Channel Myanmar

Anders Baasmo Christiansen

Munch (2023) 5.9
Munch (2023) The Screamဆိုတဲ့ ပန်းချီကားကို ပန်းချီစိတ်ဝင်စားလို့ပဲဖြစ်ဖြစ်၊ အင်္ကျီစတစ်ကာတွေမှာဖြစ်ဖြစ်၊ ဆိုရှယ်မီဒီယာပေါ်မှာပဲဖြစ်ဖြစ် မြင်ဖူးကြပါလိမ့်မယ်။ ပန်းချီကားကိုကြည့်လိုက်ရင်ပဲ အကြောက်တရားနဲ့ အထီးကျန်မှုကိုအလိုလိုခံစားလာရတာမျိုး။ဒီရုပ်ရှင်ကတော့ အထက်ပါပန်းချီကားကိုရေးဆွဲခဲ့တဲ့ ခံစားမှုရသကိုအသားပေးပုံဖော်တတ်သူ နော်ဝေပန်းချီအကျော်အမော် Edvard Munchရဲ့ ဘ၀ဇာတ်ကြောင်းကို အခြေခံပြီး အရွယ်သုံးမျိုးနဲ့ ရုပ်ရှင်တစ်ကားအဖြစ် ဖန်တီးပုံဖော်ထားတာပါ။Edvard Munchဆိုတာ ၁၉ရာစုနဲ့ ၂၀ရာစုကြားကာလမှာ အရေးအပါဆုံးပန်းချီအနုပညာရှင်တွေထဲက တစ်ယောက်ပေါ့။ သူ့ရဲ့လူငယ်ဘ၀က ပျော်ရွှင်ဖွယ်ရာမကောင်းခဲ့တဲ့ အချစ်ရေး၊ အစ်မကြီးဖြစ်သူကို ဆုံးရှုံးခဲ့ရပုံနဲ့ သူကြိုးစားအားထုတ်ထားတဲ့ ဘာလင်က အစောပိုင်းပြပွဲတစ်ခုမှာ အနုပညာရှင်အသင်းကြီးရဲ့  ပြပွဲပိတ်သိမ်းခံလိုက်ရပုံတွေ၊ နောက်ပြီး ဒုတိယကမ္ဘာစစ်အတွင်းမှာ သူ့ဘ၀ရဲ့မြတ်နိုးရတဲ့အလုပ်ကို နာဇီတွေရန်ကနေ ကယ်တင်ခဲ့ပုံတွေကို ဇာတ်လမ်းတစ်ပုဒ်လို ဖန်တီးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦးဗျ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.5 GB)/(782 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Biography, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie

Munch (2023)

In Order of Disappearance (2014) 7.1
In Order of Disappearance (2014)  ဒီဇာတ်ကားဟာ ၂၀၁၄ခုနှစ်ကထွက်ရှိခဲ့တဲ့ ​​နော်​ဝေထုတ်ဇာတ်ကားဖြစ်ပြီး IMDb 7.1နဲ့ RT -86%ရထားတဲ့ ဇာတ်လမ်းပါ။ ဇာတ်လမ်းရဲ့အကျဉ်းကအမြဲတ​စေနှင်း​တွေကျ​နေတဲ့ ​တောင်​ပေါ်မြို့​လေးမှာနှင်းရှင်းစက်​မောင်းတဲ့ အလုပ်နဲ့ ပြည်သူ့သား​ကောင်းဆု ရထားတဲ့ ​နေးလ်ဒစ်မန်းတို့ လင်မယားဟာ တစ်​နေ့မှာ သားဖြစ်သူ အသတ်ခံလိုက်ရတဲ့အတွက် သူတို့သားကို သတ်သွားတဲ့ လက်သည်​တွေကိုစုံစမ်းရင်း နယ်ခံမူးယစ်ဂိုဏ်းရဲ့လက်ချက်ဖြစ်​ကြောင်း သိသွားတဲ့အခါ အဲဒီဂိုဏ်းသား​တွေကို တစ်​ယောက်ချင်း ပြန်လိုက်သတ်ရင်းသားရဲ့​​သွေး​​ကြွေးကို ပြန်ဆပ်ဖို့ကြိုးစားပုံ​တွေကို ကြည့်ရှုရမှာပါ။ File size…1.58GB / 594MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 56m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

