Channel Myanmar

András Sütö

Háromezer számozott darab(Three Thousand Numbered Pieces) (2022) 6.6
Háromezer számozott darab(Three Thousand Numbered Pieces) (2022)  အခုတင်ဆက်မယ့်ဇာတ်ကားကတော့ review ရေးမယ်ဆိုရင် plot ကိုအကျဉ်းရေးပြလို့ကောင်းတဲ့ ဇာတ်ကားမျိုးတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဇာတ်လမ်းဇာတ်ကွက် plot ပိုင်းကိုဦးစားပေးတည်ဆောက်ထားတဲ့ ရုပ်ရှင်မျိုးမဟုတ်လို့ပါပဲ။ Reality Show တစ်ခု၊ ပြဇာတ်တစ်ခုကို အဓိကမူတည်တင်ဆက်ပြီးမှ drama ရောမွှေထားတဲ့ ရုပ်ရှင်ကားမျိုးဖြစ်ပါတယ်။ဇာတ်ကောင်တွေရဲ့ နောက်ခံအကြောင်းအရာတွေကိုလည်း အဓိကအသားကိုပံ့ပိုးပေးတဲ့ ဟင်းခတ်အမယ်တွေကို တို့ကနန်းဆိတ်ကနန်း ဖြူးထည့်ထားတဲ့ ဟင်းတစ်ခွက်လို အစီအစဥ်တကျမဟုတ်ဘဲ အလျဉ်းသင့်သလို တင်ပြထားပါတယ်။ ဒါရိုက်တာအနေနဲ့ သူတင်ပြချင်တဲ့ အကြောင်းအရာနဲ့ ပေးချင်တဲ့သင်ခန်းစာ၊ သတင်းစကားကို သူ့စိတ်ထဲရှိသလို တင်ဆက်ထားတာဖြစ်လို့ ကြည့်ရှုသူအနေနဲ့တော့ သဘောတွေ့ချင်မှ တွေ့ပါလိမ့်မယ်။သူအဓိကပြောချင်တဲ့ ဟန်ဂေရီက လူမျိုးရေးခွဲခြားမှု (အထူးသဖြင့် ဂျစ်ပစီ) လူမျိုးများရဲ့ ခံစားချက်တွေ၊ ကြေကွဲစရာအဖြစ်တွေနဲ့ နစ်နာမှုတွေကို ပြဇာတ်အသွင်ပြောင်းပြီး တင်ဆက်ထားတာဖြစ်လို့ တမူထူးခြားတဲ့ ရသမျိုးခံစားရမှာပါ။ ဒီဇာတ်ကားကိုကြည့်ပြီး လူမျိုးရေးခွဲခြားမှုဆိုတာ တစ်ကမ္ဘာလုံးအနှံ့ ဘယ်နေရာမဆိုရှိနေနိုင်တဲ့ အယူဝါဒတစ်ခုဖြစ်တယ်ဆိုတာ သဘောပေါက်လာနိုင်မှာဖြစ်ပါတယ်။ လူမျိုးတစ်မျိုးဟာ မိမိကိုယ်ကိုအရမ်းမြင့်မြတ်တယ်၊ တော်တယ်လို့ ထင်နေခြင်းဟာ ...
movie

Háromezer számozott darab(Three Thousand Numbered Pieces) (2022)

Az almafa virága (2023)
Az almafa virága (2023)  ဆောင်ဂ်ဟ ဆိုတဲ့ကောင်မလေးဟာ ဗီယက်နမ်နိုင်ငံကနေ ဟန်ဂေရီကိုတကူးတကရောက်လာပါတယ်။ သူ့အဘွားဟာ ဗီယက်နမ်လူမျိုးဖြစ်ပေမယ့်ထိုစဉ်ကကွန်မြူနစ်နိုင်ငံချင်း ပံ့ပိုးမှုအစီအစဉ်အရ ဟန်ဂေရီမှာ ကျောင်းတက်ခဲ့ရပြီးအဘိုးဖြစ်သူ ဟန်ဂေရီလူမျိုးနဲ့ ချစ်ကြိုးသွယ်ခဲ့ပေမယ့် အဆက်အသွယ်ပြတ်သွားတာကြောင့် ပါ။ သူ့အဘိုးကို တွေ့ချင်လို့ လိုက်လာပေမယ့် အခုမှရောက်ဖူးလို့အိုးတိုးအမ်းတမ်းဖြစ်နေချိန်မှာ ဗစ်တာဆိုတဲ့ သူနဲ့ရွယ်တူ ဟန်ဂေရီသားတစ်ယောက်ကလာမိတ်ဆက်ပြီး သူ့ကိုကူညီပေးပါတယ်။ ထိုဗစ်တာကပဲ သူ့အဘိုးကို လိုက်ရှာတဲ့တချိန်လုံးမှာ သူ့ကို အစွမ်းကုန်ကူညီပေးပါတော့တယ်။ဒီလိုနဲ့ သံယောဇဉ်တွေဖြစ်လာပေမယ့်လည်း သူမမှာ စေ့စပ်ထားပြီးသားသူရှိနေတဲ့ကိစ္စဟာ ပထမပိုင်း၊ဇာတ်သိမ်းခန်းလို အတားအဆီးကြီးဖြစ်နေပါတယ်။သူ့အဘိုးနဲ့အဘွားရဲ့ ချစ်ဇာတ်လမ်းမှာ မဖြောင့်ဖြူးတာတွေတွေ့ရှိလာပြီးနောက်မှာဆောင်ဂ်ဟရော သူ့အချစ်ရေး ကို ဘယ်လိုဆုံးဖြတ်ဖို့ ဖြစ်လာနိုင်မလဲ…။ဗီယက်နမ်နဲ့ ဟန်ဂေရီ သရုပ်ဆောင်တွေ တွဲဖက်ရိုက်ကူးထားတဲ့ ဆွတ်ပျံ့ကြည်နူးစရာ၊ရင်သပ်လွမ်းမော စရာ အချစ်ကားလေးဖြစ်ပါတယ်။ဆောင်ဂ်ဟရဲ့ အဘိုးနဲ့ အဘွား ဘာလို့ကွဲသွားတာလဲ၊ ကွန်မြူနစ်စနစ်ဆိုးကြီးကသူတို့တွေရဲ့ အချစ်ရေးအပေါ် ဘယ်လိုသက်ရောက်ခဲ့ပါလဲ.ဆောင်ဂ်ဟကိုယ်တိုင်ရဲ့အချစ်ရေးကတော့ ကံဆိုးမှာလား ကံကောင်းမှာလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ ရှုစားလိုက်ပါခင်ဗျာ။  File size…2.06 GB / 1.06 GB Quality…WEB-Rip 1080p 5.1 ...
movie

Az almafa virága (2023)