Channel Myanmar

Amy LoCicero

Cassadaga (2011) 5.5
Cassadaga (2011)  လီလီဟာ ငယ်စဉ်ကတည်းက အကြားအာရုံချို့တဲ့ခဲ့တဲ့ ပန်းချီဆရာမတစ်ဦးဖြစ်ပါတယ်။ သူမတက္ကသိုလ်ရှိရာ ကာဆာဒက်ဂါမြို့လေးကိုပြောင်းရွှေ့လာကာစမှာပဲ ဝိဉာဉ်ခေါ်ဆရာဆီသွားပြီး သေဆုံးသွားတဲ့ညီမဖြစ်သူရဲ့ ဝိဉာဉ်နဲ့ဆက်သွယ်ဖို့ကြိုးစားပါတယ်။ ဝိဉာဉ်ခေါ်ပွဲမှာကမောက်ကမအဖြစ်အပျက်တစ်ခုကြောင့် မဆိုင်တဲ့ဝိဉာဉ်ပါရောက်လာပြီးလီလီကိုလိုက်လံခြောက်လှန့်ပါတော့တယ်။ဝိဉာဉ်ရဲ့ခိုင်းစေချက်အရ လီလီဟာ စိတ္တဇလူသတ်သမားတစ်ယောက်အကြောင်း စုံစမ်းထောက်လှမ်းမိလျက်သားဖြစ်သွားပြီး အဲဒီဝိဉာဉ်ကိုယ်တိုင်ဟာလည်း အဆိုပါလူသတ်သမားရဲ့ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံထားရသူတစ်ယောက်ဆိုတာ သိလာရပါတယ်။ စိတ္တဇလူသတ်သမားဟာ အမျိုးသမီးငယ်လေးတွေကို လူသားရုပ်သေးရုပ်ဖြစ်အောင် ဖြတ်တောက်ပြီး အမျိုးမျိုးနှိပ်စက်ညှင်းပန်းတတ်သူဖြစ်ကြောင်း ထင်ရှားလာတဲ့အပြင် လီလီကိုယ်တိုင်ဟာလည်း လူသတ်သမားရဲ့လက်ထဲကျရောက်ရမယ့်အဖြစ်မျိုး ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာပါတော့တယ်။လီလီဟာ လူသတ်သမားလက်ကလွတ်နိုင်ပါ့မလား..လူသတ်သမားရဲ့ နောက်ကြောင်းရာဇဝင်ဖော်ထုတ်နိုင်ပြီး သေဆုံးသွားတဲ့အမျိုးသမီးငယ်လေးရဲ့ ဝိဉာဉ်အတွက် လက်စားချေပေးနိုင်ပါ့မလား...လူသတ်သမားရဲ့ နောက်ကြောင်းရာဇဝင်ကကော ဘာတွေရှိမလဲ..လီလီကကော သူ့ကိုခြောက်လှန့်နေတဲ့ ဝိဉာဉ်ရဲ့လက်က လွတ်မြောက်နိုင်ပါ့မလားဆိုတာ Cassadaga ရုပ်ရှင်ဇာတ်ကားမှာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်။R rated ဖြစ်တာကြောင့် သွေးထွက်သံယိုနဲ့ ထိတ်လန့်စရာ ဇာတ်ဝင်ခန်းများပါဝင်မှာဖြစ်ပါတယ်... File size… 1.87 GB / 805 MB Quality… Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 8m Genre …..  Horror , ...
movie

Cassadaga (2011)

Magic Mike’s Last Dance (2023)
Magic Mike’s Last Dance (2023) လတ်တလောလေးကမှ ထွက်ရှိထားတဲ့ ပူပူနွေးနွေးကားသစ်လေးလာပါပြီ။ Magic Mike 1 & 2 ထွက်ရှိထားပြီး အခုတော့ သုံးကားမြောက်အနေနဲ့ Magic Mike's Last Dance ပါ။Lost City, 21 Jump Street, Dog, Dear John, White House Down တို့နဲ့ကျော်ကြားလှတဲ့ ကိုယ်တွေရဲ့ မင်းသားချော Channing Matthew Tatum က သရုပ်ဆောင်အဖြစ်ရော ထုတ်လုပ်သူတွေထဲကတစ်ယောက်အဖြစ်နဲ့ပါ ပါဝင်ထားပါတယ်။ မင်းသမီးကတော့ Hitman's Wife Bodyguard ထဲက Salma Hayek ဖြစ်ပြီး Director က Steven Soderberghပါ။(ဒီနေရာမှာ Dance ဆိုတာကို မိတ်ဆက်ပေးရရင် ကခုန်ခြင်းဆိုတာ ရှေးခေတ်ဦးကတည်းက ပေါ်ပေါက်လာတဲ့အရာတဲ့.. ရှေးမျိုးနွယ်စုတွေ ပိုးပန်းတာမျိုးလုပ်တဲ့အချိန် အချင်းချင်း စကားမပြောကြခင် အတူတွဲကပြီး ရင်းနှီးမှုတည်ဆောက်ကြတာပါတဲ့.. ကလပ်မှာ အရင် အတူတွဲကရင်းနဲ့မှ ရင်းနှီးသွားပြီး အဆင်ပြေရင် စကားဆက်ပြောဖြစ်ကြတာမျိုးနဲ့ ဆင်တူမယ်ထင်ပါတယ်)လူသားတွေက အချိန်တိုင်းလိုလို တစ်ခုမဟုတ်တစ်ခုတော့ လိုချင်နေတတ်ကြတာမလား.. ဒါပေမယ့် တစ်ယောက်သောသူနဲ့သာဆိုရင်တော့ ...
movie

Magic Mike’s Last Dance (2023)