Channel Myanmar

Andrea Zirio

Lost in Florence (2017) 5.1
Lost in Florence (2017) Lost in Florence (2017) =================လူတိုင်းလိုလိုရဲ့ဘဝမှာ ကိုယ်ဖြစ်ချင်၊ လုပ်ချင်တဲ့အရာနဲ့ အများပတ်ဝန်းကျင်က လက်ခံထားကြတဲ့ ဖြစ်သင့်လုပ်သင့်တယ်ဆိုတဲ့အရာကြားမှာ ဘာရွေးချယ်ရမှန်း မသိဘဲ လမ်းပျောက်တွေဝေနေတာမျိုးရှိဖူးကြမှာပါ။ ဒီကားထဲက အဓိကဇာတ် ဆောင်ဖြစ်သူ အဲရစ်ခ်ဆိုတဲ့ အမေရိကန်သားလေးဟာလည်း ဒီလိုမျိုးပဲဖြစ်နေ တာကိုတွေ့ရမှာပါ။ဇာတ်လမ်းအစမှာဆိုရင် သူနဲ့နှစ်လကြာရှည်တွဲလာခဲ့တဲ့ ကောင်မလေးဖြစ်သူ ကော် လင်းတို့ဟာ အဲရစ်ခ်ရဲ့ဝမ်းကွဲရှိတဲ့ အီတလီနိုင်ငံရဲ့ ဖလောရန့်စ်မြို့ကို အလည်လာခဲ့ ကြပါတယ်။ အဲဒီမှာ အဲရစ်ခ်တစ်ယောက် ကော်လင်းကိုရိုဆန်ဆန်လေး လက်ထပ်ခွင့် တောင်းခဲ့ပေမယ့်လို့ ကော်လင်းက အဲရစ်ခ်ဟာ ဖြစ်သင့်တဲ့ ဥပဒေကျောင်းကိုတက်ဖို့ မလုပ်ဘဲ၊ မဖြစ်သင့် မဖြစ်လာနိုင်တဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးကစားတဲ့ အိပ်မက် နောက်ကိုပဲလိုက်နေတာကြောင့်အနာဂတ်အလားအလာမရှိဘူးဆိုပြီးလမ်းခွဲလိုက် ပါတယ်။ အဲဒီနောက်မှာတော့ အဲရစ်ခ်ဟာ အသည်းကွဲသမားလေးဖြစ်နေပြီးတော့ အမေရိကန်မှာရှိတဲ့သူ့အိမ်ကိုပြန်မသွားသေးဘဲ ဖလောရန့်စ်က သူ့ဝမ်းကွဲအိမ်မှာပဲ သောင်တင်နေပါတော့တယ်။ အဲဒီလိုနေရင်းနဲ့ သိပ်မကြာခင်မှာပဲ ဖလောရန့်စ်ရဲ့ရိုးရာ ကစားနည်းတစ်ခုဖြစ်တဲ့ ကာချီယိုစတိုရီကိုဆိုတဲ့ ဘောလုံးကစားနည်းတစ်ခုကို ဆော့ ကစားဖြစ်သွားပြီး အဲရစ်ခ်တစ်ယောက်သဘောကျသွားမိပါတယ်။ဒါပေမယ့်လည်း ဒီကစားနည်းဟာ ခက်ခဲကြမ်းတမ်းလှသလို အီတလီလူမျိုးတွေမှပဲ ဆော့ခွင့်ရတယ်ဆိုတဲ့အားကစားနည်းတစ်ခုဖြစ်နေတော့ အဲရစ်ခ်တစ်ယောက်ဇွဲမ လျှော့ဘဲဆက်ဆော့ကစားနိုင်ပါ့မလား၊ ဒါမှမဟုတ် ဒီလိုမျိုးသူဖြစ်ချင်၊ လုပ်ချင်တဲ့ ဟာတွေထက် ဖြစ်သင့်ဖြစ်ထိုက်တယ်ဆိုတဲ့ ဥပဒေကျောင်းကိုပဲဆက်တက်သွားမလား။ သူ့ကောင်မလေးကြောင့်ရလာတဲ့ အသည်းကွဲဒဏ်ရာတွေကိုရော ဘယ်လိုကုစားမလဲ၊ ကိုယ့်မွေးရပ်မြေမဟုတ်တဲ့ အီတလီမှာရော ဘယ်လိုတွေရှေ့ဆက်သွားမလဲဆိုတာ ကိုတော့ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie

Lost in Florence (2017)

