Channel Myanmar

Andres Weiss

A Deadly Invitation (2023) 5.5
A Deadly Invitation (2023)  Glass Onion တို့ Murder Mystery တို့လိုမျိုး ဖိတ်ကြားမှုတစ်ခုကိုခံရပြီးအဲ့ဒီကိုသွားတဲ့အခါမှာ လူသတ်မှုတွေနဲ့ကြုံတွေ့ရပြီး အမှုအခင်းတွေဖြေရှင်းရတဲ့မှုခင်းစုံထောက်ဇာတ်ကားတွေကို အနည်းနဲ့အများတော့ကြည့်ဖူးကြမှာပါ။အခုလည်း အဲ့လိုဇာတ်ကားမျိုးနောက်တစ်ကားဖြစ်တဲ့ A Deadly Invitation ဆိုတဲ့စပိန်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းကတော့ ထွေထွေထူးထူးပြောစရာမလိုဘဲ မဖြေရှင်းရသေးတဲ့ပြစ်မှုတွေကို အသံလွှင့်တင်ဆက်နေတဲ့ အဂါသာဆိုတဲ့ကောင်မလေးတစ်ယောက်ကိုမိတ်ဆက်ထားတာနဲ့ စတင်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။တစ်နေ့မှာတော့သူ့ဆီကို ဖိတ်စာတစ်ခုရောက်လာခဲ့ပြီး သူ့ကိုဖိတ်ကြားတဲ့လူကတော့ တခြားသူမဟုတ်ဘဲသူနဲ့မတွေ့ရတာကြာပြီဖြစ်တဲ့ သူ့အစ်မဖြစ်သူအိုလီဗီယာပဲဖြစ်ပါတယ်။ ဒီလိုနဲ့သူ့အစ်မဆီရောက်သွားပြီး သိပ်မကြာခင်မှာပဲ အိုလီဗီယာကထူးထူးဆန်းဆန်းတွေပြောပါတော့တယ်။အဲ့ဒီညမှာ အိုလီဗီယာသေဆုံးသွားခဲ့ပြီး ကျန်ခဲ့တဲ့ဖိတ်ကြားခံခဲ့ရတဲ့လူတွေလည်း ဒီအမှုကိုဖြေရှင်းလို့မပြီးမချင် းဘယ်မှမသွားရဘဲ ပိတ်မိနေပါတော့တယ်။ဒီလိုနဲ့ ကျန်ရစ်ခဲ့တဲ့ညီမဖြစ်သူ အဂါသာကသူ့အစ်မပြောပြခဲ့တဲ့ သဲလွန်စတွေကိုအသုံးချပြီး သူ့အစ်မဘယ်လိုသေဆုံးခဲ့ရတယ်ဆိုတာကို လိုက်လံစုံစမ်းတာကိုကြည့်ရမဲ့စုံထောက်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.46GB / 767MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 32m Genre ….. Comedy , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

A Deadly Invitation (2023)