Channel Myanmar

Andrew Hsu

Margarita with a Straw (2014) 7.2
Margarita with a Straw (2014) Margarita with a Straw (2014) ===============================imdb 7.2 / 3.9kMargaritaလေးတခွက်ကို ပိုက်လုံးလေးနဲ့ စုပ်ပြီး သောက်တတ်တဲ့ မသန်စွမ်းမိန်းမပျိုလေးရဲ့ ဆယ်ကျော်သက်အရွယ် ဘဝဖြတ်သန်းတဲ့ပုံစံကို ဟာသရော ဒရာမာရော ရသနှစ်မျိုးကို အလှည့်ကျရောစပ်ပြီး ပျော်တလှည့်ဝမ်းနည်းတလှည့်ကြည့်ရှုသွားရမယ့် ဇာတ်လမ်းလေးတပုဒ်ကို တင်ဆက်ပေးချင်ပါတယ်လိုင်လာဆိုတဲ့ မိန်းကလေးဟာ ငယ်စဉ်ကတည်းမသန်စွမ်း မိန်းကလေးတစ်ယောက်ဖြစ်ပြီး မိဘနှစ်ဦးရဲ့အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ဖူးဖူးမှုတ်ခြင်းခံထားရပြီး အနုပညာပိုင်းကိုလဲ ဝါသနာပါလှသူလေးပဲဖြစ်ပါတယ် အရွယ်ရောက်ပြီး သူမ ဆယ်ကျော်သက်အရွယ်ရောက်လာချိန်မှာတော့ တခြာားရွယ်တူတွေလို အချစ်ကို စမ်းသပ်ရူးမိုက်ချင်သူလေးတဦးဖြစ်လာပါတော့တယ်... သူမဟာ တခြားသာမန်လူတွေလိုပဲ အချစ်ကိုခံစားရူးသွပ်နိုင်မှာလား ဒါမှမဟုတ် အချစ်ရေးမှာပဲ ကံခေမှာလားဆိုတာကို ပျော်ရွှင်စရာအခိုက်တန့်လေးတွေ ဝမ်းနည်းစရာအခိုက်တန့်လေးတွေနဲ့အတူ စီးမြောခံစားကြည့်ရှုသွားရမှာပဲဖြစ်ပါတယ် File size…1.03GB Quality…720p WEB DL  Format…mp4 Duration….1h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moment
movie

Margarita with a Straw (2014)

2014
The Assistant (2019) 6.3
The Assistant (2019) ဒီရုပ်ရှင်ကတော့ သဘာဝကျပါတယ်။သဘာဝကျလွန်းလို့ တကယ့်လူတွေရဲ့ အပြင်ဘဝကို ထိုင်ကြည့်နေရသလိုပါပဲ။ဒီရုပ်ရှင်ဟာ လက်ရှိ ကုမ္ပဏီကြီးတွေရဲ့ အလုပ်ခွင် ဖိနှိပ်မှုတွေ၊အနိုင်ကျင့်မှုတွေနဲ့ အမျိုးသားတွေလိင်အမြတ်ထုတ်မှုတွေဟာအပေါ်ယံပဲ ရှုမြင်ခံရပြီး လွတ်မြောက်နေတာကို မီးမောင်းထိုးပြထားတာပါပဲ။ဒါကြောင့် ထူးခြားမှု ဘာမှမရှိဘဲ ဝေဖန်ရေးဆရာတွေ အားပေးမှုကို ရထားပါတယ်။ ဒီရုပ်ရှင်ဟာ ပထမဆုံး အနေနဲ့ Harvey Weinstein ကိုရည်စူးတိုက်ခိုက်တဲ့ ရုပ်ရှင်လို့လည်း လူပြောများနေပါတယ်။Harvey Weinstein ကိစ္စကို ကြားမိတဲ့သူတွေလည်း ကြားမိကြမှာပါ။အမေရိကန်ရဲ့နာမည်ကျော် ရုပ်ရှင်ထုတ်လုပ်သူဖြစ်ပြီးလိင်အမြတ်ထုတ်မှုပေါင်း ၈၀ ကျော်နဲ့တိုင်ချက်ဖွင့်ခံခဲ့ရပါတယ်၊အလုပ်ပြုတ်ပြီး၊ အနုပညာသိပ္ပံအကယ်ဒမီကနေ ထုတ်ပယ်ခံလိုက်ရသူပါ။ဒီရုပ်ရှင်မှာတော့ Julia Garner ကတော့ ရုပ်ရှင်ကုမ္ပဏီရဲ့လက်ထောက်လေး အဖြစ် သရုပ်ဆောင်ထားပါတယ်။သူ့ရဲ့ ဖုန်းတာဝန်ခံဖြေတာတွေ၊ ကော်ဖီဖျော်တာတွေ၊ရုံးကိစ္စ တစ်နေ့တာလေးတွေကိုပြရင်းနဲ့မှအမျိုးသမီးငယ်တွေ အကာအကွယ်မဲ့နေတာ၊ဖိနှိပ်ခံနေရတာကို အားလုံးမြင်အောင် ...
movie

The Assistant (2019)