Channel Myanmar

Ananth Babu

Bhuvanavijayam (2023) 6.9
Bhuvanavijayam (2023) Bhuvana Vijayam(2023) IMDb-6.9/10ပေါ့ပေါ့ပါးပါးနဲ့ အပျင်းတော်ပြေစေမယ့် တလေဂူးကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့လူသားတိုင်းမှာ ကိုယ်ပိုင်ဆန္ဒတွေရှိကြတယ်။အဲဒီဆန္ဒတွေက အောင်မြင်မှုနဲ့အတူ တွဲပါလာတတ်ကြပါမယ့် အဲဒီအောင်မြင်မှုအတွက် အများကြီးပေးဆပ်ပြီး တိုက်ပွဲဝင်ကြရတာ။ အမြဲတမ်းရှုံးနေတဲ့လူတောင် တခါတလေအောင်နိုင်ပါသေးတယ်။အကြိမ်ရေနည်းပေမယ်လို့ပေါ့။ အဲဒီလိုအချိန်တွေမှာ ဘုရားရဲ့ပါဝင်မှုက ရှိလာတတ်တာပဲ။ဒီဇာတ်လမ်းကလည်း ဘုရားတွေထဲကမှ ဘဟူဗာနာဗီဂျေယမ်ဆိုတဲ့လူသားရဲ့ဇာတ်လမ်း။ သေဆုံးပြီးနောက် ဘယ်လိုတွေဖြစ်လဲဆိုတာရယ်ရုပ်ရှင်တစ်ကားအတွက် နောက်ခံဇာတ်ကြောင်းတွေ မတူညီကြတဲ့ လူခြောက်ယောက် ဇာတ်ညွှန်းအတွက်ပြိုင်ကြတာကို ပေါ့ပေါ့ပါးပါးနဲ့ ခွီရမယ့်ဇာတ်လမ်းပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~Aditi~BpL~Yunniတို့ပဲဖြစ်ပါတယ်) File size…2.04GB / 863MB Quality…WEB DL /720p Format…mp4 Duration….1h 55mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~Aditi~BpL~Yunni
movie

Bhuvanavijayam (2023)

2023
Anukoni Prayanam (2022) 6.5
Anukoni Prayanam (2022) Anukoni Prayanam ( 2022 ) IMDb 6.5/10လူတစ်ယောက်ဟာ သူ့ရဲ့ဘ၀နိဂုံးအဆုံးသတ်မဲ့နေရာကို ရွေးချယ်လို့ရပါသလား... ။ ဘယ်အချိန်‌ရောက်လာမလဲမသိရတဲ့ဘ၀နေ၀င်ချိန်ကို ကြိုတင်ခန့်မှန်းဖို့ဆိုတာကတော့ မဖြစ်နိုင်သလောက်ပါပဲ။ ဒီဇာတ်လမ်းကတော့ မွေးရပ်မြေမှာပဲခေါင်းချချင်တဲ့သူငယ်ချင်းရဲ့ဆန္ဒကို ဖြစ်မြောက်အောင်ဖြည့်ဆည်းပေးမယ့်လူသားဆန်တဲ့လူတစ်ယောက်ရဲ့ဇာတ်လမ်းပါ...။ပျော်ရာမှာမနေ တော်ရာမှာနေဆိုတဲ့အတိုင်း တနယ်တကျေးမှာအလုပ်လုပ်နေကြရတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ တစ်ရက်မှာတော့ လုပ်ငန်းခွင်မှာမတော်တဆဆုံးပါးသွားတဲ့ လူတစ်ယောက်ကိုကြည့်ပြီး သူသေရင်တော့မွေးရပ်မြေမှာပဲသေချင်တယ်လို့ သူငယ်ချင်းရာဂျူးကပြောပါတယ်။အဲဒီနောက် ကိုဗစ်လူနာတွေတိုးလာပြီး အစိုးရကလော့ဒေါင်းချတော့မဲ့အချိန်မှာ သူတို့အလုပ်ခွင်လည်းပိတ်ပြီ း ဇာတိပြန်ဖို့ဖြစ်လာပါတယ်။ ဒါပေမဲ့ ရာဂျူးဟာ ရွာအပြန်ခရီးမစခင်မှာပဲ ရုတ်တရတ်ဆုံးပါးသွားပါတော့တယ်။ သူငယ်ချင်းရာဂျူးရဲ့ဆန္ဒအတိုင်း သူ့ရဲ့မွေးရပ်မြေဇာတိရွာကလေးမှာသင်္ဂြိုလ်နိုင်ဖို့ သူငယ်ချင်းရဲ့အလောင်းကိုသယ်ကာ တစ်ယောက်ထဲခရီးဆက်ရတဲ့အခါ... ကိုရိုနာ‌လော့ဒေါင်းကန့်သတ်ချက်တွေကြောင့် လမ်းခရီးမှာဘယ်လိုအခက်အခဲတွေကြုံရမလဲ...သူငယ်ချင်းရဲ့ဆန္ဒကို‌ရော ဖြည့်ဆည်းပေးနိုင်ပါ့မလားဆိုတာကတော့..။ File size…2.2GB / 1GB Quality…1080p True WEB DL / 720p Format…mp4 Duration….1h 58mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ OeliuJ
movie

