Channel Myanmar

An Min-yeong

Past Lives (2023) 8.4
Past Lives (2023) Past Lives (2023)~ IMDb - 8.4/10, Rotten Tomatoes - 97% ~သူ့အကြောင်းနဲ့သူ ကိုယ့်အကြောင်းနဲ့ကိုယ် လမ်းတစ်လမ်းမှာ လျှောက်ရင်းလှမ်းရင်း သူစိမ်းနှစ်ယောက် မတော်တဆ အင်္ကျီလက်ဖျားချင်း အဖျားချင်းခတ်မိရင်တောင် ဘဝအဆက်ဆက်က ရှေးရေစက်ရှိခဲ့လို့ပဲတဲ့။ ဒီလိုခတ်မိတာကိုက ဒီမမြင်ဖူးမကြုံဖူးခဲ့တဲ့ သူစိမ်းနှစ်ယောက်ကြား အတိတ်ဘဝတွေတုန်းက အကြောင်းကံပါစရာ တစ်စုံတရာရှိခဲ့ဖူးတာကြောင့်မို့ပဲတဲ့။ရထားတစ်စင်းပေါ် ဘေးချင်းကပ် ထိုင်ခဲ့ဖူးရုံ ရေစက်မျိုးပဲဖြစ်ဖြစ်...ငှက်ကလေးတစ်ကောင်နဲ့ အဲဒီငှက်ကလေး တစ်မနက်လောက် ဝင်နားဖူးခဲ့တဲ့ သစ်ကိုင်းကလေးရဲ့ ရေစက်မျိုးပဲဖြစ်ဖြစ်...တစ်ခုသောညမှာ အတူတူကြွေကျခဲ့ဖူးတဲ့ ကြယ်လေးနှစ်စင်း သစ်ရွက်ကလေးနှစ်ရွက်ပဲဖြစ်ဖြစ်...ဘယ်လိုရေစက်မျိုးပဲရှိခဲ့ရှိခဲ့ တစ်ခုသောဘဝမှာ ၂ဦးသောသူတို့ ၂သက်၂ချစ်၂ယောက်ကမ္ဘာတည်နိုင်ဖို့ သူတို့၂ဦးကြား ဘဝပေါင်း၈ထောင်စာ ရှေးရေစက်ပေါင်း၈ထောင်ရှိဖို့လိုတယ်တဲ့။သူလိုကိုယ်လိုဘဝပါပဲ။ တစ်စုံတရာကိုလည်း ရရှိဖူးလိမ့်မယ်။ တစ်စုံတရာကိုလည်း ဆုံးရှုံးဖူးလိမ့်မယ်။ တစ်နေရာရာမှာလည်း ဆုံဖူးခဲ့လိမ့်မယ်။ တစ်နေရာရာမှာလည်း ဝေးဖူးခဲ့လိမ့်မယ်။ ထူးထူးဆန်းဆန်းပဲ လွမ်းဖူးလိမ့်မယ်။ ထူးထူးဆန်းဆန်းပဲ နေသားကျသွားလိမ့်မယ်။ မေ့လောက်ပျောက်လောက်ရှိတဲ့အခါလည်း ဆန်းဆန်းပြားပြားပဲ လွမ်းဖူးလိမ့်မယ်။ အံ့ဩဖို့ကောင်းအောင် မေ့မရတဲ့နေ့ရက်တို့တွေ ...
movie

Past Lives (2023)

