Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
An A-zu
7.2
The Bacchus Lady (2016)
The Bacchus Lady (2016)IMDb - 7.2/10_____Rotten - 100% သင်တို့ လက်ရှိဘဝကိုစိတ်ပျက်နေပါသလား ဒီကားလေးကြည့်ရင်းကိုယ့့်ထက်ဆိုးတဲ့သူတွေကိုအောက်မေ့သတိရပြီးကောင်းဘက်ကဖြည့်တွေးပေးပါ သင်တို့ ဂုဏ်ပကာသနတွေနဲ့စိတ်ရင်းစေတနာကိုသတ်မှတ်ရတယ်လု့ိထင်ပါသလား မှားသွားပါလိမ့်မယ် မတတ်သာလို့လုပ်နေရတဲ့သူတွေရှိသေးလို့ပါ သင်တို့နုစဉ်အခါမှာအပျော်တွေနဲ့ပြည့်နှက်နေလို့ တစတစအသက်ကြီးပြီးအနိစ္စသဘောကိုမေ့လျော့နေပါသလား ဘယ်အရာမှမမြဲပါဘူးဆိုတာသတိရပါ ဒီဇာတ်လမ်းလေးထဲမှာတော့ အသက်သေဆုံးသွားသည့့်တိုင်အောင်လောကဓံရဲ့ဆိုးကျိုးတွေကိုခါးစည်းခံသွားရတဲ့ဆိုယောင်းဆိုတဲ့အမျိုးသမီးကြီးတစ်ယောက်ရဲ့သရုပ်ကိုပီပြင်အောင်ရိုက်ကူးထားတာပါ အိုခံကောင်းဖို့ဆိုတာလူကြီးသူမတိုင်းရဲ့မျှော်လင့်ချက်တစ်ခုပါ ဒါပေမယ့် ဒီအမျိုးသမီးကြီးကတော့ဒီဆုတောင်းမပြည့့်ခဲ့ပါဘူး ငယ်စဉ်တည်းက အိမ်ဖော် / စက်ရုံအလုပ်သမားဘဝတွေနဲ့ဖြတ်သန်းခဲ့ရပြီး ပြည့့်တန်ဆာတစ်ယောက်ဖြစ်လာရသူပါ ဂျုန်နိုဆိုတဲ့နေရာဟာ အသက်ကြီးကြီးဘိုးတော်တွေအတွက် စိတ်ကျေနပ်မှုရှာလို့ရတဲ့ပြည့်တန်ဆာအမျိုးသမီးတွေရဲ့စုရပ်ပါ ဒီလိုနဲ့တစ်နေ့မှာ ဆေးခန်းသွားပြရင်းဆေးခန်းကဆရာဝန်ကိုဖိလစ်ပိုင်သူတစ်ယောက်ကဓားနဲ့ထိုးတဲ့အမှုဖြစ်ပွားတာနဲ့ကြုံခဲ့ရပါတယ် ဒီအမျိုးသမီးအဖမ်းခံရတဲ့အချိန်မှာအကူအညီမဲ့နေတဲ့သားလေးတစ်ယောက်တည်းမျက်စိသူငယ်နားသူငယ်နဲ့ဖြစ်နေတဲ့အချိန်မှာ ဆိုယောင်းဆိုတဲ့အမျိုးသမီးကအိမ်ခေါ်သွားပြီးစောင့်ရှောက်ပေးထားခဲ့ပါတယ် အဓိကပြောချင်တာကတော့လူတစ်ယောက်ရဲ့ဘဝမှာစိတ်ရင်းစေတနာဟာသူ့ရဲ့အသက်မွေးဝမ်းကြောင်းတဲ့အလုပ်နဲ့မဆိုင်ဘူးဆိုတာကိုသက်သေသာဓကပြသွားခဲ့ပါတယ် အသက်ကြီးလာတဲ့အခါကြုံတွေ့ရမယ့်ဖြစ်ပျက်သဘောတရားတွေ / စိတ်သောကတွေ / အားငယ်မှုတွေ / အသက်မွေးဝမ်းကြောင်းဖို့ခက်ခဲတာတွေကိုပီပြင်အောင်ရိုက်ကူးထားတဲ့ဂရုဏာရသပေးတဲ့ဇာတ်ကားလေးဆိုလည်းမမှားပါဘူး အဲ့တော့ CM ပရိသတ်ကြီးလည်းမိဘတွေအိုမင်းလာတဲ့အခါ ပစ်ပယ်မထားသင့်ဘူးနော် အိုခံကောင်းတဲ့မိဘတွေဖြစ်အောင်သားသမီးဖက်က တာဝန်ရှိတဲ့အကြောင်းသင်ခန်းစာယူကြရအောင်ဗျာ.... Adult scence အနည်းးငယ်ပါဝင်တာမို့ သတိထားကြည့်ကြဖို့ သတိပေးလိုက်ပါရစေဗျ သင်တို့ လက်ရှိဘဝကိုစိတ်ပျက်နေပါသလား ဒီကားလေးကြည့်ရင်းကိုယ့်ထက်ဆိုးတဲ့သူတွေကိုအောက်မေ့သတိရပြီးကောင်းဘက်ကဖြည့်တွေးပေးပါ သင်တို့ ဂုဏ်ပကာသနတွေနဲ့စိတ်ရင်းစေတနာကိုသတ်မှတ်ရတယ်လို့ထင်ပါသလား မှားသွားပါလိမ့်မယ် မတတ်သာလို့လုပ်နေရတဲ့သူတွေရှိသေးလို့ပါ သင်တို့နုစဉ်အခါမှာအပျော်တွေနဲ့ပြည့်နှက်နေလို့ တစတစအသက်ကြီးပြီးအနိစ္စသဘောကိုမေ့လျော့နေပါသလား ဘယ်အရာမှမမြဲပါဘူးဆိုတာသတိရပါ ဒီဇာတ်လမ်းလေးထဲမှာတော့ အသက်သေဆုံးသွားသည့်တိုင်အောင်လောကဓံရဲ့ဆိုးကျိုးတွေကိုခါးစည်းခံသွားရတဲ့ဆိုယောင်းဆိုတဲ့အမျိုးသမီးကြီးတစ်ယောက်ရဲ့သရုပ်ကိုပီပြင်အောင်ရိုက်ကူးထားတာပါ အိုခံကောင်းဖို့ဆိုတာလူကြီးသူမတိုင်းရဲ့မျှော်လင့်ချက်တစ်ခုပါ ဒါပေမယ့် ဒီအမျိုးသမီးကြီးကတော့ဒီဆုတောင်းမပြည့်ခဲ့ပါဘူး ငယ်စဉ်တည်းက အိမ်ဖော် / စက်ရုံအလုပ်သမားဘဝတွေနဲ့ဖြတ်သန်းခဲ့ရပြီး ...
movie
The Bacchus Lady (2016)
2016