Channel Myanmar

Andre B. Blake

Righteous Kill (2008) 6.0
Righteous Kill (2008)    IMDB 6/10 ရရှိထားပြီး Al Pacino (The Godfather)နဲ့ Robert De Niro (Midnight Run) ဆိုတဲ့ မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ Crime/Drama/Action အမျိုးအစား ကားလေးဖြစ်ပါတယ်။နယူးယော့ခ်ရဲဌာနက ဝါရင့်စုံထောက်ကြီးနှစ်ယောက်က အလုပ်လုပ်ရာမှာ တွဲဖက်ညီလှပြီး လုပ်သက်လည်းကြာမြင့်လှပြီဖြစ်လို့ အမှုလိုက်ရမှာ ကျွမ်းကျင်လှတဲ့သူနှစ်ဦးဖြစ်ပါတယ်။တစ်နေ့မှာတော့ မူးယစ်ဆေးအမှုတစ်ခုကို လိုက်ရင်း သံသယတရားခံကို စိတ်မထိန်းနိုင်ဘဲ ကိုယ်ထိလက်ရောက် ကန်ကျောက်မိရာကနေ သေနတ်ကိုင်ဖို့ သင့်မသင့် စိတ်ရောဂါကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရတဲ့အဆင့် ရောက်သွားပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ကွင်းဆက်လူသတ်မှုလို့ ယူဆရတဲ့ အမှုတွေ ပေါ်လာခဲ့တာမို့ တခြား လူငယ်စုံထောက်လေးနှစ်ယောက်နဲ့ အပြိုင် အမှုလိုက်ဖို့ဖြစ်လာတာ့တာပေါ့လေ။တခြားအမှုတွေနဲ့ မတူဘဲ ဒီကွင်းဆက်လူသတ်မှုရဲ့ ထူးခြားချက်ကတော့ တရားခံက လူသတ်ပြီးတိုင်း ကဗျာတစ်ပုဒ်ချန်သွားလေ့ရှိပြီး အသတ်ခံရသူတိုင်းကလည်း တရားဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး လွတ်သွားတဲ့ မကောင်းတဲ့ကောင်တွေဖြစ်နေတာပါပဲ။ ထူးခြားတဲ့ကွင်းဆက်လူသတ်မှုတွေကို ကြိုးစားစုံစမ်းကြရင်း အမှုကရုပ်လုံးပေါ်လာချိန်မှာတော့...တရားခံဘယ်သူလဲ.. ဘာလို့သတ်တာလဲ.. တရားခံကိုရော ...
movie

Righteous Kill (2008)

