Channel Myanmar

Anand Deverakonda

Baby (2023) 7.9
Baby (2023) Baby (2023) IMDb-7.9/10 အခုတင်ဆက်ပေးမယ့် ရုံတင်ငွေကုဋေခုနစ်တယ်ထိ ရရှိအောင်မြင်ခဲ့တဲ့ ဇာတ်လမ်းလေးက တလေဂူးစကားပြော အိန္ဒိယအချစ်ဇာတ်လမ်းတစ်ပုဒ်။"တကယ်တော့ အချစ်ဆိုတာ သိစိတ်ရဲ့ခဏတာရူးသွပ်မှုနဲ့ မသိစိတ်ရဲ့စိတ်လိုလက်ရနိုင်တဲ့ထင်မြင်ချက်နှစ်ခု အေးစက်စွာခပ်မြူးမြူးတွေ့ဆုံတဲ့ တဒင်္ဂလေးပါပဲ။ချစ်သူနဲ့အတူ ချစ်ခဲ့တယ်ဆိုတဲ့ သက်တမ်းကလည်း အသေအချာစစ်ကြည့်ရင် အဲဒီတဒင်္ဂရဲ့ပြတ်တောက်မှုကို သတိမပြုမိဘဲ ဆက်ပြီးထင်ခဲ့မိတဲ့ မသိစိတ်ရဲ့လှည့်စားမှုတရပ်ပါ။ဒီတဒင်္ဂတွေက တခုနဲ့တခုပတ်သက်နေပေမဲ့လည်း တခုနဲ့တခု တာဝန်တော့မယူ။ခင်ဗျားတို့လက်ထဲမှာ ရှိနေတဲ့အဲဒီတဒင်္ဂလေး ပျက်စီးသွားတာနဲ့ ရှေ့မှာရှိခဲ့တဲ့ တဒင်္ဂများစွာတို့ကလည်း ပြိုလဲပျက်စီးသွားနိုင်တယ်။ဒါမှမဟုတ် ရပ်တန့်ငြိမ်သက်သွားတတ်ကြတယ်။ အချစ်ဆိုတာ တဒင်္ဂသာပိုင်ဆိုင်ရတတ်တဲ့ ခံစားမှုအစုအဝေးတခုပဲဖြစ်ပြီး တဒင်္ဂတည်းနဲ့ ဆုံးရှုံးသွားနိုင်တဲ့အရာလည်း ဖြစ်တယ်။"(ဒီစကားစုက ဆရာနီကိုရဲရဲ့ မကြည်ပြာနှင့်ချစ်ခြင်း၏နဂ္ဂတစ်များ၀တ္ထုထဲက စကားပြေကို စကားပြောနဲ့ပြန်ရေးပြထားတာပါ)ဒီဇာတ်လမ်းက သစ္စာမဲ့တာလား သစ္စာရှိနိုင်လွန်းတာပဲလား ကျွန်တော်လည်းမဝေခွဲတတ်။ ငယ်ငယ်ကတည်းက အိမ်နားနီးချင်းကောင်လေးနဲ့ကောင်မလေးတို့ ဆယ်တန်းကျောင်းသားဘ၀မှာ ချစ်သူတွေဖြစ်ခဲ့ပြီး ကောင်မလေးက ကောလိပ်ကိုသွားတက်တဲ့အချိန် တတိယတယောက်ပေါ်လာတဲ့အခါမှာတော့။ ချစ်ခြင်းတရားဆိုတာ ဝေးကွာနေတာပဲဖြစ်စေ အနီးဆုံးမှာပဲရှိနေပါစေ စိတ်ချင်းနီးပြီးချစ်တတ်သူတို့အဖို့ပါပဲ။ ဒီသုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကိုကြည့်ပြီး ကြည့်ရှုသူအပေါင်းဘ၀အမောတွေတိုးလာကြပါစေလို့ဆန္ဒပြုရင်း တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~Zwe~BpL~Vတို့ပဲဖြစ်ပါတယ်) File size…2.7GB /  1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 55m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~Zwe~BpL~V
movie

Baby (2023)

