Channel Myanmar

Andrés Castañeda

Un Rabon Con Corazon(2022) 6.5
Un Rabon Con Corazon(2022) Un Rabon Con Corazon(2022) **************************** အလှပဂေးလေးနဲ့ လူ့ဂွစာကြီးပါလို့ ကားနာမည်က အဓိပ္ပါယ်ရပါတယ်... အလှပဂေးလေးဆိုတဲ့အတိုင်း ကိုလံဘီယာမင်းသမီးချော Lina Tejeiroရဲ့အလှအပတွေကိုတစ်ကားလုံးတစ်ဝကြီးမြင်တွေ့ရမှာပါ...။ ရိုးရိုးယဥ်ယဥ်လေးကတစ်နည်း ဆွဲဆောင်မှုပြင်းပြင်းကတစ်ဖုံနဲ့ကို ခံစားရမှာပါ...။ ဇာတ်လမ်းထဲမှာတော့ သူဟာ အမျိုးသားထု အသုံးတော်ခံရွှေကြာလေးအဖြစ်သရုပ်ဆောင်ထားပြီးဘဝအတွက် ငွေရှာရင်းရုန်းကန်နေရသူပါ...။ တစ်နေ့မှာတော့ သူ့ဆီကို လူတစ်သိုက်က အလုပ်လာကမ်းလှမ်းပါတယ်...။ အလုပ်ကတော့ လူ့ဂွစာကြီးတစ်ယောက်ကိုပြုပြင်ပေးဖို့၊ လူ့ဂွစာကြီးနေထိုင်ရာတိုက်ခန်းကနေထွက်သွားအောင်ဖြားယောင်းပေးဖို့ပါ....။ ဒီလူ့ဂွစာကြီးကဟာ ဘယ်လောက်တောင်ဆိုးလဲဆိုရင် ညကြီးအချိန်မတော်သီချင်းတွေအကျယ်ကြီးဖွင့်လို့ဖွင့်၊ ကားကိုလည်း စည်းမရှိကမ်းမရှိ အပေါက်ဝပိတ်ရပ်လို့ရပ်နဲ့၊ ပြောမကုန်တဲ့ နည်းမျိုးစုံနဲ့ သူ့အိမ်နီးချင်းတွေကို ဒုက္ခမျိုးစုံပေးသူပါ....။ ကြာတော့ အိမ်နီးချင်းတွေက မခံနိုင်ဖြစ်လာပြီး ရွှေကြာလေးကို ငှားကာ လူ့ဂွစာကြီးကိုနှင်ချဖို့ကြံပါတယ်....။ ဒီတော့ အလှပဂေးလေးနဲ့ လူ့ဂွစာကြီးဇာတ်လမ်းက ဘယ်လိုဖြစ်သွားမလဲဆိုတာကိုမင်းသမီးကြည့်ရရုံနဲ့တန်တဲ့ ဒီSpanish Comedy Movieလေးထဲမှာကြည့်ရှုလို့ရပါပြီ။File size… 1.5GB& 777MB Quality… WEB-DL1080P, 720p Format…mp4 Duration….1h 30min Genre …..  Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder…. Themes Translated by Phyo Pyae
movie

Un Rabon Con Corazon(2022)

Quicksand (2023)
Quicksand (2023)  လင်မယားနှစ်ယောက် အပျော်ခရီးထွက်ရင်း ခွေးချေးပုံနင်းမိတဲ့ Quicksand ဆိုတဲ့ (2023) ထွက် Thriller movie လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဂျော့ရှ်နဲ့ ဆိုဖီယာဟာ ပြိုလဲခါနီးအိမ်ထောင်ရေးတစ်ခုကို လူသူမသိအောင်ဖုံးဖိရင်း ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့ကို ဆေးပညာဆိုင်ရာညီလာခံတစ်ခုအတွက် ရောက်ရှိလာခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက သူစိမ်းပြင်ပြင်ဖြစ်နေခဲ့ပေမဲ့လည်း အကြောင်းကြောင်းကြောင့် ညီလာခံနေ့မတိုင်ခင်မှာပဲ နှစ်ယောက်သားတောင်တက်ခရီးတစ်ခု အတူတူထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ လက်စ်အယ်ရီနာ့စ်လို့ခေါ်တဲ့ သေမင်းတမန်တောနက်ကြီးထဲရောက်ရှိသွားပြီး Quicksand လို့ခေါ်တဲ့ ရုန်းလေနစ်လေ နွံအိုင်ကြီးထဲကို လင်မယားနှစ်ယောက် ပြုတ်ကျသွားပါတော့တယ်။ နွံအိုင်ထဲရောက်သွားပေမဲ့လည်း ငယ်ငယ်ကဖတ်ဖူးတဲ့ တြိစက္ကဝတ္ထုတွေထဲကလို လူကိုချက်ချင်းဝါးမြိုသွားတာမျိုးတော့ မဟုတ်ပါဘူးဗျ။နွံအိုင်တွေရဲ့ တကယ့်သဘောတရားမှာက သူ့ထဲမှာပါဝင်တဲ့ ဗွက်တွေသဲတွေရေတွေရဲ့ သိပ်သည်းဆက လူထက်ကိုများတာမို့ လူခန္ဓာကိုယ်ရဲ့ ဘော်ဒီဝိတ်အဓိကသက်ရောက်နေတဲ့ ခြေထောက်ပိုင်းပဲနစ်မြုပ်သွားမှာဖြစ်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကတော့ အဆုတ်ထဲကလေတွေကြောင့် ပေါလောပေါ်နေမှာပါ။ ဒါပေမဲ့လည်းအဲဒါကြောင့် လုံးဝအသက်အန္တရာယ်မရှိတာမျိုးမဟုတ်ဘဲ အစာငတ်သေတာတွေ၊ တောရိုင်းတိရစ္ဆာန်တွေရဲ့ရန်တွေလည်း ရှိသေးတာပေါ့နော်။ ဒီလိုနဲ့လင်မယားနှစ်ယောက် တောနက်ထဲက နွံအိုင်ကြီးထဲမှာနစ်နေရင်း ဘယ်လိုအန္တရာယ်တွေ ကြုံလာရမလဲ။ဒါတွေကို ...
movie

Quicksand (2023)