In Order of Disappearance (2014)

Kon-Tiki(2012) 7.2
Kon-Tiki(2012)  Genre - Adventure, Biography IMDB - 7.2/10 ခင်ဗျားတို့သာ ရေမကူးတတ်ဘူးဆို ပစိဖိတ်သမုဒ္ဒရာထဲ မိုင် ၅ ထောင်ကျော်ကို ဖောင်လေးတစ်စင်းနဲ့ ဖြတ်ကူးရဲလား။ ဒါပေမဲ့ ဒီ သောရ်ဆိုတဲ့ဘဲကြီးကတော့ တကယ်လုပ်ခဲ့တယ်ဗျ။ အဲဒီလိုပြောလို့ စိတ်ကူးယဉ်ဇာတ်လမ်း မထင်နဲ့နော် တကယ်အပြင်မှာ ဖြစ်ပျက်ခဲ့တဲ့ ၁၉၄၇ ခုနှစ်က ဖြစ်ရပ်မှန်ဇာတ်လမ်း။ စူးစမ်းရှာဖွေရေးသမား သောရ်ဟာ ပိုလီနီရှားကကျွန်းတွေကို ၁၀ နှစ်ကြာအောင် ဇနီးဖြစ်သူနဲ့ သုတေသနတွေပြုလုပ်ပြီး စာတမ်းပြုစု နေထိုင်ခဲ့တဲ့လူပေါ့။ သူ အဲဒီမှာ နေထိုင်ရင်း ဒီ ပိုလီနီးရှားဒေသကို ဒေသခံတွေဟာ အာရှဖက်ကနေ ရောက်လာကြတာမဟုတ်ပဲ တောင်အမေရိကဖက်က ရောက်လာကြတယ်ဆိုတာကို ထူးဆန်းစွာနဲ့ သိရှိခဲ့ရတယ်။ ဒီတော့ ဆရာသမားက သူတွေ့ရှိခဲ့တဲ့ သီအိုရီကို လိုက်ပြီး ဖြန့်ဝေနိုင်အောင် ဆက်သွယ်တော့တာပဲ ဒါပေမဲ့ ကံဆိုးချင်တော့ ဘယ်သူမှမယုံကြည်ပဲ သူ့ကို ပရော်ဖက်ဆာတစ်ယောက်က ဒါမျိုး ပြောလိုက်ပါတယ်။ ...
movie

Kon-Tiki(2012)

The Burning Sea (2021) 6.2
The Burning Sea (2021) The Burning Sea (2021) ဇာတ်လမ်းအညွှန်းIMDb 6.2/10=================================ပင်လယ်ပြင်ဆိုတာ ခန့်မှန်းရခက်တဲ့ အန္တရာယ်တွေ အပြည့်ပါပဲ.... ပင်လယ်မှာ မှီခိုပြီး အသက်မွေးဝမ်းကြောင်းပြုရတဲ့အထဲမှာ.... ကမ်းလွန်ပင်လယ်ပြင် တစ်လျှောက် ရေနံတူးလုပ်သားများလည်း ပါဝင်ပါတယ်။ သူတို့ဘဝက ကမ်းမမြင် လမ်းမမြင်ပင်လယ်ထဲရောက်နေရုံမက ပင်လယ်ကြမ်းပြင်အောက်အထိ စွန့်စားပြီး အလုပ်လုပ်ရတာမို့ ခက်ခဲကြမ်းတမ်းသလို အသက်ကိုဖက်နဲ့ထုပ်ထားရသူတွေပါ....။ ဒီလို ပတ်ဝန်းကျင်မှာ အမှားတစ်စုံတရာသာ ဖြစ်ခဲ့ရင် ရေနံလုပ်သားတွေတင်မကပဲ..... ပင်လယ်ထဲကို ယိုဖိတ်လာမယ့် ရေနံဆီတွေ ဓာတ်ငွေ့တွေက သက်ရှိတွေကို မျိုးတုံးစေတဲ့အထိ....အန္တရာယ်ကြီးမားပါတယ်....။ ငွေကြေးအားဖြင့်လည်း တန်ဖိုးဘီလီယံနဲ့ချီပြီး ရှုံးသွားနိုင်ပါတယ်....။ဒီလို ဒီလို ဘေးရန်တွေကြားက အလုပ်လုပ်နေကြရင်း ကပ်ဘေးကြုံရတဲ့အခါ ဘယ်လို ဖြစ်ကြမလဲဆိုတာကို ရိုက်ကူးပုံဖော်ထားတဲ့ စွန့်စားခန်းဆန်ဆန် ရုပ်ရှင်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ဒီကားလေး နာမည်ကတော့ The Burning Sea ဖြစ်ပြီး ပင်လယ်ရေနံလုပ်သားတွေရဲ့ ဘေးဒုက္ခ အကြောင်း ရှားရှားပါးပါး ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။သည်းထိတ်ရင်ဖိုဇာတ်လမ်းဆို သဘောကျတဲ့ ပရိတ်သတ်တွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းလိုက်ပါရစေ။အညွှန်းနဲ့ ဘာသာပြန်ကတော့ Richard Wai ပဲဖြစ်ပါတယ်။Genre.....ACtion Quality….WEB-DL ...
movie