2023
Highway (2022) 5.2
Highway (2022) Highway (2022) Thrillerခုတစ်ခါထွက်ရှိလာတဲ့ကားလေးကတော့ Arjun Reddy ကားနဲ့ ပျိုမေတွေအသည်းစွဲမင်းသားလေး ဗီဂျေးဒေဗရာကွန်ဒါရဲ့ညီဖြစ်သူ အာနန်းဒေဗရာကွန်ဒါရဲ့စတုတ္ထမြောက်ထွက်လာတဲ့ ကားလေးတစ်ကားပဲ ဖြစ်ပါတယ်ဒီကားလေးကတော့ သည်းထိပ်ရင်ဖိုကားလေးပေါ့နော်...ဟိုက်ဒရာဘတ်မြို့ကြီးထဲမှာ မိန်းမပျိုလေးတွေ အသတ်ခံနေရပါတယ် လူသတ်သမားဟာ ခြေရာလက်ရာမချန်ထားခဲ့လို့ ရဲတွေကလည်း ဖမ်းမိဖို့ အခက်တွေ့နေပြန်တယ်...လူသတ်သမားဟာလည်း လူသတ်ပြီးရင် ကိုယ်ပျောက်လိုပဲ ပျောက်ပျောက်သွားလို့ ဘယ်လိုမှကို ခြေရာခံမရဘူး..ကဲ ရုပ်ရှင်ကြည့်ရင်း ကိုယ်တိုင်ဆားပုလင်းနှင်းမောင်လုပ်ကြည့်ကြပါ...ဒီဇာတ်ကားမှာ မထင်မှတ်တဲ့ ပေါင်းဆုံမှုလေးတွေရယ်... ကံတရားရဲ့လှည့်စားမှုတွေရယ်... ရိုးသားအပြစ်ကင်းမှုရဲ့ရလဒ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ် ဆိုတော့ ခံစားကြည့်ရှုပေးကြပါလို့ ညွှန်းဆိုပေးလိုက်ပါတယ်... File size…2.4GB / 1.2GB Quality…1080p TRUE WEB DL / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Highway (2022)

Middle Class Melodies(2020) 7.7
Middle Class Melodies(2020) Middle Class Melodies(2020)IMDb...7.7တောရွာလေးတစ်ရွာမှာနေတဲ့ "ရာဗာ"ဆိုတဲ့ ကောင်လေးတစ်ယောက် ဆိုင်အသေးလေးဖွင့်ထားပြီးအဆာပြေမုန့်လေးတွေကို ပြုလုပ်ရောင်းချပါတယ်။သူ့ရည်ရွယ်ချက်ကတော့ အနီးအနားက "ဂွန်တူ"မြို့ဆီသွားပြီး ဟိုတယ်လေးဖွင့်ချင်တာပါ။သူ့အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ ဂွန်တူမြို့ဆီခိုးသွားပြီး နေရာကောင်းရှာလေ့ရှိပါတယ်။ ။ဒီလိုနဲ့ တစ်နေ့ သူသဘောကျနေတဲ့ကောင်မလေးရဲ့အဖေပိုင်တဲ့ဂိုဒေါင်ဟောင်းလေးတစ်ခုကို ဝယ်ဖို့ဖြစ်လာပါတော့တယ်။ဟိုတယ်ဆောက်ဖို့ ရည်မှန်းချက်တွေ အကြံအစည်တွေရှိပေမယ့် ကိုယ်ပိုင်ပိုက်ဆံမရှိသေးတဲ့ "ရာဗာ"အနေနဲ့ ဒီလို စိတ်ကူးဟာ တခြားသူတွေအနေနဲ့ ရယ်စရာကြီးလိုဖြစ်နေတာပေါ့...သို့ပေမဲ့ သူ့စိတ်ကူးကို လက်မလျှော့ခဲ့ပါဘူး....သူဘယ်လိုအခက်အခဲတွေကြုံမလဲ..ဟာသလေးတေါနှောရင်း ပညာလည်းရ စိတ်အပန်းပြေတဲ့ကားလေးမို့ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့   Ei Phyu Khin & Khine Khine Wai ပဲဖြစ်ပါတယ်...File Size :(1.3GB) and (474 MB) Quality : WEB-DL  720p Format…mp4 Duration…02:48:00 Genre :  Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by  Ei Phyu Khin & Khine Khine Wai Encoded by ...
movie

Middle Class Melodies(2020)