Stepmom(1998) 6.9
Stepmom(1998) Stepmom(1998)**************ကျွန်တော်တို့တွေ ကြားဖူးနေကျ မိထွေဇာတ်လမ်းတိုင်းလိုလိုမှာ သားသမီးဖြစ်သူနေရာကဝင်ခံစားပြီး မိထွေးဖြစ်သူကို အဆိုးမြင်ခဲ့တာတွေများပါတယ်။ဒါပေမဲ့ ကိုယ့်သားသမီးလည်းမဟုတ်တဲ့ကလေးတွေကို မိခင်တာဝန်ချက်ချင်းယူလိုက်ရတဲ့ မိထွေးနေရာကနေတစ်ချက်ဝင်ခံစားကြည့်မယ်ဆိုရင်လည်း သိပ်လွယ်ကူတဲ့ကိစ္စမဟုတ်ဘူးဗျ။ကလေးတွေရဲ့ငြိုငြင်မှုတွေ မိခင်အရင်ဖြစ်သူရဲ့ အမြင်မကြည်မှုတွေစတဲ့ အခက်အခဲတွေကို ရင်ဆိုင်ရတာချည်းပါပဲ။ ဒီဇာတ်ကားမှာလည်း မင်းသမီးကြီး Julia Robertsက Lucyနေရာကနေသရုပ်ဆောင်ပြီး မကြာခင်မှာလက်ထပ်မယ့်ချစ်သူ Lukeရဲ့ ကလေးတွေနဲ့ အတူတူနေနေရပါတယ်။ချစ်သူရပြီးမှ ဝုန်းကနဲ မိခင်တာဝန်ယူလိုက်ရတဲ့ Lucyအတွက်တော့ ကလေးတွေနဲ့ ကီးကိုက်အောင်ကြိုးစားပေမဲ့စေတနာက ဝေဒနာဖြစ်သွားတာချည်းပါပဲ။ ကလေးတွေအတွက်ကျတော့လည်းအမေ့နေရာကို ဘာမဆိုင်ညာမဆိုင်ဝင်မလာတဲ့ အစိမ်းသက်သက်အမျိုးသမီးတစ်ယောက်ကိုဘယ်အမြင်ကြည်ပါ့မလဲ။ ဒါ့အပြင် ကျောင်းကြိုဖို့နောက်ကျနေတာတွေဟင်းကောင်းကောင်းမချက်တတ်တာတွေကြောင့် Lucyအတွက်တော့ ကလေးတွေနဲ့အဆင်ပြေနိုင်ဖို့ ဝေလာဝေးပါပဲ။ ဒါပေမဲ့ Lucyကတော့ ဒါကိုစိန်ခေါ်မှုတစ်ရပ်အနေနဲ့ကလေးတွေနဲ့ အဆင်ပြေပြေဖြစ်ဖို့ ကြိုးစားချင်နေဆဲပါ။ Lucyနဲ့ကလေးတွေအကြားဘာတွေဆက်ဖြစ်မလဲ ကလေးတွေရဲ့အမေအရင်းနဲ့ရော ဘယ်လိုပြဿနာတွေကြုံရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ဗျာ။File Size :(1.9GB) and (823MB) Quality : BLU-RAY 1080P, 720p Format…mp4 Duration…02:05:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Stepmom(1998)

Philadelphia(1993) 7.7
Philadelphia(1993) Philadelphia (1993) PG-13 | 125 min | Drama IMDB ----- 7.7 ⭐⭐⭐⭐⭐⭐⭐⭐ Rotten Tomatoes ----- 79% ကာလအားဖြင့်တော့ ၁၉၉၀ ဝန်းကျင်  AIDSအကြောင်း လူတွေ သိပ်မသိသေးတဲ့အချိန်မှာပါ။လူတွေဟာ သူတို့ နားမလည်တာကို ကြောက်ရွံ့ တက်ကြတယ်။ AIDSကို ရောဂါဆိုးကြီးလို့ပဲ သိပြီး ဂဃနဏ မသိကြသေးတဲ့အချိန်မှာ ဒီရောဂါသည်ကို ဘယ်လို ဆက်ဆံခဲ့ကြလဲ ပြသ သွားခဲ့တဲ့ ထိုခေတ် ထိုအခါက AIDS ပညာပေး ပထမဆုံးရုပ်ရှင်ပါ။ဒီ ရုပ်ရှင်ဟာ ဟောလိဝုဒ် Mainstreamရဲ့ AlDS နဲ့ ပက်သက်တဲ့ ပထမဆုံး  Big Budget ရုပ်ရှင်လည်း ဟုတ်ပါတယ်။ Goffrey Bowersဆိုတဲ့ ရှေ့နေ့တစ်ယောက်ရဲ့  အဖြစ်အပျက်ကို Inspiration လုပ်ထားတာမို့ ဖြစ်ရပ်မှန်ကို ကျောရိုးယူပြီး တင်ပြထားတဲ့ ကားတစ်ကားလည်း ဖြစ်ပါတယ်တဲ့။ဒီ အဖြစ်အပျက်ကလေးကတော့ Philadelphia ဆိုတဲ့ မြို့ကလေးက အရည်အချင်းရှိတဲ့ Andrew Beckett ဆိုတဲ့ စီနီယာရှေ့နေ တစ်ယောက်ဟာ ပေါ်ဦးစ AIDS ရောဂါ ကူးစက်ခံခဲ့ရပါတယ်။ အလုပ်အတွက်စိုးရိမ်လို့ ထုတ်မပြောခဲ့ပေမဲ့ သိပ်မကြာခင် နဖူးက ...
movie

Philadelphia(1993)