The Burning Sea (2021)

2021
Asphalt Burning (2020) 5.2
Asphalt Burning (2020) Asphalt Burning (2020)===================IMDb Rating - 5.2/10 ဘ၀မှာ စားခါနီးမှ ပုတ်ချခံရတဲ့ အဖြစ်မျိုး လူတိုင်းနီးပါး ကြုံဖူးကြမယ်ထင်ပါတယ်။ တကယ် ရင်နာစရာပါ။ဒီဇာတ်လမ်းထဲက ဇာတ်လိုက်ဖြစ်တဲ့ ရွိုင်ဟာလည်း ဒီလိုအဖြစ်နဲ့ ကြုံလိုက်ရတဲ့သူပါ။ ရွိုင်က ကလေးတစ်ယောက်အဖေတစ်ခုလပ်ဖြစ်ပြီး ဆေလ်ဗီယာဆိုတဲ့ အမျိုးသမီးနဲ့ လက်ထပ်တော့မယ့်သူတစ်ယောက်ပါ။ သူက ကားစီးရတာ ကားမောင်းပြိုင်ရတာကို သိပ်ကို ဝါသနာပါတဲ့သူ ပီပီ မင်္ဂလာပွဲကိုတောင် ကားမောင်းပြိုင်ပွဲပုံစံနဲ့ သတို့သမီးဆီ အရောက်ကားမောင်းသွားပြီးမှ လက်ထပ်ဖို့ စီစဉ်ထားပါတယ်။ မင်္ဂလာပွဲ မတိုင်ညမှာ ရွိုင်မူးနေတုန်း ဂျာမန်မတစ်ယောက်က လာမြူစွယ်တော့ ရှူးရှဲပေးမိလိုက်ရာက ပြဿနာစပါတော့တယ်။ ဂျာမန်မက သူနဲ့လက်ထပ်မယ့် ဆေလ်ဗီယာ့ရဲ့ တစ်ခါက အခန်းဖော် ဖြစ်ရုံသာမက ဂျာမန်မကဆေလ်ဗီယာ့ကိုပါ ကြွေနေပုံပါ။ ဒီတော့ မင်္ဂလာဆောင်မယ့်နေ့မှာ စီစဉ်ထားတဲ့အတိုင်း " အရင်ရောက်တဲ့သူ သတို့သမီးကိုယူ " ဆိုတဲ့စည်းမျဉ်းနဲ့ ကားပြိုင်ပွဲလုပ်ပါတယ်။ ပြိုင်တဲ့သူတွေက သူ့ဘော်ဒါတွေဖြစ်လို့ ...
movie

Asphalt Burning (2020)

