Channel Myanmar

Andrés Almeida

The Three Wise Kings vs. Santa (2022) 5.2
The Three Wise Kings vs. Santa (2022) The Three Wise Kings vs. Santa (2022) ============================ခရစ္စမတ်လို့အသံကြားလိုက်တာနဲ့ ဆန်တာကလော့စ်ကိုပဲ ပြေးမြင်မိကြမှာပါ။ ဒီဇာတ်ကားထဲမှာတော့ ဆန်တာကလော့စ်မဟုတ်ဘဲ The Three Kings ဆိုတဲ့ ဘုရင်သုံးပါးအကြောင်းကို အဓိကထားထားတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ ဆန်တာကလော့စ်နဲ့ ဘုရင်သုံးပါးက မတည့်ကြပါဘူးတဲ့။ ဘုရင်သုံးပါးက ဆန် တာကလော့စ်ကို မနာလိုဖြစ်နေကြတာပါ။ဘာလို့ဆို ခရစ္စမတ်ဆိုရင် ဆန်တာကလော့စ်ကိုပဲ အရင်ပြေးမြင်ကြတာကိုး။ ဆန်တာကလော့စ်ကလည်း ကိုယ့်ဘာသာမနေဘဲ သူတို့ကိုသွားသွားစပါတယ်။ ခပ်ပျော်ပျော်ပဲနေတဲ့ ဆန်တာကရော ဘုရင်သုံးပါးကို ဘာများမနာလိုရတာလဲ။ နွားကွဲရင် ကျားဆွဲတယ်ဆိုတဲ့စကားအတိုင်း သူတို့တွေရဲ့ရန်ပွဲကြောင့် နိုးထလာတဲ့ မကောင်းဆိုးဝါးကို သူတို့တွေဘယ်လိုအနိုင်ယူကြမလဲဆိုတာ ကြည့်ရှုရမှာဖြစ် ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(1.8 GB) / (720 MB) / (495 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 46Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Comedy Translator.......EL Encoder..........Zin Phyo Aung
movie

The Three Wise Kings vs. Santa (2022)

2022
BARDO, False Chronicle of a Handful of Truths (2022) 7.1
BARDO, False Chronicle of a Handful of Truths (2022) BARDO, False Chronicle of a Handful of Truths (2022)~ Directed by Alejandro González Iñárrituဒီကားက မက္ကဆီကန်ဒါရိုက်တာရိုက်တဲ့ မက္ကဆီကန်ကားစစ်စစ် ဘယ်လောက်စစ်လဲဆို ဒီတစ်ကားလုံး မက္ကဆီကန် လူမျိုးရေး၊ ဘာသာရေး၊ သမိုင်း ဒါတွေနဲ့ပဲ အခြေတည်ထားတယ်။ သို့ပေမဲ့လည်း ဒီကားရဲ့နာမည် Bardo ဆိုတဲ့ စကားလုံးက တကယ်ဆို ဗုဒ္ဓဘာသာကပဲလာတဲ့ စကားလုံး။ ပါဠိလိုဆို antarābhava (အန္တရဘဝ) စုတိနဲ့ ပဋိသန္ဓေအကြားက ဘဝပေါ့။ သေခြင်းရယ် တစ်ဖန်ပြန်လည်မွေးဖွားခြင်းရယ်ကြားက ကြားပိုင်းဘဝအကူးအပြောင်းကာလလို့ ပြောကြတယ်။ ဒါပေမဲ့ သူပြတဲ့ပုံစံကတော့ မူရင်းအယူအဆနဲ့ နည်းနည်းတော့ ကွဲလွဲနေမယ်ထင်ပါတယ်။ဒီကားကို စစဖွင့်ချင်းမှာတော့ Alejandro က ခင်ဗျားကို တော်တော်လေး အူကြောင်ကြောင်နိုင်သလို စိတ်ကူးယဉ်ဆန်လွန်းတဲ့ ဇာတ်ဝင်ခန်းတွေကို ဟိုကူးဒီကူးနဲ့ ပြနေလိမ့်မယ်။ အဲဒီလိုပြနေတဲ့အခန်းတွေက စိတ်ကူးယဉ်ဆန်လွန်းပေမဲ့လည်း အမှန်တရားတစ်စိတ်တစ်ဒေသ ...
movie

BARDO, False Chronicle of a Handful of Truths (2022)

2022
[18+] Y Tu Mamá También (2001) 7.7
[18+] Y Tu Mamá También (2001) Y Tu Mamá También (2001)~ IMDb - 7.7/10, Rotten Tomatoes - 92% ~(လိင်ဆက်ဆံခန်းများနှင့် ကြမ်းတမ်းသောစကားများပါဝင်သောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါ)သူငယ်ချင်းတွေကြားမှာ အမှန်တရားတွေ ဝင်လာရင် ဘယ်လိုလုပ်ရမလဲ။ ဘယ်လောက်အတိုင်းအတာထိများ စည်းကျော်မိရင်ရော သူငယ်ချင်းသံယောဇဉ်တွေ ပြတ်တောက်သွားနိုင်သလဲ။Tenoch နဲ့ ဂျုလီယိုတို့ဟာ အတွဲညီညီနဲ့ သိပ်ကို ခင်မင်ရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းကောင်းတွေပါ။ ဒါ့အပြင် သူတို့ရဲ့ရည်းစားတွေဖြစ်တဲ့ကောင်မလေးနှစ်ယောက်ဟာလည်း အကောင်းဆုံးသူငယ်ချင်းတွေ ဖြစ်နေပါသေးတယ်။ ​သူတို့တွေရဲ့ရည်းစားဖြစ်သူ ကောင်မလေးနှစ်ယောက် ဥရောပတစ်ခွင်ကို ခရီးထွက်သွားလို့ ကျန်ခဲ့ရတဲ့ကောင်လေးနှစ်ယောက်ရဲ့ အထက်တန်းကျောင်းပြီးကာစ အားလပ်ရက်အတွင်းမှာဖြစ်ပျက်ခဲ့တဲ့ဇာတ်လမ်းကြောင်းတစ်ခု... ဆေးခြောက်လေးသောက်လိုက်၊ ရေကူးပြိုင်လိုက်နဲ့ သာယာနေတဲ့ကောင်လေးနှစ်ယောက်ဟာ မတော်တဆ မမတစ်ယောက်နဲ့ တွေ့မိတဲ့အခါ...မမဝေဒနာကြောင့် ဖြစ်လာကြမယ့် နောက်ဆက်တွဲတွေ၊ ခိုက်ရန်ဖြစ်ပွားရခြင်းတွေကို ပေါ့ပေါ့ပါးပါး သို့မဟုတ် ခါးသီးတဲ့အမှန်တရားတွေကြောင့် အံ့သြတကြီးကြည့်ရှုနေရမှာ အသေအချာ...မမတစ်ယောက်နဲ့ Road-trip တစ်ခု။ Road-trip တစ်ခုနဲ့ မမတစ်ယောက်ကြားမှာ အဝေမတည့်ဖြစ်နေကြတဲ့ကောင်လေးနှစ်ယောက်ရဲ့ ကလေးဆန်မှု၊ ...
movie

[18+] Y Tu Mamá También (2001)

2001