Channel Myanmar

Andrea Johnson

Kick Me (2022)
Kick Me (2022) စေတနာက ဝေဒနာဖြစ်ဆိုတဲ့စကားလိုပါပဲ။ ဒီဇာတ်လမ်းလေးကရော စောက်ရမ်းခွီရမှာဖြစ်ပြီး အူတက်အောင် ရယ်ရမယ့်ကားလေးပါ။ ၂၀၂၃ ထဲမှာပဲ ထွက်ထားတာမလို့ ခွီချင်ရင် ဒီကားလေးကိုကြည့်စေချင်ပါတယ်။ ဒါရိုက်တာ Gary Huggins က ရိုက်ကူးထားပြီးတော့ ပေါ့ပေါ့ပါးပါးကြည့်ပျော်တဲ့ကားဆိုရင်လည်း မမှားပါဘူး။ဇာတ်လမ်းအကျဉ်းဆန်တီယေဂိုဗားစ်ကွာ့ဇ်ဟာ ကျောင်းလေးတစ်ကျောင်းမှာ စေတနာအရင်းခံပြီး စိတ်အားထက်သန်စွာ အလုပ်လုပ်ကိုင်နေတဲ့ကျောင်းသားအတိုင်ပင်ခံ ဆရာတစ်ယောက်ဖြစ်ပါတယ်။ သူဟာ လူသာဆိုတဲ့ ဉာဏ်ကောင်းပေမယ့် ဆိုးမိုက်နေတဲ့ကောင်လေးကို ကျောင်းမှာ အတန်းပညာတတ်အောင်သင်ယူဖို့ ချော့ထားပြီး ကျောင်းကိုလည်း လူသာလိမ္မာအောင် ဆုံးမပေးမည်ဖြစ်ကြောင်းအာမခံထားပါတယ်။တနေ့မှာတော့ လူသာဟာ ကန်းဆက်မြို့မှာရှိတဲ့ ကရာတေးကျောင်းကို လိုက်ကူပေးဖို့ ဆန်တီယေဂိုကို အပူကပ်ပါတော့တယ်။ ဆန်တီယေဂိုကလည်း အဲဒီနေ့မှာ သမီးလေး ဖျော်ဖြေတင်ဆက်မှုရှိတဲ့အတွက် မလိုက်ဖို့ငြင်းပေမယ့် အတင်းခေါ်နေတာနဲ့ လိုက်ကူလိုက်ပါတော့တယ်။ ကန်းဆက်လည်း ရောက်ရော လူသာဟာ ကရာတေးသင်တန်းကို လာတာမဟုတ်ဘဲ ဂိုဏ်းတစ်ခုနဲ့ ငွေကြေးကိစ္စ ညှိနေမှန်းသိလိုက်ရပြီး သူ့ကိုပါ လာအမှုပတ်ပါတော့တယ်။ဒီအချိန်မှာ သူ့ခမျာ ဒီကောင်တွေလက်ထဲက ဘယ်လိုလွတ်အောင်ပြေးမလဲ၊ လူသာကရော ...
movie

Kick Me (2022)

The Old Oak (2023) 7.2
The Old Oak (2023) The Old Oak (2023) =============== IMDb Rating - 7.2/10The Old Oak ရုပ်ရှင်ကတော့ ဒရာမာကားလေးပါပဲ။ ဖြည်းဖြည်းလေးနဲ့ နင့်နင့်လေးခံစားရတဲ့ကားလေးပါ။ ဆုတွေလည်း တစ်သီကြီး ရယူထားတဲ့ ကားလေးဖြစ်တာကြောင့် ဇာတ်ကားကောင်းတစ်ခုဆိုတာ ပြောစရာတောင် မလိုပါဘူး။ဇာတ်လမ်းကတော့ အဂ်လန်အရှေ့မြောက်ဘက်ပိုင်းက ရွာလေးတစ်ရွာဟာ အရင်တုန်းက လုပ်ထားတဲ့ သတ္တုတွင်းမိုင်းလုပ်ငန်းတွေပိတ်လိုက်တဲ့အချိန်မှာ လူသူကင်းမဲ့လာပြီး မတက်မကြွဖြစ်နေခဲ့ပါတယ်။ ဒီအခြေအနေကို မကြိုက် ကြတဲ့သူတွေကလည်း ဒါကို ပြင်ဆင်ဖို့ကြိုးစားကြပေမယ့် ဘာမှမလုပ်နိုင်ကြ လို့ သူတို့ကိုယ်သူတို့စိတ်ပျက်နေကြတာပါ။ ဒီလိုအခြေအနေမှာ ဆီးရီယား နိုင်ငံရဲ့စစ်ဘေးသင့်ပြည်သူအချို့ဟာ ဒီရွာလေးမှာ ခိုလှုံဖို့ရောက်လာခဲ့ပါတယ်။အဲဒီအထဲမှာ ယာရာဆိုတဲ့အမျိုးသမီးလေးဟာ သူ့ပတ်ဝန်းကျင်ကို အမြဲတမ်း ကူညီလိုစိတ်ရှိတာကြောင့် ဒီရွာရဲ့ အခြေအနေဆိုးကို ကူညီဖို့ကြိုးစားရင်းက ဒီရွာမှာ ရှိနေကြတဲ့သူတွေနဲ့ ရင်းနှီးလာခဲ့ပါတယ်။ နိုင်ငံမတူ ၊ လူမျိုးမတူ ၊ ကိုး ကွယ်ရာမတူကြတဲ့သူတွေရဲ့ ထိတွေ့မှုကနေ ပြသနာတွေလည်း အများကြီးထွက် လာတာမို့ ဒီပြသနာကို ရင်ဆိုင်ဖြေရှင်းရင်း ဒီပတ်ဝန်းကျင်ကို ဘယ်လိုပြောင်း လဲနိုင်လိုက်သလဲဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာပါ။ IMDb Rating 7.2 ရရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားလေးပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File ...
movie

The Old Oak (2023)

2023