1993
Spider-Man 3 (2007) 6.2
Spider-Man 3 (2007) ပထမဆုံး စပိုက်ဒါမန်း ဇာတ်လမ်းရဲ့ 2007 မှာထွက်ရှိခဲ့တဲ့ သုံးကားမြောက်ဇာတ်ကားဖြစ်သလို..သုံးကားထဲမှာအကောင်းဆုံးနဲ့နောက်ဆုံးကားလို့ပြောရမှာဖြစ်ပါတယ်..ဇာတ်လမ်းအညွှန်းကိုတော့မပေးတော့ဘူးနော်...အရင် ကား ၂ ကားလည်း တင်ပြီးသားမို့ ဒီဇာတ်ကားကိုသာဆက်လက်ကြည့်ရှုကြပါ...မင်သား Tobey Maguire ရဲ့ အော်ရဂျင်နယ် Spider Man ဇာတ်ကားတွေကို DS4K 1080p BluRay Quality နဲ့တင်ဆက်လိုက်ပါတယ်...1080p ဆိုပေမယ့် 4K ရုပ်ထွက်ထက် ပိုကောင်းတဲ့ Regrade Version မို့ DS4K Version ကိုသာ တင်ဆက်လိုက်ပါတယ်။ဘာသာပြန်လိုအပ်ချက်တွေရော သတ်ပုံတွေရော တတ်နိုင်သမျှပြန်ပြင်ထားတာမို့ အခု Version ကို ပြန်ဒေါင်းသိမ်းသင့်ပါတယ်။ File size…(2.8 GB)/(1.1 GB) Quality….BluRay DS4K HEVC 1080p / 720p Format…mkv/mp4 Duration….02:19:10 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo
movie

Spider-Man 3 (2007)

The Miseducation of Cameron Post (2018) 7.1
The Miseducation of Cameron Post (2018) ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ "The Miseducation of Cameron Post"ဆိုတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်အညွှန်း-အချိန်က 1993 ခုနှစ်....လိင်တူစိတ်ဝင်စားသူတွေကို ပတ်ဝန်းကျင်က လက်မခံကြသေးတဲ့အချိန်...လိင်တူစိတ်ဝင်စားသူတွေကို ဆန့်ကျင်ဘက်လိင်စိတ်ဝင်စားသူဖြစ်အောင် လေ့ကျင့်ပြောင်းလဲပေးနိုင်တယ်ဆိုတဲ့ ဂေါ့ပရော့မစ်ကျောင်း...ဒီကျောင်းက မိန်းမလျှာ ရစ်ဆိုတဲ့ အမျိုးသားကို တကယ့်ယောကျာ်းအစစ်အဖြစ် ပြောင်းလဲပေးလိုက်တယ်ဆိုပြီးနာမည်ရထားတဲ့ ကျောင်းတစ်ကျောင်း...ဘယ်လိုပြောင်းလဲပေးတာလဲ...ခရစ်ယာန်ဘာသာကို ယုံကြည်သက်ဝင်ပြီး ဘုရားသခင်ကို ယုံကြည်ရင် နဂိုပုံမှန် ဘဝကိုပြန်ရမယ်ဆိုပြီး ယုံကြည်ထားတဲ့ ကျောင်းပါ...တစ်နေ့ ဒီကျောင်းကို ယောကျာ်းလျှာ ကောင်မလေး ကမ်မရွန်ရောက်လာခဲ့တယ်...ကမ်မရွန်ရောက်တဲ့အချိန်မှာတော့ ဒီကျောင်းက ကျောင်းသားတွေကို ပုံစံပြောင်းလဲအောင် ဘယ်လိုလေ့ကျင့်ပေးနေလဲ သူသိခဲ့ပါတယ်....ကောင်းတဲ့ လေ့ကျင့်ပေးခြင်းလား...မကောင်းတဲ့လေ့ကျင့်ပေးခြင်းလား....တကယ်ကော ဒီကျောင်းက Homo ကို Heterosexual ဖြစ်အောင်ပြောင်းလဲပေးနိုင်လို့လားစတာတွေကို စိတ်ဝင်တစားကြည့်ရှုရမှာပါ... (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်သူကတော့ May Haruko ပါ) File Size : (750 MB) and (350 MB) Quality : WEB-DL ...
movie


2018