Channel Myanmar

An Junqi

Chasing Kawashima Yoshiko ( 2023 ) 5.9
Chasing Kawashima Yoshiko ( 2023 ) ယိုရှီကို ခါဝါရှီးမား ဟာ တရုတ်-ဂျပန် ဒုတိယစစ်ပွဲကာလအတွင်းက စွဲဆောင်မှုအပြည့်နဲ့ထက်မြက်တဲ့မိန်းမတစ်ပါ။ သူ့ကိုသေမိန့်ချတဲ့အထိ အများပြည်သူဟာ အရှေ့တိုင်းမိစ္ဆာမဆိုပြီး မုန်းတီးခံရတဲ့သူတစ်ယောက်လဲဖြစ်ပါတယ်။ဟုတ်ပါတယ် ယိုရှီကိုဟာတရုတ်နိုင်ငံရဲ့သစ္စာဖောက်မတစ်ဦးပါ… မန်ချူးမင်းဆက်ရဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့သူက တရုတ်ပြည်ကိုသစ္စာဖောက် ဂျပန်နဲ့ပူးပေါင်းပြီး မန်ချူးနိုင်ငံပြန်ထူထောင်ဖို့အိပ်မက်မက်နေတဲ့သူတစ်ယောက်ပေါ့……ယိုရှီကိုဟာနိုင်ငံရေးသမားတစ်ထောင်ကျော်နဲ့ပတ်သက်ခဲ့ပြီး အရေးကြီးဂျပန်သတင်းပေးသူလျှိုတစ်ယောက်တဲ့အတွက် တရုတ်တော်လှန်ရေးသမားတွေဟ ယိုရှီကိုကို မဖြစ်မနေသတ်ဖို့ လိုအပ်တာကြောင့် ယိုရှီကို ခါဝါရှီးမားကိုတော်လှန်ရေးသမားတွေ ဖမ်းဖို့ကြိုးစားတဲ့အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဉာဏ်များတဲ့ သမိုင်းဝင်သူလျှို ယိုရှီကိုတစ်ယောက် တရုတ်တော်လှန်ရေးသမားတွေထပ် အမြဲခြေတစ်လှမ်းစောနေတာကို ဘယ်လိုဖမ်းကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုခံစားလိုက်ပါဦးနော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Chasing Kawashima Yoshiko ( 2023 )

The Hero Named Koxinga ( 2022 ) 6
The Hero Named Koxinga ( 2022 ) ဒီဇာတ်ကားကတော့ သမိုင်းမှာတကယ်ရှိခဲ့တဲ့ သူရဲကောင်းတစ်ယောက်ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ မင်ပြည်ဟာ ချင်ပြည်ရဲ့ကျူးကျော်တိုက်ခိုက်မှုကိုခံရစဥ်မှာ ကောရှင်းရယ် အမည်တွင်တဲ့သူရဲကောင်းတစ်ယောက် ပေါက်ထွက်လာခဲ့တယ်။နာမည်ကတော့ ကျန်းချန်ကုန်းဖြစ်ပြီး၊ တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်ဖို့အသက်ပေးထားတဲ့ စစ်သူကြီးတစ်ယောက်ဖြစ်တယ်။ သူဟာ တိုက်ပွဲတိုင်းကိုရွပ်ရွပ်ချွံချွံတိုက်ခိုက်အောင်မြင်ခဲ့ပြီး တိုင်းပြည်ကို တိုင်းတစ်ပါးသားလက်ထဲက ကာကွယ်နိုင်သူ။ ပြည်သူအများရဲ့ယုံကြည်ကိုးစားခြင်းကိုခံရတဲ့ သူရဲကောင်းတစ်ယောက်။ တိုင်းပြည်အရှုပ်အထွေးနဲ့ကြုံပြီး စစ်မီးတောက်လောင်နေတဲ့အချိန်မှာ သူ့ရဲ့ဉာဏ်ပညာနဲ့ နည်းဗျူဟာကျကျ တွက်ချက်ပုံတွေ၊ ပြည််သူအများ​ကိုကာကွယ်ပုံတွေကိုကြည့်ရှုရမှာဖြစ်သလို၊ သူရဲကောင်းစိတ်ဓာတ်အပြည့်ရှိတဲ့ သူရဲကောင်းတွေအကြောင်းကိုလည်းကြည့်ကြရမှာပါ။သရုပ်ဆောင်တွေဟာလည်းဝါရင့်သရုပ်ဆောင်မင်းသားကြီးတွေဖြစ်ပြီး၊ စစ်ကားကြိုက်သူတွေအတွက် အကြိုက်တွေ့စေမယ့်ဇာတ်ကားဖြစ်မှာပါ။ စစ်ဗျူဟာတွေ လှည့်ကွက်တွေဟာလည်း ပျင်းသွားစရာတစ်ကွက်မှမရှိဘဲ ၊ စစ်တိုက်ခန်းတွေဟာလည်း တကယ်ကြမ်းပါတယ်။ အရင်ခေတ်ကားတွေကိုကြည့်နေရသလိုခံစားချက်မျိုးရစေမယ့် ဇာတ်ကားကောင်းတစ်ကားမို့ လက်မလွှတ်တမ်းကြည့်ရှုလိုက်ပါဦး။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , History , War Runtime : 1h 21min Subtitle : Myanmar Subtitle ( Hardsub ) Translated by Yin Wai Phyo , Chu Chu , Nu Mon Encoded by LK
movie

The Hero Named Koxinga ( 2022 )