Anukoni Prayanam (2022)

2022
Gaddalakonda Ganesh (2019) 5.9
Gaddalakonda Ganesh (2019) Gaddalakonda Ganesh 2019ဒီတစ်ခေါက်မှာတော့ ၂၀၁၉ မှာ ထွက်ရှိထားတဲ့ ဇာတ်ကားဟောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်အဟောင်းဒါပေမဲ့ရွှေဆိုသလိုပဲ ရုံဝင်ငွေ ၄၂.၅ ကုဋေထိရရှိထားတာမလို့အားလုံးကြည့်ရကျိုးနပ်စေမဲ့ကားလေးဖြစ်မှာ အသေအချာပါပဲဒါဆိုရင် အညွှန်းလေးကို ဖတ်ကြည့်လိုက်ရအောင်ရုပ်ရှင်ကို ဝါသနာကြီးတဲ့ကောင်လေးတစ်ယောက် သူ့ရဲ့ပွဲဦးထွက်ရုပ်ရှင်အတွက်လူဆိုးဂန်စတားတစ်​ယောက်ရဲ့ ဘဝအ​ကြောင်းကို ရိုက်ကူးဖို့ ကြံစည်ရာကနေရက်စက်ကြမ်းတမ်းလှတဲ့ ဂန္ဒလကွန်ဒါဂန္နီချ်အကြောင်း ရိုက်ကူးဖို့အကြောင်းဖန်လာပါတော့တယ်သူငယ်ချင်းနှစ်ယောက် အသက်ကိုဖက်နဲ့ထုတ်ပြီး ကျားခံတွင်းထဲဝင်သလိုမျိုး ဂန္နီချ်ဘဝဇာတ်​ကြောင်းကိုသိရှိဖို့ကြိုးစားရာကနေပြီးတော့ ဘာတွေဆက်ဖြစ်ကြမလဲ....လူဆိုးဂန်းစတား ဂန္နီချ်ကရော ရုပ်ရှင်ရိုက်ကူးဖို့ သဘောတူမှာလား....ဂန္နီချ်ရဲ့ ဘဝဇာတ်ကြောင်းကရော ဘယ်လိုဖြစ်မှာလဲ ဘယ်လိုမျိုးတွေကြုံတွေ့ခဲ့ရလဲ...တက်သစ်စဒါရိုက်တာလေးကရော အချစ်ကိုဘေးဖယ်ထားပြီးအာရုံစိုက်ထားတဲ့ ပွဲဦးထွက်ရုပ်ရှင်ကရောအောင်မြင်မှာလား....ဆိုတာအားလုံး စိတ်ဝင်တစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်  File size…2.7GB / 1.5GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ Shwe Pwint ~ Shwe Pyae ~ Haruko
movie

Gaddalakonda Ganesh (2019)

2019
Ala Vaikunthapurramuloo(2020) 7.2
Ala Vaikunthapurramuloo(2020) Ala Vaikunthapurramuloo(2020)ရာမချန်ဒရန်ဆိုတဲ့ လူတစ်ယောက်ဟာ အလုပ်ကြိုးစားပြီး ရိုးသားတဲ့အတွက် အလုပ်ရှင်က သဘောကျပြီး သူ့သမီးနဲ့ ပေးစားလိုက်တော့ စာရေးဘ၀ကနေ သူဌေးဘ၀ကို ရောက်သွားတယ်။ဒီကိစ္စကို ရာမာချန်ဒရန်ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဗာလ်မီကီဆိုသူက မနာလို မရှုစိမ့်ဖြစ်ပြီး အခွင့်အရေး ပေးလာချိန်မှာမိတ်ဆွေကို မကောင်းကြံဖို့ စီစဉ်တယ်... အခုမှ လူ့လောကထဲကို ရောက်လာတဲ့ ဘာမှမသိရှာသေးတဲ့ကလေးနှစ်ယောက် လူစားလဲခြင်း ခံလိုက်ရတယ်။ဒီကိစ္စကို အစအဆုံး သိတဲ့သူဆိုလို့ ဗာလ်မီကီနဲ့ ဆေးရုံက နပ်စ်မတစ်ယောက်သာ ရှိတယ်။ဒီလိုနဲ့ ရာမချန်ဒရန်ရဲ့ သားအရင်းက ဗာလ်မီကီ့ဆီ ရောက်သွားပြီး ၊ ဗာလ်မီကီ့သားက ရာမချန်ဒရန်တို့အိမ်ကို ရောက်သွားတယ်။..... ဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ပရိတ်သတ်တွေကိုယ်တိုင် ခံစားဖို့ ချန်ထားလိုက်ပါတော့မယ်။အစအလယ်အဆုံး အကောင်းဆုံး ဘာသာပြန်ပေးထားသလို ကြည့်ပြီးသားသူတွေအတွက်လည်းသီချင်းလေးတွေကအစ သေချာလေး ဘာသာပြန်ပေးထားတာမို့ခံစားကြည့်ကြပါဉီး....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Myint Thu ပဲဖြစ်ပါတယ်....File Size : (1.25 GB) and ...
movie

Ala Vaikunthapurramuloo(2020)