2023
4K HEVC
When Winter Comes (2022) 5.4
When Winter Comes (2022) When Winter Comes (2022)Little Forest လို အလောင်မပါတဲ့ Healing drama တွေကိုပဲသဘောကျတဲ့သူတွေအတွက် When Winter Comes (2022) ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဆောင်းရာသီအေးအေးလေးမှာ စောင်ထဲကွေးရင်း အေးအေးဆေးဆေးနဲ့ ကြည့်လို့ကောင်းမယ့်ကားတစ်ကားပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ လက်ရှိအချိန်မှာ ဘတ်စ်ကားဒရိုင်ဘာလုပ်နေတဲ့ ရုပ်ရှင်ဒါရိုက်တာဟောင်း ဂုံဆော့ဝူနဲ့ ဘတ်စ်ကားဂိတ်က စာရေးမလေး ယန်းယောင်းအယ်တို့ရဲ့ ကြည်နူးဖွယ်ဆက်ဆံရေးလေးကို ရိုက်ကူးပြသထားတာပါ။ဒရိုင်ဘာဂုံဟာ ဘတ်စ်ကားဂိတ်ထိုင်ခုံပေါ်မှာ ကျန်နေခဲ့တဲ့ MP3 စက်လေးတစ်ခုကို တွေ့ရှိခဲ့ရာကနေ ယောင်းအယ်နဲ့ စတင်တွေ့ဆုံဖို့ဖြစ်လာခဲ့ပြီး သူ့ရဲ့အတိတ်နဲ့ပါ ပြန်လည်ရင်ဆိုင်ရဖို့ ဖြစ်လာခဲ့ပါတယ်။ ယောင်းအယ်ကတော့ အဲဒီ MP3 စက်လေးဟာ ပိုင်ရှင်ကလွှင့်ပစ်သွားခဲ့တာလို့ ယုံကြည်နေပြီး ဒရိုင်ဘာဂုံကတော့ ပိုင်ရှင်ကမေ့ကျန်နေခဲ့တာလို့ တစ်ထစ်ချပြောနေခဲ့တာပါ။ဒီလိုမျိုးယုံကြည်ချက်ကိုယ်စီနဲ့ MP3 စက်လေးကိုအကြောင်းပြုပြီး စတင်သိကျွမ်းခဲ့ကြတဲ့ဆက်ဆံရေးဟာ အချိန်ကြာလာတဲ့အခါမှာ သံယောဇဉ်တွေပေါက်ဖွားလာကြမလား၊ အဲဒီ MP3 စက်လေးမှာရော ဘာလျှို့ဝှက်ချက်တွေများ ရှိနေမလဲ၊ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးအဆုံးသတ်လေးကရော ဘယ်လိုများဖြစ်သွားမလဲဆိုတဲ့ စိတ်ဝင်စားစရာအချက်တွေကလည်း အပြည့်ပဲမို့ အခုပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြနကတော့ Hmwe Thet Winn ...
movie

When Winter Comes (2022)

2022
Forgotten (2017) 5.7
Forgotten (2017) Forgotten (2017)_____Rotten - 7.4/10   ဒီဇာတ်ကားလေးဟာတော့ 2017 ခုမှထွက်ရှိခဲ့တဲ့ mystery triller film အမျိုးအစားဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ဒါရိုက်တာကတော့ Jang Hang-jun ဖြစ်ပြီး အဓိကသရုပ်ဆောင်တွေအနေနဲ့ကတော့ Kang Ha-neul, Kim Mu-yeol, Moon Sung-keun နဲ့ Na Young-hee တို့က ပါဝင် သရုပ်ဆောင်ထားကြပါတယ်။rating အနေနဲ့ကတော့ IMDb rating 7.4/10 အထိ ရထားတဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအိမ်မက်ဆိုးတစ်ခုကနေလန့်နိုးလာတဲ့ လူတစ်ယောက် (ဂျင်ဆော့) ။သူဘေးနားမှာ သူ့အကိုရယ် ၊ သူ့အမေရယ် ၊ သူ့အဖေရယ် နဲ့ အိမ်အသစ်ကိုပျော်ပျော်ရွှင်ရွှင် ပြောင်းလာခဲ့ကြတယ်။ဂျင်ဆော့အတွက် အိမ်အသစ်ကို ပထမဆုံးရောက်ဖူးခြင်းဖြစ်ပေမယ့်လို့ သူ့စိတ်ထဲမှာ ထူးဆန်းစွာပဲ ဒီအိမ်ကို အရင်ကပဲ ရောက်ဖူးသလိုလို ခံစားနေရတယ်။ပြီးတော့ သူတို့ပြောင်းလာတဲ့အိမ်ရဲ့ အခန်းတစ်ခန်းထဲက အသံတွေကိုလည်း ဂျင်ဆော့တစ်ယောက်ပဲ ထူးဆန်းစွာ ကြားနေရတယ်။တစ်ညမှာတော့ ...
movie

Forgotten (2017)

2017