2020
The Birdcatcher (2018) 7.3
The Birdcatcher (2018) ဒီဇာတ်ကားကတော့  2019 ခုနစ်ကထွက်ထားတဲ့ဇာတ်ကားလေးပါ နာဇီခေတ်ကိုအေခြခံပီးရိုက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ် IMDb 4.7နဲ့ Google user 80%က  ထောက်ခံထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ  ဇာတ်လမ်းအကျဉ်းကတော့ တွန်ဟိုင်းမြို့မှာနေနေတဲ့ ဂျူးလူမျိုးတွေရှိပါတယ်  အဲ့ဒီ့ထဲမှာ အက်စတာတို့မိသားစုလည်းအပါအဝင်ပါပဲ  တနေ့မှာတော့ နာဇီတွေက တွန်ဟိုင်းက ဂျူးလူမျိုးတွေကိုဖမ်းဆီးသတ်ဖြတ်မှုတွေ  စတင်လုပ်လာပါတော့တယ် အဲ့ဒီ့မှာ အက်စတာရဲ့ မိဘနှစ်ပါးလည်အသတ်ခံရပီး အက်စတာဟာ ထွက်ပြေးရပါတယ် ထွက်ပြေးရင်းပြေးရင်းနဲ့သူမဟာ နာဇီတွေရဲ့ဘက်တော်သားဖြစ်တဲ့ နော်ဝေလူမျိုး ဂျိုဟန်ရဲ့အိမ်ကိုရောက်သွားခဲ့ပါတယ် အဲ့ဒီမှာဂျိုဟန်ရဲ့သား အက်ဆယ်က သူမကိုကူညီပေးခဲ့တာပါ ဒါပေမယ့် နာဇီ‌တွေကလွတ်သွားတဲ့သူမကိုလိုက်ရှာနေတာကြောင့်ရယ် ဂျိုဟန်က နာဇီတွေရဲ့လူဖြစ်တာကြောင့်ရယ် အဲ့ဒီ‌အိမ်ကို သူမဟာ ယောကျာ်းလေးတယောက်ဟန်ဆောင်ပီး ရောက်သွားခဲ့ပါတယ် အဲ့ဒီမှာ သူမ ရှင်သန်ဖို့ ဘာတွေ‌ကြုံတွေရင်ဆိုင်ရမလဲနာဇီတွေလက်ထဲကနေ ဒီအိမ်ကနေ ထွက်ပြေးလွတ်မြောက်နိုင်မှာလားဆိုတာ ကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ် ဇာတ်လမ်းအညွုန်းနဲ့ဘာသာပြန်သူကတော့Pyae Shan Tun Wai ပါ
movie

The Birdcatcher (2018)

2018
Journey to the Christmas Star (2012) 5.9
Journey to the Christmas Star (2012) CM ပရိတ်သတ် ကြီးအတွက် နော်ဝေ ရိုးရာ ပုံပြင်တစ်ပုဒ်ကို ရုပ်ရှင် အဖြစ် အသက်သွင်းထားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အခုလို ခရစ္စမတ် နားရက်မှာ မိသားစုနဲ့ အတူ စိတ်ဝင်တစား ကြည့်လို့ ကောင်းမဲ့ ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်လမ်းကို အနည်းငယ်ပြောပြရရင် သာယာလှပတဲ့ တိုင်းပြည်တစ်ခုမှာ ဘုရင်ကြီး ရယ် သူ့သမီးတော် ရွှေရောင်ဆံပင် နဲ့ မင်းသမီးလေးရယ် မိဖုရားကြီးရယ်တို့က တိုင်းပြည်ကိုပျော်ရွှင်စွာ အုပ်ချုပ်နေသတဲ့။ဒါပေမဲ့ ဘုရင်ကြီးရဲ့ ညီဝမ်းကွဲ မြို့စားကလည်း ဘုရင် ဖြစ်ချင်နေတာပေါ့။ ဒါပေမဲ့ သူ ဘုရင်ဖြစ်ဖို့ မင်းသမီးလေး နဲ့ မိဖုရားကြီးတို့ မရှိမှ ဖြစ်မှာ ကိုး ဒီလိုနဲ့ မြို့စားက စုန်းမကြီးကို တိုင်းပြည် တစ်ဝက် ခွဲပေးမယ် လို့ အကူအညီတောင်းတာပေါ့။ ဒီလိုနဲ့ မြို့စားရဲ့ လှည့်ဖျားမှု့ နဲ့ မင်းသမီးလေးက ခရစ္စမတ် ကြယ်ကို ရှာဖို့ ...
movie


2012