Channel Myanmar

Amy Wright

The Good Shepherd (2006) 6.7
The Good Shepherd (2006)  Robert De Niroက ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ၊ပရိုဂျူဆာအပြင် သရုပ်ဆောင်အနေနဲ့လည်းပါဝင်ထားပါတယ်။ Matt Damon၊ Angelina Jolieနဲ့ Eddie Redmayneတို့လည်း အဓိကဇာတ်ကောင်အနေနဲ့ ပါဝင်ထားပါတယ်။ဇာတ်လမ်းက စီအိုင်အေအေးဂျင့်ဟောင်းတစ်ယောက်ရဲ့ ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို အခြေခံပြီး စီအိုင်အေရဲ့ ကနဦး ၀ရုန်းသုန်းကားအခြေအနေတွေကို အေးဂျင့်တယောက်ရဲ့ဘ၀ကနေတဆင့် ရှုမြင်ရိုက်ကူးတင်ဆက်ထားတာပါ။စီအိုင်အေအကြီးတန်းအရာရှိ အက်ဒ်ဝက်ကူလန်တစ်ယောက် သူတို့ဌာနအတွင်းမှာ သူသျှိုရှိနေတာကို သိလိုက်ရပြီး အိမ်ကိုပြန်ရောက်တဲ့အချိန် သူ့အိမ်တံခါးမှာ အထုပ်တစ်ထုပ်တွေ့ခဲ့တယ်။ အထုပ်ထဲမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးရဲ့ အိပ်ရာပေါ်ကဓာတ်ပုံတွေရယ် အသံဖမ်းထားတဲ့တိပ်ခွေတွေကို တွေ့ရပေမဲ့ ဘယ်သူဘယ်ဝါဆိုတာ မသဲကွဲခဲ့ပါဘူး။ဒီလို သူသျှိုဘယ်သူဘယ်ဝါမှန်းမသိတဲ့အချိန်မှာ ဇနီးဖြစ်သူနဲ့အဆင်မပြေ၊ သားဖြစ်သူကလည်း စီအိုင်အေထဲကို ဝင်ဖို့ဆုံးဖြတ်ပြီးပြီဆိုတဲ့ကြားမှာ အက်ဒ်ဝက်တစ်ယောက် မိသားစုနဲ့ အလုပ်ကြားကပြဿနာတွေကို ဘယ်လိုရင်ဆိုင်မလဲ။နောက်ပြီး သူ့အလုပ်မှာ သားဖြစ်သူက ဘယ်လိုပတ်သက်လာလဲဆိုတာရယ်ကို စိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ထားပါတယ်။ File size…(1.9 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:47:00 Genre...Drama, History, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated ...
movie

The Good Shepherd (2006)

The Deer Hunter(1987) 8.1
The Deer Hunter(1987) The Deer Hunter (1978)=================== စစ်ပွဲတစ်ခုဆိုတာ လူတွေကို ဘာများ ပြောင်းလဲသွားစေနိုင်သလဲ....။လူတွေရဲ့ နေ့စဉ် နိစ္စဓူဝတွေအပေါ် ဘာတွေသက်ရောက်မှုရှိသွားနိုင်သလဲ....။ပင်ဆဲဗေးနီးယားက မြို့ငယ်လေးတစ်မြို့မှာ သူငယ်ချင်းတွေ အုပ်စုလိုက်ရှိကြတယ်၊ စက်ရုံမှာ အလုပ်အတူတူလုပ်တယ်၊ အမဲလိုက်တူတူထွက်ကြတယ်၊အရက်ဆိုင်လေးမှာ ပျော်ပျော်ပါး တူတူသောက်ကြတယ်။ သူငယ်ချင်းမင်္ဂလာပွဲမှာ စိတ်လွတ်ကိုယ်လွတ် လူငယ်သဘာဝ ပျော်ရွှင်ကြမယ် ဗီယက်နမ်စစ်ပြန်တွေကို အားကျတယ်။ ဒီလိုနဲ့ အဖွဲ့ထဲက လူငယ်လေး ၃ ယောက်ဟာတိုင်းပြည်ကို စစ်မှုထမ်းပေးချင်တာကြောင့် ဗီယက်နမ်ကို စစ်လိုက်ခဲ့ပါတော့တယ်။ဒီမှာ သူတို့ထင်ထားသလိုမဟုတ်ပဲ ဗီယက်နမ်နိုင်ငံက သူတို့ကို ရက်စက်စွာနဲ့ကြိုဆိုခဲ့ပါတော့တယ်၊ သေအံ့နီးနီး အဖြစ်အပျက်တွေကနေ မနည်းအသက်လွတ်အောင် ရုန်းကန်ခဲ့ရပြီး တကွဲတပြားနဲ့ ပြန်ရောက်လာခဲ့ပါတယ်။ ဒီမှာပဲဘဝတွေဟာ ပြောင်းလဲလာပါတော့တယ် ကိုယ့်မြို့လေးကို ပြန်လာနိုင်ခဲ့တယ်ဆိုပေမယ့် ဒီစစ်ကြီးရဲ့ ဆိုးရွားတဲ့အမှတ်တရဟာ နေ့စဉ်နှိပ်စက်လာပါတော့တယ်။သွားခဲ့တဲ့ သူငယ်ချင်း ၃ ယောက်ဟာ တစ်ယောက်တစ်မျိုးစီ ဘယ်လိုတွေဖြစ်ပျက်ခဲ့သလဲ၊ ပြန်ပြီး အံဝင်ခွင်ကျဖြစ်အောင် ဘယ်လိုကြိုးစားနေထိုင်ကြမလဲ၊ ကိုယ့်မြို့ကိုပြန်ရောက်တဲ့လူရော ရှိလား မရှိရင် ...
movie

The Deer Hunter(1987)