tight (2011) 7.2
Sleep Tight (2011) တစ်စုံတစ်ယောက်က သင့်ရဲ့ပျော်ရွှင်မှုတွေကို နှုတ်ယူဖို့ အစဉ်တစိုက်ကြိုးပမ်းနေတယ်... အဲ့ဒီတစ်စုံတစ်ယောက်က သင်အိပ်ပျော်သွားတာကို အမြဲတမ်းလာစောင့်ကြည့်နေတယ်ဆို ဘယ်လိုခံစားရမလဲ??? ဇာတ်ကားတချို့မှာ အော့နှလုံးနာစရာဗီလိန်မျိုးတွေကို မြင်ဖူးကြလိမ့်မယ်။ ဒီဇာတ်ကားထဲက ဗီလိန်ကတော့ မြင်ဖူးသမျှ ဗီလိန်တွေထဲမှာ တော်တော်လေး အော့နှလုံးနာစရာဗီလိန်မျိုးဖြစ်နေခဲ့တယ်။ သူက လူတွေပျော်ရွှင်နေတာကို မခံစားနိုင်တဲ့လူ သူ့ပတ်ဝန်းကျင်က လူတိုင်းရဲ့ ပျော်ရွှင်မှုကို နှုတ်ယူဖို့ အမြဲကြံစည်နေတဲ့လူ တနည်းအားဖြင့် ပျော်ရွှင်မှုကိုသတ်တဲ့လူ။ ဒီလို လူမျိုးက မိန်းကလေးတစ်ယောက်ရဲ့အိပ်ခန်းထဲကို ညတိုင်းဝင်လာပြီး မိန်းကလေးရဲ့ ပျော်ရွှင်မှုတွေကို ဘယ်လိုသတ်မလဲဆိုတာ.......။ ဇာတ်လမ်းကတော့ နောက်ဆုံးခန်းထိ အော့နှလုံးနာအောင်ရိုက်ကူးသွားပါတယ်။ စပိန်ဇာတ်ကားဖြစ်ပြီးတော့ ကြီးကျယ်ခမ်းနားတဲ့ ရိုက်ကွက်တစ်ကွက်မှမပါဘဲ IMDb Rating (7.2/10) ထိရရှိထားတာကိုကြည့်ရင် ဒီဇာတ်ကားရဲ့ ထူးခြားတဲ့ဇာတ်အိမ်ကိုသတိပြုမိပါမယ်။ -----------------------------------------------  
movie

Sleep Tight (2011)