2017
The Match (2021) 5.9
The Match (2021) The Match (2021) ====================1944 ခုနှစ် နွေဦးကာလမှာ ထောင်စခန်းက အကျဉ်းသားတွေနဲ့ နာဇီလက်ရွေးစင်အသင်းတို့ ဘောလုံးပြိုင်ခဲ့တဲ့ ဖြစ်ရပ်မှန် အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းကဘယ်လိုလဲဆိုရင် ဘရန်ကို ဆိုတဲ့ အဘိုးကြီးတစ်ယောက်က သူငယ်ငယ်က ဆုံခဲ့ဖူးတဲ့ လက်စ်ဇလို ဆိုတဲ့ နာမည်ကြီး ဟန်ဂေရီ ဘောလုံး သမား အကြောင်းကို သူ့မြေးလေးကို ပြောပြနေတဲ့ narrative ဆန်ဆန်ပုံစံ လေးပေါ့။ လက်စ်ဇလိုက နာဇီတွေကို ဘောပွဲတစ်ပွဲမှာ အနိုင်ပိုင်းခဲ့ဖူးတော့ နာဇီတွေက သူ့ကိုတင်းနေတာ၊ အဲတာနဲ့ ညနေခင်းတစ်ခုမှာ နာဇီတွေက သူရောက်နေတဲ့ ‌စားသောက်ဆိုင်ရောက်လာပြီး သူတို့ သိက္ခာပြန်ဆယ်ဖို့အတွက် အလောင်းကစားလုပ်ဖို့ပြောတယ်။ ဇာတ်လိုက်မင်းသားကလည်း ခပ်မာမာနဲ့ ငြင်းလွှတ်လိုက်တော့ သူ့ကို နာဇီတွေက သူ့တို့စခန်းထဲဖမ်းခေါ်သွားရော နောက်‌ကျတော့ ဗိုလ်မှူးတစ်ယောက်က သူနဲ့ နာဇီတွေနဲ့ ဘောလုံးထပ်ကန်ခိုင်း ဖို့အတွက် အပေးအယူတစ်ခုလုပ်လိုက်ပြီး၊ အဲဲဒီနောက် လက်စ်ဇလိုက စခန်းတွေမှာ လူတွေလိုက်စု အပြင်းအထန်လေ့ကျင့်ပြီး နာဇီတွေကိုထပ်ပြီး အနိုင်ပိုင်းနိုင်မလား ဆိုတာကိုတော့ အဘိုးဘရန်ကို ရဲ့ မြေးလေးနဲ့အတူ ဆက်လက်နားထောင်ပေးလိုက် ပါဦးခင်ဗျ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ...
movie

The Match (2021)

Dog (2022) 6.7
Dog (2022) ဘရစ် ဆိုတဲ့ အမေရိကန်လေထီးတပ်သားဟောင်းတစ်ယောက်ဟာ ဦးနှောက်ထိခိုက်ဒဏ်ရာကြောင့် စစ်တပ်က အငြိမ်းစားယူလိုက်ရပါတယ်။ ပြီးတော့ လုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်ပြန်လျှောက်ချင်ပေမဲ့ ဆေးမှတ်တမ်းတွေကြောင့် အလုပ်မရနိုင်ဖြစ်နေတယ်။ သူအရမ်းလိုချင်တဲ့အလုပ်ကိုရဖို့ သူ့ရဲ့ ဗိုလ်ကြီးဆီက ထောက်ခံချက်လိုနေတယ်။ ဒီတော့ သူ့ရဲ့ ကပ္ပတိန်ဆီကို အကူအညီသွားတောင်းချိန်မှာ သူ့ကို အပေးအယူအနေနဲ့အကူအညီတစ်ခုပြန်တောင်းခံလိုက်ရတယ်။ ဒါကတော့ သူနဲ့အတူ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ခွေးမလေး လူလူ အတွက်ပါပဲ။ လူလူရဲ့ခွေးထိန်း ရိုင်လီဟာ သူ့ကိုယ်သူ သတ်သေသွားခဲ့တာမို့ သူ့ရဲ့ ဈာပနမှာ ရိုင်လီရဲ့မိသားစုတွေက ခွေးမလေး လူလူကို ရှိစေချင်ကြတယ်။ ဒါပေမဲ့ လူလူကလည်း အခြားခွေးထိန်းတွေ ရဲဘော်တွေကို အပြင်းအထန်ဒဏ်ရာရအောင် ကိုက်ခဲ့ တိုက်ခိုက်ခဲ့တာမို့ တိရစ္ဆာန်ဆရာဝန်တွေက ကုမတဲ့ စိတ်ဒဏ်ရာအဆင့်သတ်မှတ်ပြီး ဈာပနအပြီးမှ ဆေးထိုးသတ်ဖို့ ဆုံးဖြတ်လိုက်ရပါတော့တယ်။ ဘရစ်ရဲ့တာဝန်ကတော့ နိုင်ငံတစ်ဝက်လောက်ကိုဖြတ်ပြီး အရမ်းကြမ်းတမ်းနေတဲ့ လူလူကို ကားနဲ့တင်ပြီး ဈာပနကိုအပို့၊ အပြင်မှာ လူလူသေရမယ့် စခန်းကို ပို့ရမှာပဲ ...
movie

Dog (2022)